Friday, October 30, 2015

အားကစား သတင်းတိုများ

.ဗုဒ္ဓဟူးနေ့က လိဂ်ဖလားပြိုင်ပွဲ စတုတ္ထအဆင့် မစ်ဒယ်ဘရော့နှင့် ပွဲစဉ်၌ ရွန်းနေ ပင်နယ်တီကန်ရန် ပြင်ဆင်နေချိန်တွင် လေဆာရောင်ခြည်ဖြင့် အထိုးခံရခြင်းအတွက် အက်ဖ်အေအဖွဲ့က စုံစမ်းစစ်ဆေး သွားမည်ဖြစ်သည်။

.အင်္ဂလန်လက်ရွေးစင်ဟောင်း ပေါလ်ဂက်စ်ဂွိုင်နီသည် ၎င်း၏ ရည်းစားဟောင်းထံ စော်ကားသော မက်ဆေ့ခ်ျများ၊ ဖုန်းခေါ်ဆိုမှုများ လုပ်ခဲ့ကြောင်း ၀န်ခံပြီးနောက် ဒဏ်ငွေချမှတ်ခံရကာ ရည်းစားဟောင်းနှင့် ဝေးဝေးနေရန် သတိပေးခံရသည်။

.စင်ကာပူတွင် ကစားနေသည့် အမျိုးသမီး တင်းနစ်ပြိုင်ပွဲ WTA Finals တွင် ပထမဆုံးအကြိမ် ပါဝင်ကစားနေသည့် စပိန်တင်းနစ်မယ် ဂါဘင်မူဂူဂူဇာသည် အုပ်စုပတ်လည် သုံးပွဲစလုံး အနိုင်ရရှိကာ အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။

.ခြေစွမ်းပြနေသော အာဆင်နယ်အသင်းနှင့် ကစားရမည့် ယနေ့ပွဲတွင် ရလဒ်တစ်ခုကို လိုချင်ပါက ဆွမ်ဆီးအသင်းအနေဖြင့် အကောင်းဆုံးကစားသွားရမည်ဟု ဆွမ်ဆီးအသင်းနည်းပြ ဂယ်ရီမန့်က ပြောကြားသည်

ဂီတာဖေးနှင့်ပွဲတွင် အင်နီယေစတာ ပြန်ပါမည်

ယနေ့ည ဂီတာဖေးနှင့်အဝေးကွင်းပွဲတွင် ဘာစီလိုနာ၏ အရေးပါသည့် ကွင်းလယ်လူ အင်နီယေစတာ ပြန်လည် ပါဝင်နိုင်မည်ဖြစ်သည်။

အင်နီယေစတာသည် ပြီးခဲ့သည့် စက်တင်ဘာက လေဗာကူဆင်နှင့် ချန်ပီယံလိဂ်ပွဲတွင် ဒဏ်ရာရခဲ့ပြီးနောက် တောက်လျှောက်နားနေခဲ့ရခြင်းဖြစ်ပြီး ယနေ့ညအရေးကြီးသည့် ဂီတာဖေးနှင့်ပွဲတွင် ကြံ့ခိုင်မှုပြည့်ဝလာ၍ ပြန်လည်ပါဝင်နိုင်ခြင်း ဖြစ်သည်။  ဘာစီလိုနာသည် ယနေ့ညပွဲတွင် ကွင်းလယ်လူတစ်ဦးဖြစ်သည့် ဆာဂျီရောဘတ်ကိုလည်း ထည့်သွင်းမည်ဖြစ်သည်။ ဘာစီလိုနာသည် လာလီဂါကိုးပွဲကစား ပြီးနောက် ရီးရဲလ်နှင့်ရမှတ် ၂၁ မှတ်ချင်းတူသော်လည်း ဂိုးကွာ ခြားချက်ဖြင့် ဒုတိယဖြစ်နေသည်။

နည်းပြ လူးဝစ်အင်းနရစ်ကလည်း ၎င်းတို့သည် လက်ရှိ၌ ဒဏ်ရာကြောင့် နားနေသည့်အသင်း၏ အဓိကလူ မက်ဆီကိုလာမည့် နိုဝင်ဘာ ၂၁ ရက် ရီးရဲလ်နှင့်ပွဲတွင် ပြန်ထုတ်သုံးနိုင်ရန် အလောတကြီး လုပ်ဆောင်မည်မဟုတ်ကြောင်းဆိုသည်။  —Ref:Goa

လီဗာပူးတိုက်စစ်မှူး ဘန်တီကီ ချယ်လ်ဆီးနှင့်ပွဲ ပါဝင်ရန် ကြံ့ခိုင်မှုပြည့်

လန်ဒန်- လီဗာပူးတိုက်စစ်မှူး ခရစ်စတီယန် ဘန်တီကီသည် ယနေ့ညချယ်လ်ဆီးနှင့်ပွဲတွင် ပါဝင်ရန် ကြံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်ကြောင်း ၎င်းကိုယ်တိုင် ထုတ်ဖော် ပြော ကြားသည်။

ဘယ်လ်ဂျီယံ တိုက်စစ်မှူး ဘန်တီကီ (၂၄) နှစ်သည် ပြီးခဲ့သည့်အပတ် ပရီးမီးယားလိဂ်၌ ဆောက်သမ်တန်နှင့် သရေကျ သောပွဲတွင် အသင်းအတွက် တစ်လုံးတည်းသောဂိုးကို သွင်းခဲ့ပြီး ဒူးဒဏ်ရာအနည်းငယ်ရခဲ့ကာ လိဂ်ဖလားပွဲတွင် ဘုန်းမောက်ကို နိုင်ပြီး လီဗာပူးကွာတားတက် ခဲ့ရာတွင်မူ မပါဝင်နိုင်ခဲ့ပေ။

