Thursday, March 10, 2016

နယူးကာဆယ်အသင်းနှင့် ဘင်နီတက်ဇ်တို့ ယနေ့တွင် တွေ့ဆုံဆွေးနွေးဖွယ်ရှိကြောင်း Daily Mail သတင်းစာ ဖော်ပြ

နယူးကာဆယ်အသင်းနှင့် ဘင်နီတက်ဇ်တို့ ယနေ့တွင် တွေ့ဆုံဆွေးနွေးဖွယ်ရှိကြောင်း Daily Mail သတင်းစာက ဖော်ပြသည်။

နယူးကာဆယ်အသင်းသည် တန်းဆင်းဇုန်တွင် ရပ်တည်နေပြီး လက်ရှိနည်းပြ မက္ကလာရင်၏ စွမ်းဆောင်ရည်ကို အသင်းတာဝန်ရှိသူများက စိတ်ကုန်ဆုံးခဲ့သဖြင့် ထုတ်ပယ်ရန် ဆုံးဖြတ်ပြီးဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ မက္ကလာရင်၏ နေရာတွင် အစားထိုးခန့်အပ်ရန် စပိန်လူမျိုးနည်းပြ ဘင်နီတက်ဇ်နှင့် ဆွေးနွေးရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ဘင်နီတက်ဇ်သည် ရီးယဲလ်မက်ဒရစ်အသင်း၏ ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်လျက်ရှိပြီး နယူးကာဆယ် နည်းပြရာထူးကို လက်ခံဖွယ်ရှိကြောင်း သိရသည်။

နယူးကာဆယ်နှင့် ဘင်နီတက်ဇ်တို့သည် (၃)နှစ်စာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိပြီဆိုသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

Credit – sport



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment