မြန်မာယူ-၁၉ လက်ရွေးစင် အမျိုးသားဘောလုံးအသင်း ကို ကိုင်တွယ်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ကမ်းလှမ်းမှု ကို နေပြည်တော်အသင်းနည်းပြ ချုပ် ဦးမျိုးလှိုင်ဝင်းက လက်ခံ ထားပြီး ညှိနှိုင်းမှုများ ဆက်လက် ပြုလုပ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ဦးမျိုးလှိုင်ဝင်းအနေဖြင့် နေပြည်တော်အသင်းနှင့် ယူ-၁၉ လက်ရွေးစင်တို့ကို ပူးတွဲတာဝန် ယူဆောင်ရွက်ရန် ဆန္ဒရှိနေသော် လည်း အဖွဲ့ချုပ်က တစ်သင်း တည်းကိုသာ တာဝန်ယူဆောင် ရွက်စေလို၍ ညှိနှိုင်းရမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေး မှူး ဦးသန်းဇော်က ပြောသည်။
‘‘ကိုမျိုးလှိုင်ဝင်းက ယူ-၁၉ အသင်းကို တာဝန်ယူကိုင်တွယ် ဖို့အတွက် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်ထံ အကြောင်း ကြားခဲ့ပါတယ်။ ဒါပေမယ့် ယူ- ၁၉ အသင်းကို ကိုင်မယ်ဆိုရင် နေပြည်တော်က ထွက်ရမယ်။ နေ ပြည်တော်က မထွက်နိုင်ရင်တော့ ယူ-၁၉ အသင်းကို ကိုင်တွယ်ခွင့် ရမှာ မဟုတ်ဘူး။ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကို တင်ပြပြီးမှ စာချုပ်ချုပ်ဖို့အတွက် လုပ်ရမှာ။ စာချုပ်ချုပ်ဖြစ်ရင်တော့ သတင်းထုတ်ပြန်ပေး မှာပါ’’ဟု ဦးသန်းဇော်က ပြောကြားသည်။
‘‘ကိုယ့်ဆန္ဒကတော့ နှစ်သင်းစလုံးကို တာဝန်ယူဖို့ ရှိပါတယ်။ ဒါပေမဲ့ အဖွဲ့ချုပ်နဲ့ သေချာညှိနှိုင်း ပြုလုပ်ရခြင်းမရှိသေးတာကြောင့် ဘာမှ ပြောလို့မရသေးဘူး။ ယူ -၁၉ အသင်းကို တာဝန်ယူဖို့ စိတ်ဝင်စားတယ်လို့ အဖွဲ့ချုပ်ကို အ ကြောင်းကြားထားတယ်’’ဟု ဦး မျိုးလှိုင်ဝင်းက ပြောသည်။
မြန်မာ့လက်ရွေးစင် တိုက် စစ်မှူးဟောင်း ဦးမျိုးလှိုင်ဝင်း သည် ကစားသမားဘ၀မှ အနား ယူပြီးနောက် ရန်ကုန်ယူနိုက်တက် အသင်းနှင့်အတူ နည်းပြဘ၀ကို စတင်ခဲ့ပြီး လက်ရှိ၌ မြန်မာနေ ရှင်နယ်လိဂ်-၂ ကလပ် နေပြည် တော်အသင်း၏ နည်းပြချုပ် တာ ၀န်ထမ်းဆောင်လျက် ရှိသည်။၎င်းသည် အာရှဘောလုံးအဖွဲ့ချုပ် (AFC) အသိအမှတ်ပြု‘ဘီ’ လိုင် စင်ရရှိထားသူဖြစ်သည်။ ထို့ပြင် ၂၀၁၅ အတွင်း ဂျာမနီနိုင်ငံတွင် နည်းပြသင်တန်းကို အဖွဲ့ချုပ်၏ ပံ့ပိုးမှုဖြင့် သွားရောက်သင်ကြား ထားသူလည်းဖြစ်သည်။
မြန်မာ ယူ-၁၉ လက်ရွေး စင်အသင်းကို လက်ရှိတွင် ဖွဲ့ စည်းထားခြင်း မရှိသေးသော် လည်း နည်းပြခန့်အပ်ပြီးပါက နည်းပြစိတ်ကြိုက် ကစားသမား များဖြင့် အသင်းကို ဖွဲ့စည်းသွား မည်ဖြစ်ပြီး ယူ-၁၈ နှင့် ယူ-၁၇ လက်ရွေးစင်အသင်းများမှ က စားသမားများ ပါဝင်လာဖွယ်ရှိ ကြောင်း သတင်းရရှိသည်။
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment