Sunday, March 27, 2016

အာဆင်နယ်ကစားသမားနှစ်ဦးကိုစိတ်ဝင်စားနေတဲ့လီဗာပူးအသင်း

အာဆင်နယ်အသင်းရဲ့ကစားသမားနှစ်ဦးဖြစ်တဲ့တောင်ပံကစားသမားအောက်စလိတ်ချိန်ဘာလိန်နဲ့ဂိုးသမားဆက်ဇနီတို့ကိုလီဗာပူးအသင်းကစိတ်ဝင်စားမှုတွေပြသလျက်ရှိနေပါတယ်။ Daily Express သတင်းစာရဲ့ဖော်ပြချက်အရ လီဗာပူးအသင်းမန်နေဂျာယာဂန်ကလော့ဟာလာမည့်ရာသီမှာအသင်းကိုပြန်လည်ပြင်ဆင်ဖွဲစည်းသွားဖွယ်၇ှိနေပြီး ချိန်ဘာလိန်နဲ့ဆက်ဇနီတို့ကိုမျက်စိကျလျက်ရှိနေပါတယ်။ ဆက်ဇနီဟာလက်ရှိအချိန်မှာရိုးမားအသင်းမှာတစ်ရာသီအငှါးစာချုပ်နဲ့သွားရောက်ကစားနေပြီး လက်စွမ်းလည်းပြထားနိုင်ပါတယ်။ သို့ပေမယ့်လည်း ပိုလန်လက်ရွေးစင်ဂိုးသမားဟာလာမည့်နွေရာသီမှာတော့အာဆင်နယ်ကိုပြန်လာဖွယ်ရှိနေပါတယ်။ ချိန်ဘာလိန်ဟာဆိုရင်လည်းဒီရာသီအာဆင်နယ်အသင်းမှာဒဏ်ရာတွေနဲ့ရုန်းကန်နေရပြီး ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတာကြောင့် ၀င်းဂါးရဲ့ဦးစားပေးပွဲထွက်စာရင်းနဲ့ဝေးကွာနေရတာဖြစ်ပြီး လာမည့်ရာသီမှာအသင်းပြောင်းဖို့စဉ်းစားဖွယ်ရှိနေပါတယ်။

Credit – sport myanmar







အောင်မြင့်မြတ်(Myanmar Youths)

အထုတ် ခံခဲ့ရတဲ့ ခရက်စ်ပို

အီတလီစီးရီးဘီ ကလပ် မိုဒီနာ အသင်းကို ကိုင် တွယ် နေတဲ့ အေစီမီလန် နဲ့ ချဲလ်ဆီး တိုက် စစ် မှုး ဟောင်း ဟာနန် ခရက်စ်ပို ဟာ ယမန်နေ့က အထုတ် ပယ် ခံခဲ့ရတယ် လို့ သိရပါတယ် ။

ကာဂလီယာလီ အသင်းကို အိမ် ကွင်းမှာ ပွဲချိန် ၉၃ မိနစ် အထိ ၁-၀ နဲ့ အနိုင် ရရှိနေခဲ့ရာက ပွဲအပြီး ( ၉၅ မိနစ် ) မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပရိသတ် တွေ အလွန် အမင်းဒေါသထွက် ခဲ့ကြပါတယ် ။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲကို များပြားတဲ့ ပရိသတ်တွေ ၀င် ရောက် လာခဲ့ကြပြီး အသင်းဥက္ကဌဖြစ် သူ နဲ့ ခရက်စ်ပို ရဲ့ ကိစ္စ ကို မေးမြန်းဖို့ကြိုးစားခဲ့ကြပါတယ် ။

အသင်းဥက္ကဌဖြစ် သူ ဟာ အဆိုပါ သတင်းစာရှင်းလင်းပွဲကို မတက် ရောက် ခဲ့တာကြောင့် ပရိသတ်နဲ့ မ တွေ့ဆုံခဲ့ပေမယ့် ဒီလိုဖြစ် ရပ် အပါ အ၀င် ၃၃ ပွဲမှာ ၁၀ ပွဲသာ နိုင်ပြီး ၁၈ ပွဲ ရှုံးနိမ့်ခဲ့ကာ စီးရီးဘီ တန်းဆင်းဇုန် နဲ့ တမှတ် အကွာအထိ ရောက် ရှိလာတာက နည်းပြကို ထုတ် ပယ် ဖို့ လုံလောက် စေခဲ့ပါတယ် ။

နောက် ဆုံးမှာတော့ ခရက်စ်ပို တ ယောက် အထုတ် ပယ် ခံခဲ့ရပါတယ် ။

Credit – sport myanmar




အောင်မြင့်မြတ်(Myanmar Youths)

(၃)နှစ်အတွင်း အင်္ဂလန်အသင်း ကမ္ဘာ့အကောင်းဆုံးအသင်း တစ်သင်းဖြစ်လာ လိမ့်မည်ဟု ဂျာမနီကွင်းလယ်လူဟောင်း လိုသာမားသီးယက်စ် သုံးသပ်

၁၉၉၀ကမ္ဘာ့ဖလား ချန်ပီယံဂျာမနီအသင်းခေါင်းဆောင်လိုသာမားသီးယက်စ်က လာမည့်(၃)နှစ်အတွင်း အင်္ဂလန်အသင်းသည် ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ဖြစ်လာမည်ဟု သုံးသပ်ခဲ့သည်။

ပြီးခဲ့သည့် စနေနေ့က ဂျာမနီအသင်းကို (၂-၀)ဂိုးဖြင့် ရှုံးနိမ့်နေရာမှာ ပြန်လည်အနိုင်ယူခဲ့သည့် အင်္ဂလန်အသင်းကို လိုသာမားသီးယက်စ်က ချီးကျူးခဲ့ပြီး ပွဲအပြီးတွင် '' ဂျာမနီနည်းပြ ဂျိုးအာချင်လိုး၊ ကစားသမားတွေနဲ့ ပရိသတ်တွေအတွက် ဒီရလဒ်ဟာ 
စိတ်ပျက်စရာကောင်းပါလိမ့်မယ်။
ဒါပေမဲ့ အင်္ဂလန်အသင်းရဲ့ ဘောလုံးအဆင့်အတန်းကို နားလည်ရပါမယ်။
အထူးသဖြင့် ဒီနေ့ပွဲ က ဒုတိယပိုင်းစွမ်းဆောင်ရည်ပေါ့။
ဒီစွမ်းဆောင်ရည်က ကျွန်တော်တို့ ဂျာမနီထက် ပိုမိုကောင်းမွန်ခဲ့ပါတယ်။
ဒါကြောင့် ရလဒ်ကို ဒေါသထွက်နေစရာ မလိုပါဘူး။
လူငယ်တွေနဲ့ အင်္ဂလန်အသင်းကို မြင်လိုက်ရချိန်မှာ ကျွန်တော်အံ့အားသင့်မိပါသေးတယ်။
ဒါပေမဲ့ ဒီလူငယ်တွေကပဲ အင်္ဂလန်အသင်းကို နိုင်ပွဲဆီ အကောင်းဆုံးအားထုတ်ပြီး ပို့ဆောင်ပေးခဲ့တာပါ။
လာမယ့် ယူရိုပြိုင်ပွဲနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွက် အသင်းကောင်းတစ်သင်းကို အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန် တည်ဆောက်နိုင်မယ်လို့ ကျွန်တော်ထင်တယ်'' ဟု ပြောကြားခဲ့သည်။

Credit – eleven sport




အောင်မြင့်မြတ်(Myanmar Youths)

Friday, March 25, 2016

အားကစားသတင်းတိုများ

လာလီဂါဘောလုံးရာသီပိတ်သိမ်းချိန်တွင် ဘာစီလိုနာအသင်းက ၎င်းတို့၏ တိုက်စစ်မှူး နေမာကို အနားယူစေလိုသဖြင့် နေမာသည် ကိုပါအမေရိကပြိုင်ပွဲ(သို့မဟုတ်) ၂၀၁၆ ဘရာဇီးအိုလံပစ်ပြိုင်ပွဲ တစ်ခုတည်းတွင်သာ ယှဉ်ပြိုင်ရမည်ဆိုခြင်းမှာ သူရဲဘောကြောင်ရာကျလိမ့်မည်ဟု ဘရာဇီးကြယ်ပွင့်ဟောင်း ရော်နယ်ဒိုက ပြောကြားသည်။
-------------------------------------------------
ပီအက်စ်ဂျီတိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို အေစီမီလန်အသင်းက ပြန်လည်ခေါ်ယူရန် မဖြစ်နိုင်ဟု အသင်းဥက္ကဋ္ဌ ဘာလူစကိုနီက ပြောသည်။ တရုတ်နှင့် ယူအေအီးနိုင်ငံမှ ကမ်းလှမ်းမှုများကို မီလန်က မယှဉ်ပြိုင်နိုင်ဟု ၎င်းက ဆိုသည်။
-----------------------------------------------
တင်းနစ်ပြိုင်ပွဲများတွင် အမျိုးသမီးနှင့် အမျိုးသားများအား ဆတူဆုကြေးများ ပေးနေမှုကို ဝေဖန်ခဲ့သော ကမ္ဘာ့နံပါတ် (၁) တင်းနစ်သမား ဂျိုကိုဗစ်က အမျိုးသမီးတင်းနစ်သမားများအား တောင်းပန်ခဲ့သည်။ ယင်းမတိုင်မီက အမျိုးသားကစားသမားများ ဆုကြေးပိုရသင့်သည်ဟု ဂျိုကိုဗစ်က ပြောကြားခဲ့ပြီး နာမည်ကျော် တင်းနစ်မယ် အများအပြားက ၎င်းကို ဝေဖန်ခဲ့ကြသည်။

Credit – 7daydaily



အောင်မြင့်မြတ်(Myanmar Youths)

Thursday, March 24, 2016

ပရီးမီးယားလိဂ်ကိုပြောင်းရွေ့ချင်တာကစားသမားတိုင်းရဲ့ဆန္ဒပါပဲကာဗာနီ

ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှုးဖြစ်သူအက်ဒီဆင်ကာဗာနီက အနာဂတ်မှာပရီးမီးယားလိဂ်ကိုပြောင်းရွေ့ဖို့ကိစ္စနဲ့ပက်သက်ပြီး ငြင်းဆန်ခြင်းမပြုခဲ့ပါဘူး။ ကာဗာနီကိုပြီးခဲ့တဲ့ရက်ပိုင်တုန်းကပရီးမီးယားလိဂ်ကလပ်အသင်းကြီးများဖြစ်ကြသောမန်ချက်စတာယူနိုက်တက်နဲ့ချဲလ်ဆီးအသင်းများကချိတ်ဆက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရှိ၇ပါတယ်။ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှုးက Fox Sports သို့ပြောကြားခဲ့ရာမှာ "ပရီးမီးယားလိဂ်ကိုပြောင်းရွေ့ကစားဖို့စိတ်မ၀င်စားဘူးလို့ဖြေကြားခဲ့ရင်တော့ဒါဟာလိမ်ပြောရာကျသွားမှာပါ။ အဲဒီမှာသွားရောက်ကစားဖို့စဉ်းစားနေမှုဟာ သာမန်ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဟာအလွန်ကောင်းမွန်လှတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်ဟာပီအက်စ်ဂျီအသင်းရဲ့ကစားသမားတစ်ဦးဖြစ်တာကြောင့် ကျွန်တော်ကိုယ်စားပြုနေတဲ့ကလပ်အသင်းပေါ်မှာလေးစားမှုရှိရမှာဖြစ်ပါတယ်။ ဒါပေမယ့် အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာတော့မသိနိုင်ပါဘူး။ အမှန်တရားကတော့ ပရီးမီးယားလိဂ်ဟာကျွန်တော့်ကိုအများကြီးဆွဲဆောင်နိုင်တဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။

Credit – sport myanmar





အောင်မြင့်မြတ်(Myanmar Youths)

Wednesday, March 23, 2016

လန်ဇီနီကို ၀က်စ်ဟမ်းအသင်း အပြီးသတ်ခေါ်ယူ

ဝက်စ်ဟမ်းအသင်းသည် အယ်လ်ဂျာဇီရာအသင်းမှ အငှားဖြင့် ခေါ်ယူထားသည့် ကွင်းလယ်တိုက်စစ် ကစားသမား လန်ဇီနီကို အပြီးသတ် ခေါ်ယူလိုက်ကြောင်း သိရသည်။

ဝက်စ်ဟမ်းအသင်းသည် အသက်(၂၃)နှစ်အရွယ်ရှိ အာဂျင်တီးနား ကွင်းလယ်တိုက်စစ် ကစားသမား လန်ဇီနီအတွက် ပြောင်းရွှေ့ကြေး ပေါင်(၉)သန်း ပေးချေခဲ့ရပြီး (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

လန်ဇီနီသည် ယခုရာသီတွင် ၀က်စ်ဟမ်းအသင်းအတွက် ပြိုင်ပွဲစုံ (၂၄)ပွဲ ကစားပြီး (၇)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ထားကြောင်း သိရသည်။

Credit – eleven sport




အောင်မြင့်မြတ်(Myanmar Youths)

Monday, March 21, 2016

ပ၇ီးမီးယားလိဂ်ဖလားနဲ့နီးစပ်မှုရှိလာပြီလို့မာရက်ဇ်ပြောဆိုသွား

လက်စတာစီးတီးအသင်းရဲ့တိုက်စစ်ကစားသမားဖြစ်သူရိုင်ယန်မာရက်ဇ်ကသူတို့အသင်းဟာယခုဆိုရင်ပရီးမီးယားလိဂ်ဆုဖလားနဲ့လက်တစ်ကမ်းအကွာကိုရောက်ရှိနေပြီဖြစ်တယ်လို့ပြောဆိုသွားခဲ့ပါတယ်။ လက်စတာဟာပြီးခဲ့တဲ့စနေနေ့က ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခရစ်စတယ်ပဲလေ့စ်အသင်းကိုအဝေးကွင်းမှာတစ်ဂိုးဂိုးမရှိနဲ့အနိုင်ရရှိခဲ့တာကြောင့် ဇယားထိပ်ဆုံးမှာဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ BBC Sport သို့မာရက်ဇ်ကပြောကြားခဲ့ရာမှာ “အခုချိန်ထိကျွန်တော်တို့ဟာဒုတိယနေရာကတော့တင်ဟမ်ကိုငါးမှတ်ဖြတ်ထားနိုင်တုန်းပါပဲ။ ပဲလေ့စ်နဲ့ပွဲတုန်းကဗာဒီရဲ့အလွန်ကောင်းမွန်လှတဲ့ပေးပို့မှုတစ်ခုကနေကျွန်တော်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အသင်းကိုအနိုင်ရရှိအောင်ကူညီနိုင်ခဲ့လို့အလွန်ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့အသင်းဟာအခုချိန်မှာဆိုရင်မာကျောကျစ်လစ်ပြီး စုစည်းမှုလည်းအရမ်းကောင်းနေပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ရာသီကုန်ချိန်အထိယခုလိုပဲဆက်လက်ကစားနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖလားနဲ့တော့နီးစပ်မှုရှိလာပါပြီ။ ဒါပေမယ့်ခုနှစ်ပွဲကစားဖို့တော့ကျန်နေပါသေးတယ်။ လက်ကျန်ပွဲစဉ်တွေဟာခက်ခဲကြမ်းတမ်းမှာသေချာနေပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ကစားနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ဘာလုပ်ပြနိုင်မလဲဆိုတာတော့စောင့်ကြည့်ပေးကြပါဦး။” လို့ပြောဆိုသွားခဲ့ပါတယ်။

Credit – sport myanmar




အောင်မြင့်မြတ်(Myanmar Youths)

ချန်ပီယံလိဂ် ဝင်ခွင့်အတွက် မျှော်လင့်ချက် ကြီးကြီးမားမား ရှင်သန်လာပြီဟု ဗန်ဂါးလ်ကြွေးကြော်

လာမည့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် မျှော်လင့်ချက် ကြီးကြီးမားမား ရှင်သန်လာပြီဟု မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ကြွေးကြော်ခဲ့သည်။

ယူနိုက်တက်သည် အစ်တီဟတ်တွင် မန်ချက်စတာစီးတီးကို မားကက်စ် ရက်ရှ်ဖို့ဒ်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ယူပြီးနောက် အမှတ်ပေးဇယား အဆင့်(၄) နေရာနှင့် တစ်မှတ်အကွာသို့ ရောက်ရှိလာသည်။ လက်ရှိတွင်မူ အဆင့်(၆)၌ ရှိနေသည့်တိုင် အဆင့်(၄)မှ မန်စီးတီးကို ကျော်တက်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ကို လက်ဆုပ်လက်ကိုင် ရယူနိုင်မည်ဟု နယ်သာလန်သား မန်နေဂျာကြီးက တက်တက်ကြွကြွ ယုံကြည်လျက် ရှိသည်။ “ကျွန်တော်တို့ ရှုံးခဲ့မယ် ဆိုရင်တော့ ကွာဟချက် သိပ်ကြီးသွားလိမ့်မယ်။ သရေကျခဲ့ရင်လည်း တူတူပဲ။ အရမ်းခက်သွားလိမ့်မယ်လေ”ဟု ဗန်ဂါးလ်က ဆိုသည်။

၎င်းက “အခုတော့ အခြေအနေတိုင်းက ကျွန်တော်တို့ လက်ထဲမှာ ဆက်ရှိနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ပွဲတွေ ရယူဖို့ လိုပါတယ်။ လက်ကျန်ပွဲတွေမှာ အိမ်ကွင်းပွဲက ပိုများတယ်။ ပြီးတော့ အိုးလ်ထရက်ဖို့ဒ်မှာ ကျွန်တော်တို့က သိပ်မရှုံးဘူး။ ဒီတော့ ကျွန်တော်တို့မှာ အခွင့်အလမ်း ကြီးကြီးမားမား ရှိနေတုန်းပဲလို့ ပြောနိုင်တယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။ ယူနိုက်တက်သည် (၂၀၁၂)ခုနှစ်၊ ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် အစ်တီဟတ်တွင် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ လီဗာပူးလ်ကို နှစ်ကျော့ပေါင်း ရလဒ်ဖြင့် အရေးနိမ့်ကာ ယူရိုပါလိဂ်မှ ထွက်ခွာရပြီး (၃)ရက်အကြာတွင် ယူနိုက်တက်က မန်ချက်စတာ ဒါဘီ၌ အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။

“ပထမပိုင်းမှာ ကျွန်တော်တို့ ကစားပုံ သိပ်ကောင်းခဲ့တယ်။ ဒုတိယပိုင်းမှာတော့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဒါကလည်း ကျွန်တော်တို့ အရမ်း ပွဲပန်းထားတာကြောင့်ပါ။ လီဗာပူးလ်နဲ့ ပွဲအပြီး တစ်ရက်၊ နှစ်ရက်လောက်ပဲ အနားရခဲ့တာ။ ဒီလို ပွဲကျပ်မျိုးကို တစ်ချိန်လုံး အင်အားအပြည့် ကစားဖို့ မဖြစ်နိုင်ပါဘူး။ ဆောက်သမ်တန်နဲ့ လီဗာပူးလ် ပွဲရလဒ်ကိုပဲ ကြည့်ပါ။ လီဗာပူးလ်က နှစ်ဂိုးအသာ ရထားပြီးမှ အဆုံးမှာ (၃-၂)နဲ့ ရှုံးသွားတယ်။ အဲဒီပွဲကို ကျွန်တော် မကြည့်လိုက်ရပါဘူး။ ဒါပေမဲ့ ကျွန်တော် ကောက်ချက်ချနိုင်တာက အခုလို ဖြစ်သွားရာမှာ ပွဲပန်းမှုက သေချာပေါက် အရေးပါတဲ့ ကိစ္စတစ်ခု ဖြစ်နေမယ် ဆိုတာပါပဲ”ဟုလည်း ဗန်ဂါးလ်က ပြောကြားသွားသည်။

Credit – soccer myanmar





အောင်မြင့်မြတ်(Myanmar Youths)

ကျနော်တို့ကထိုက်ထိုက် တန်တန်အနိုင်ရခဲ့တာပါ ရော်နယ်ကိုးမန်း

ဆောက်သမ်တန်နည်းပြ ကိုးမန်းကတော့ လီဗာပူးကို အိမ်ကွင်းမှာ 3-2 နဲ့ အနိုင်ရပြီးနောက်ပိုင်း ပွဲအပြီးမှာတော့ အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

သူက "ကျနော်တို့က အသင်းရဲ့စုစည်းအားကို ယုံယုံကြည်ကြည်နဲ့ ပြသခဲ့တာပါ။ လူစားလဲ ဝင်ရောက်လာတဲ့ ဝမ်ယာမာနဲ့ မာနေးတို့ကတော့ ရှယ်ပဲဗျာ။ အခုလို စွမ်းဆောင်းပြနိုင်တဲ့ အသင်းသားတွေနဲ့ အကောင်းဆုံးကူညီခဲ့ကြတဲ့ ပရိသတ်တွေအတွက် ဂုဏ်ယူပါတယ်။ ကျနော်တို့က ဥရောပ ဝင်ခွင့်အတွက် ဆက်လက်တိုက်ပွဲဝင်ဦးမှာပါ။ ဒါက ကျနော်တို့ရဲ့ ပန်းတိုင်ပါပဲ" လို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

Credit – sport myanmar





အောင်မြင့်မြတ်(Myanmar Youths)

Sunday, March 20, 2016

ခြင်းလုံးကစားနည်းဇာတ်ကား

ဒီနေ့အတွက်တော့ ပရိသတ်တွေ ပုံမှန်ကြည့်နေကျ ဇာတ်လမ်းအမျိုးအစားတွေထဲက မဟုတ်ဘဲ Documentry ဇာတ်လမ်းတစ်ခုကို ပြန်ပြီးတော့ မိတ်ဆက်ပေးချင်ပါတယ်။ မြန်မာ့ရိုးရာ အားကစားနည်းဖြစ်တဲ့ ခြင်းလုံး အားကစားနည်းနဲ့ပတ်သက်ပြီးတော့ ကနေဒါ ဒါရိုက်တာတစ်ဦး ပုံဖော်ရိုက်ကူးထားတဲ့ Mystic Ball ဆိုတဲ့ဇာတ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားက မြန်မာ့ခြင်း လုံးကို စိတ်ဝင်တစားဖြစ်ပြီး ကိုယ်တိုင် လေ့လာသင်ယူခဲ့တဲ့ ကနေဒါနိုင်ငံသား ဂျရက်ဟာမီလ် တန်ဆိုသူက မြန်မာနိုင်ငံ မန္တလေး မြို့က ရိုးရာခြင်းလုံးအားကစား နည်းကို အသေးစိတ်ရိုက်ကူးတင် ဆက်ထားတာ ဖြစ်ပါတယ်။ မြန် မာ့ခြင်းလုံး အားကစားနည်းကို စတင်သိရှိခဲ့တဲ့ ဂျရက်က မန္တလေးမြို့မှာ နှစ်စဉ်ကျင်းပနေတဲ့ ဝါဆို ခြင်းလုံးပွဲကို စတင်ထိတွေ့ခွင့်ရ ရာကနေ ဒီအားကစားကို သူ ကိုယ်တိုင် သင်ယူရင်း တဖြည်း ဖြည်းနဲ့ ကိုယ်တိုင်ဝင်ရောက်ယှဉ် ပြိုင်တဲ့ အခြေအနေ ဖြစ်လာတဲ့ အထိ ဒီဇာတ်ကားကို ဇာတ်လမ်း ပြောပြတဲ့ပုံစံမျိုး ရိုက်ကူးထားပါ တယ်။

ဂျရက်က ဒီကစားနည်းကို စိတ်ဝင်စားတာကြောင့် မန္တလေး ကို အကြိမ်ကြိမ် တကူးတကသွား ပြီးတော့ မန္တလေးမြို့မှာရှိတဲ့ ခြင်းလုံး အားကစားရုံတွေ၊ အထင်ကရ ခြင်းလုံးအားကစား သမား တွေနဲ့ မိတ်ဖွဲ့၊ သူတို့တွေဆီက ခြင်းလုံးနဲ့ပတ်သက်တဲ့ သမိုင်းတွေ လေ့လာသင်ယူပြီး သူကိုယ်တိုင် ထဲထဲဝင်ဝင် ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။

ဒီမှတ်တမ်းဇာတ်ကားထဲမှာ မန္တလေးက သက်ကြီးပိုင်းခြင်းလုံး ပညာရှင်တွေ၊ နာမည်ကြီး ခြင်းလုံး အလှခတ်အကျော်အမော်တွေ အများကြီးရဲ့ အကြောင်းတွေကို ထည့်သွင်းရိုက်ကူးထားရုံသာမ က အမျိုးသမီး ခြင်းအလှခတ် ပညာရှင် စုစုလှိုင်ရဲ့ အံ့သြစရာ စွမ်းရည်တွေ၊ အခြေအနေတွေ အကြောင်းကို အသေးစိတ် ရိုက်ကူးထားပါတယ်။

ဒီဇာတ်ကားက ၂၀၀၆ ကတည်းက ထွက်ခဲ့တာဖြစ်ပြီး ဒီမှာ ဝယ်ရမလွယ်ခဲ့ပေမယ့် အခုနောက်ပိုင်း အခွေဆိုင်တွေမှာ ပြန်လည်ရောင်းချနေတာကြောင့် ရွေးချယ်ပေးလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ခြင်းလုံးသမိုင်းအကြောင်းကို အနောက် နိုင်ငံက ဒါရိုက်တာတစ်ဦးက အသေးစိတ် စုစည်းပုံဖော်ထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် မလွတ်တမ်း သိမ်းထားရမယ့် အခွေတစ်ခွေအဖြစ် ရွေးချယ်ပေးလိုက်တာ ဖြစ်ပါတယ်။    

Credit – 7daydaily







အောင်မြင့်မြတ်(Myanmar Youths)

Saturday, March 19, 2016

လက်စတာအမှားအယွင်းမရှိနိုင်ပွဲရယူနိုင်ခဲ့ပြီး ချယ်လ်ဆီးအိမ်ကွင်းမှာ သရေဖြင့်သာကျေနပ်ခဲ့ရ

ပုံစံကောင်းတွေနဲ့လက်စတာအသင်းဟာ ဒီနေ့ပွဲမှာလည်း နိုင်ပွဲရယူနိုင်ခဲ့လို့ ချန်ပီယံအိပ်မက်အတွက် ပိုမိုအသက်ဝင်လာခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ ကစားပုံက ထင်သလောက်ဖိအားမပေးနိုင်ခဲ့ပေမယ့် ထိရောက်တဲ့တိုက်စစ်ဆင်နိုင်မှု၊ ကျစ်လစ်သိပ်သည်းတဲ့ ခံစစ်ကစားပုံတွေက အကောင်းဆုံးအနေထားမှာရှိခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းက ဖိအားပေးကစားနိုင်ခဲ့ပေမယ့် အဒီဘာယော၊ ဇာဟာတို့ရဲ့ခြေစွမ်းပျောက်ဆုံးနေတာတွေကြောင့်လည်း ပဲလေ့စ်အသင်းရုန်းကန်ခဲ့ရတာပါ။ လက်စတာအသင်းရဲ့အနိုင်ဂိုးကိုတော့ ပွဲချိန် (၃၄)မိနစ်မှာ ဗာဒီရဲ့ဖန်တီးမှုမှတစ်ဆင့် မာရက်ဇ်က အပိုင်သွင်းယူသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လက်စတာအသင်းဟာ ဒုတိယနေရာက စပါးအသင်းကို (စပါး- ဘုန်းမောက်ပွဲမတိုင်မီ) ၈မှတ်အထိဖြတ်ထားနိုင်ခဲ့ပါတယ်။ အခြားပွဲစဉ်တစ်ပွဲဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ၀က်စ်ဟမ်းအသင်းတို့ပွဲစဉ်မှာတော့ တစ်ဖက်နှစ်ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ လန်ဒန်ဒါဘီ ပွဲစဉ်ဖြစ်တာနဲ့အညီ နှစ်သင်းစလုံး အဓိကကစားသမားအစုံအလင်နဲ့ပဲပွဲထွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲကမြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ကစားပုံက သိပ်ပြီးတိုးတက်လာတာ မတွေ့ရခဲ့ပါဘူး။ အထူးသဖြင့် ပါယက်၊ လန်ဇီနီတို့ကို ချယ်လ်ဆီးနောက်ခံလူတွေခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရသလို တိုက်စစ်ကစားသမား ရီမီကလည်းပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့ပါတယ်။ ၀ီလီယံနဲ့ ဖာဘရီဂတ်စ် နှစ်ဦးတည်းသာ အကောင်းဆုံးအနေထားမှာရှိခဲ့တာပါ။ ချယ်လ်ဆီးအသင်းရဲ့ဂိုးတွေကို ပြစ်ဒဏ်ဘောနဲ့ ပယ်နယ်တီတို့မှ ဖာဘရီဂတ်စ်တစ်ဦးတည်းကသွင်းယူခဲ့ပြီး ၀က်စ်ဟမ်းအသင်းရဲ့ဂိုးတွေကိုတော့ လန်ဇီနီနဲ့ လူစားဝင်ကစားသမား ကာရိုးလ်တို့ကသွင်းယူသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရလဒ်များ
အဲဗာတန် ၀-၂ အာဆင်နယ်
ခရစ္စတယ်ပဲလေ့စ် ၀-၁ လက်စတာ
ဝက်စ်ဘရွန်း ၀-၁ နောဝစ်ခ်ျ
ဝက်ဖို့ဒ် ၁-၂ စတုတ်စီးတီး
ချယ်လ်ဆီး ၂-၂ ၀က်စ်ဟမ်း
ဆွမ်ဆီး ၁-၀ အက်စတွန်ဗီလာ

လာလီဂါရလဒ်များ
စပို့တင်းဂီဂျွန် ၂-၁ အက်သလက်တီကို
ဆိုစီဒက် ၀-၁ လက်စ်ပါမား
ဂရန်နာဒါ ၂-၂ ဗယ်လက်ကာနို
ဒီပို့တီဗို ၂-၁ လီဗန်တေး

စီးရီးအေရလဒ်များ
အမ်ပိုလီ ၀-၀ ပါလာမို
ရိုးမား ၁-၁ အင်တာမီလန်

ဘွန်ဒစ်လီဂါရလဒ်များ
ဝုလ်ဖ်ဘတ် ၁-၁ ဒမ်းစတက်ဒ်
ဟမ်းဘတ် ၁-၃ ဟော်ဖန်ဟင်မ်
ဝါဒါဘရီမင် ၁-၁ မိန့်ဇ်
ကိုလုံး ၀-၁ ဘိုင်ယန်မြူးနစ်
ဟာသာဘာလင် ၂-၁ အင်ဂိုးစတက်ဒ်
ဖရန့်ဖတ် ၁-၀ ဟန်နိုဗာ

ပြင်သစ်လီဂူးရလဒ်များ
စိန့်အက်တီယန် ၃-၀ မောင့်ပယ်လီယာ
အန်ဂါစ် ၅-၁ လော်ရီယန့်
လိုင်လီ ၁-၀ တူးလူး
ကိန်း ၂-၁ ထရိုင်စ်
ရင်းစ် ၀-၁ ဂူအင်ဂမ့်
လိုင်ယွန် ၂-၀ နန့်စ်

လိဂ်ချန်ပီယံရှစ်ရလဒ်များ
ဒါဘီ ၁-၀ နော်တင်ဟမ်
ဘာမင်ဂမ် ၁-၁ ဖူဟမ်
ဘရန့်ဖို့ဒ် ၀-၁ ဘလက်လန်း
ဘရစ္စတိုးလ်စီးတီး ၆-၀ ဘော်လ်တန်
ဘန်လေ ၁-၁ ၀ုလ်ဗ်
အစ်ဝစ်ခ်ျ ၀-၁ ရော့သာဟမ်
လိဒ်စ် ၁-၄ ဟတ်ဒါဖီးလ်
MK ဒွန်း ၁-၂ ဘရိုက်တန်
ပရက်စတန် ၁-၁ QPR
ရက်ဒင်း ၁-၁ ကာဒစ်
ရှက်ဖီးဝင်းစ်ဒေး ၃-၀ ချာလ်တန်

Credit – eleven sport




အောင်မြင့်မြတ်(Myanmar Youths)

Friday, March 18, 2016

ယူရိုပါလိဂ် ပွဲအပြီးမှာ မန်ယူနဲ့ လီဗာပူး ပရိသတ်များ ရန်ဖြစ်

မန်ယူနဲ့ လီဗာပူးအသင်း သရေကျခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ နှစ်ဖက်အသင်း ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မန်ယူနဲ့ လီဗာပူး ဒုတိယအကျော့မှာ တစ်ဖက်တစ်ဂိုးစီနဲ့ ပြီးဆုံးခဲ့ပြီးနောက် နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုးနဲ့ လီဗာပူးက ကွာတားဖိုင်နယ် တက်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒိုင်လူကြီးဘက်က ပွဲသိမ်းခရာ မှုတ်ပြီးတဲ့အချိန်မှာ နှစ်ဖက်ပရိသတ်တွေ ပွဲကြည့်စဉ်မှာ လုံးထွေးသတ်ပုပ်တဲ့အထိ ဖြစ်ခဲ့ကြတာပါ။ မန်ယူအသင်း အရှေ့ဘက် ပွဲကြည့်စင်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ မန်ယူအသင်း ပရိသတ်တွေဘက် လီဗာပူးရဲ့ ဟေးဘရော့်ဒ်ဖြစ်ရပ်ဆိုးကို ရည်ရွယ်ပြီး တိုက်ခိုက်ပြောဆိုခဲ့ကြတယ်လို့ Mirror သတင်းစာက ဖော်ပြပါတယ်။ လူပေါင်း ၉၆ ဦးသေဆုံးခဲ့ကြတဲ့ ၁၉၈၉ ခုနှစ်က ပွဲကြည့်စင် ပြိုကျတဲ့ ဖြစ်ရပ်ကို ရည်ညွှန်းပြီး စွပ်စွဲပြောဆိုတာ ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်မှာလည်း မန်ချက်စတာမြို့ကို ပွဲလာကြည့်တဲ့ လီဗာပူး ပရိသတ်တွေ မြင်သာအောင် တံတားတစ်စင်းဘေးမှာ နဖူးစည်းဆိုင်းဘုတ် တစ်ခု ချိတ်ဆွဲခဲ့ပါသေးတယ်။ လူသတ်သမားတွေ ဆိုတဲ့ စာသားကို အဲဒီနဖူးစည်းမှာ ရေးသားထားခဲ့တာပါ။ လူပေါင်း ၉၆ ဦးသေဆုံးခဲ့ကြတဲ့ ၁၉၈၉ ခုနှစ်က ပွဲကြည့်စင် ပြိုကျတဲ့ ဖြစ်ရပ်ကို ရည်ညွှန်းပြီး စွပ်စွဲပြောဆိုတာ ဖြစ်ပါတယ်။

Credit – Duwun







အောင်မြင့်မြတ်(Myanmar Youths)

မနက်ဖြန်နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် ဥရောပပွဲစဉ်များပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်(၃၀)
ဂီတာဖေး - အီဘာ (၁၉-၃-၂၀၁၆ နံနက် ၂း၀၀)
နှစ်သင်းစလုံးနိုင်ပွဲရဖို့ ရုန်းကန်နေရတဲ့အချိန်ဖြစ်နေတယ်။ အထူးသဖြင့် ဂီတာဖေးရဲ့အိမ်ကွင်းခြေစွမ်းက အခုနောက်ပိုင်းအားရစရာမရှိတဲ့အပြင် တိုက်စစ်ကလည်း ရုန်းကန်ရေလို့ အဝေးကစားအားကောင်းတဲ့ အီဘာကို အနိုင်ရဖို့မလွယ်ဘူး။ ဂိုးနည်းပြီးသရေကျသွားမယ့်ပွဲလို့ပဲထင်တယ်။

ဂျာမန်ဘွန်ဒစ်လီဂါ ပွဲစဉ်(၂၇)
ရှော်လ်ကေး - မိုချန်ဂလာဘတ် (၁၉-၃-၂၀၁၆ နံနက် ၂း၀၀)
နောက်ဆုံးတွေ့ဆုံထားတဲ့ ဂျာမန်ဖလားမှာရော ပထမအကျော့မှာပါ ရှော်လ်ကေးကိုမိုချန်ဂလာဘတ်တို့ အနိုင်ရထားပါတယ်။ ဒါပေမဲ့ ဒီရာသီမိုချန်ဂလာဘတ်ရဲ့ အဝေးကွင်းရလဒ်ကတော့အားရစရာမရှိပါဘူး။ မိုချန်ဂလာဘတ်အတွက်အမြင့်ဆုံးမျှော်မှန်းနိုင်တာသရေပါ။

ပြင်သစ်လီဂူးပွဲစဉ် (၃၁)
မာဆေးလ် - ရန်းစ် (၁၉-၃-၂၀၁၆ နံနက် ၂း၀၀)
မာဆေးလ်ရဲ့ (၁-၁)ဂိုးသရေရလဒ် သံပတ်က ဒီပွဲမှာတော့ရပ်တန့်သွားဖို့များတယ်။ ရန်းစ်ကချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့အသင်းဖြစ်ပြီး အဝေးကွင်းဆိုပေမယ့် အမှတ်ရအောင်ယူလိမ့်မယ်။

အင်္ဂလန်လိဂ်ချန်ပီယံရှစ်ပွဲစဉ်(၃၈)       
မစ်ဒယ်ဘရော့ - ဟားလ်စီးတီး (၁၉-၃-၂၀၁၆ နံနက် ၂း၁၅)
နှစ်သင်းစလုံးခြေကျနေပြီး မစ်ဒယ်ဘရော့ကတော့ ရှုံးပွဲများနေတယ်။ ဟားလ်စီးတီးကလည်း အဝေးကွင်းမှာ အနိုင်ရဖို့မလွယ်လို့ သရေကျဖို့များပါတယ်

Credit – eleven sport




အောင်မြင့်မြတ်(Myanmar Youths)

ယူရိုပါလိဂ်ရလဒ်များ

မန်ယူ ၁-၁ လီဗာပူးလ်
စပါး ၁-၂ ဒေါ့မွန်
စပို့တင်းဘရာဂါ ၄-၁ ဖီနာဘာချီ

လေဗာကူဆင် ၀-၀ ဗီလာရီးယဲလ်
ဗလင်စီယာ ၂-၁ ဘီလ်ဘာအို
လာဇီယို ၀-၃ စပါတာပရပ်ဂ်
အန်ဒါလက်ခ်ျ ၀-၁ ရှက်တာဒိုးနက်
ဆီဗီလာ ၃-၀ ဘေဆယ်



အောင်မြင့်မြတ်(Myanmar Youths)

Thursday, March 17, 2016

ချန်ပီယံလိဂ်တွင်အင်္ဂလန်ကလပ်များကျရှုံးမှုကြောင့်ပရီးမီးယားလိဂ်တွင်ကမ္ဘာ့အဆင့်ကစားသမားများအားမထိန်းသိမ်းနိုင်ခဲ့ဟု ဖာဒီနန်ဆို

မန်ယူအသင်း၏ အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က အင်္ဂလန်ကလပ်များ၏ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်ကျရှုံးမှုများကြောင့် ပရီးမီးယားလိဂ်အနေဖြင့် ကမ္ဘာ့အကောင်းဆုံးကစားသမားများကို ထိန်းသိမ်းနိုင်ရန်ခက်ခဲနေခြင်းဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်အနေဖြင့် ၂၀၀၅ ခုနှစ်မှစတင်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲအား အရှိန်အဟုန်ဖြင့် အုပ်စိုးနိုင်ခဲ့သော်လည်း ၂၀၁၂ မှစတင်ကာပရီးမီးယားလိဂ်ကလပ်များအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်ဆက်တိုက်ဆိုသလိုကျရှုံးလာခဲ့သည်။
အကျိုးဆက်အနေဖြင့် စီရော်နယ်လ်ဒိုမှစတင်ကာ ဘေးလ်၊ ဆွာရက်ဇ်စသည့် ကမ္ဘာ့အကောင်းဆုံးကစားသမားများကိုလက်လွှတ်ခဲ့ရသည်ဟု ဖာဒီနန်ကသုံးသပ်ခဲ့ခြင်းဖြစ်သည်။
အင်္ဂလန်ကလပ်များအနေဖြင့် ပြီးခဲ့သည့်ရာသီက အဆိုးဆုံးစံချိန်အဖြစ် နှစ်ပေါင်း(၂၀)အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တွင် ကွာတားဖိုင်နယ်သို့မတက်ရောက်နိုင်သည့်ပထမဆုံးရာသီကို ကြုံတွေ့ခဲ့ရပြီး ပရီးမီးယားလိဂ်၏ ဥရောပစွမ်းဆောင်ရည်ကျဆင်းမှုအားမီးမောင်းထိုးပြနိုင်ခဲ့သည်။ ထို့အပြင် လိဂ်အဆင့်သတ်မှတ်ချက်၌လည်း စပိန်လာလီဂါနှင့် ဂျာမန်ဘွန်ဒစ်လီဂါအောက် တတိယနေရာသို့ရောက်ရှိသွားကာ စတုတ္ထနေရာမှ အီတလီစီးရီးအေ၏ ခြိမ်းခြောက်မှုကိုလည်းခံနေရသည်။
ဖာဒီနန်က"ဒါဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက အင်္ဂလန်ကလပ်တွေရဲ့ချန်ပီယံလိဂ်မှာ ကျရှုံးလာမှုရဲ့ရလဒ်ပါ။ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေဟာ ဒီမှာကြာရှည်စွာကစားဖို့ဆန္ဒမရှိတော့ပါဘူး။ ဒါဟာကလပ်အသင်းတွေရဲ့ ပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှုနဲ့မူတည်ပါတယ်"BT Sport ၏မေးမြန်းချက်ကိုဖြေကြားခဲ့သည်။
ယခုနှစ်ရာသီတွင် အင်္ဂလန်ကလပ်များအနေဖြင့် ချန်ပီယံလိဂ်တွင် (၄)သင်း၊ ယူရိုပါလိဂ်တွင် (၄)သင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် မန်စီးတီးအသင်းသာချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့တက်ရောက်ထားနိုင်ပြီး အာဆင်နယ်မှာမျှော်လင့်ချက်နည်းနေသလို၊ ယူရိုပါလိဂ်တွင်လည်း စပါး၊ မန်ယူ၊ လီဗာပူးလ် (၃)သင်းတွင် လီဗာပူးလ်အသင်းသာကွာတားဖိုင်နယ်တက်ရန်အခြေအနေကောင်းနေသည်။ထို့အပြင် လက်ရှိပရီးမီးယားလိဂ်၏ အကောင်းဆုံးကစားသမားများဖြစ်သော ဟာဇက်၊ အဂွဲရိုးတို့၏အနာဂတ်မှာလည်းပရီးမီးယားလိဂ်တွင်မသေချာတော့ ရီးယဲလ်မက်ဒရစ်၊ PSG စသည့်ကလပ်များ၏ ပစ်မှတ်ကစားသမားများဖြစ်နေသည်။

Credit – eleven sport





အောင်မြင့်မြတ်(Myanmar Youths)