‘‘ကျွန်တော် အခြေအနေ ကောင်းပါတယ်။ ပြီးခဲ့တဲ့အပတ် ဆောက်သမ်တန်နဲ့ ပွဲမှာ နည်းနည်းခံစားခဲ့ရပေမယ့် အခုတော့ချယ်လ်ဆီးနဲ့ ပွဲကစားဖို့ပဲ အာရုံစိုက်နေပါတယ်’’ဟု ဘန်တီကီက လီဗာပူးဝက်ဘ်ဆိုက်အား ပြောကြားသည်။

ဘန်တီကီ မပါဝင်ခဲ့သဖြင့် လီဗာပူးသည် လိဂ်ဖလားခေါ် ကက်ပီတယ်ဝမ်းပြိုင်ပွဲတွင် တိုက်စစ်မှူးများအဖြစ် ရော်ဘတ်တို ဖာမီနိုနှင့် အိုရီဂီတို့ကို ထုတ်သုံးခဲ့သည် ။

ဘန်တီကီက ထိုတိုက်စစ်မှူး နှစ်ဦးစလုံးကို ချီးကျူးခဲ့ပြီး အတူတွဲဖက်ကစားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဤအတွင်း ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုကလည်း သောကြာနေ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် ၎င်းတို့အသင်း ရာသီကုန်အဆင့်လေးအတွင်း ဝင်ရေး ကတိမပေးနိုင်ကြောင်း ဆိုခဲ့သည်။

လက်ရှိတွင် ဘွတ်ကီဒိုင်များကလည်း ရာသီကုန်အဆင့် လေးအတွင်း ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်သည့် အသင်းများဖြစ်လာ ရန် ဝက်စ်ဟမ်း၊ မန်ယူ၊ လက်စတာ၊ စပါးတို့ နောက်တွင်သာ ချယ်လ်ဆီးကို အလေးပေးထား သည်။           —Ref:Goal

Thursday, October 29, 2015

အားကစားသတင်းတိုများ

လာမည့် ယူရို ၂၀၁၆ ပွဲတွင် လက်ရွေးစင်အသင်းအတွက် နယူးကာဆယ် တိုက်စစ်မှူးဟောင်း ဘင်အာဖာကို ပြန်လည်ရွေးချယ်နိုင်ကြောင်း ပြင်သစ်နည်းပြ ဒက်ချမ့်စ်က ဆိုသည်။
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ရီးရဲလ်ခံစစ်မှူး ဆာဂျီရာမို့စ်သည် ၎င်းရင်ဆိုင်ဖူးသမျှ အခက်ခဲဆုံး နောက်ခံလူဖြစ်ကြောင်း ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က ထုတ်ဖော်ပြောသည်။
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
မန်ယူအသင်းခေါင်းဆောင် တိုက်စစ်မှူးရွန်းနေသည် ကွင်းလယ်သို့ ဆင်း၍သာ ကစားသင့်ကြောင်း ဘာစီလိုနာကွင်းလယ်လူဟောင်း ဇာဗီက အကြံပေးသည်။
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
အာဆင်နယ် ကစားသမား ချိန်ဘာလိန်နှင့် သီယိုဝဲလ်ကော့တို့သည် လိဂ်ဖလားပွဲတွင် ရှက်ဖီးအသင်းကို ၃-၀ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် ပွဲ၌ ဒဏ်ရာများ အသီးသီးရခဲ့ပြီး တစ်ပတ်ခန့်ကြာ နားရမည် ဖြစ်သည်
7daydaily
AMM

ပဏာမ မြန်မာ ယူ-၂၁ ဘောလုံးအသင်းတွင် ကစားသမားလေးဦး ထပ်မံအားဖြ

 ပဏာမ မြန်မာ့လက် ရွေးစင် ယူ-၂၁ ကစားသမားစာ ရင်းတွင် ကောင်းဆက်နိုင်နှင့် ပြည်မိုးတို့နှစ်ဦးမှာ အသက်ကျော် လွန်နေ၍ မပါဝင်တော့ဘဲ သန်း ပိုင်၊ ရှိုင်းသူရ၊ သိန်းဇော်နှင့် စစ်မင်း စသည့်ကစားသမားလေးဦးကို ထပ်မံအားဖြည့်ခဲ့ကြောင်း သတင်းရရှိသည်။


လာမည့် နိုဝင်ဘာ ၂၀ ရက် မှ ၂၉ ရက်အထိ ဗီယက်နမ်နိုင်ငံ တွင် ကျင်းပမည့် International U-21 Thanh Nien Newspaper Cup 2015 ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ရန် ပဏာမလူစာရင်း ၂၆ ဦး ထုတ်ပြန်စဉ်က ကောင်း ဆက်နိုင်နှင့် ပြည်မိုးတို့ကို ရွေးချယ်ခဲ့သော်လည်း အောက်တိုဘာ ၂၇ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်နှင့် ခြေစမ်းပွဲတွင် ၎င်းတို့နှစ်ဦးကို ချန်လှပ်ခဲ့ကြောင်း သတင်း ရရှိသည်။

‘‘ပြိုင်ပွဲကို အသက်မကျော် သေးတဲ့ ကစားသမားတွေ အဓိက ရွေးချယ်ပြီး ပြိုင်ပွဲကို ၀င်ပြိုင်မှာ ပါ။ ၁၉၉၄ မှာ မွေးတဲ့ကစားသမား တွေကို အဓိကရွေးတာဖြစ်တဲ့အ တွက် ကောင်းဆက်နိုင်နဲ့ ပြည်မိုး တို့ကို မရွေးတော့တာပါ’’ဟု မြန် မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာ ၀န်ရှိသူတစ်ဦးကပြောသည်။

မြန်မာ ယူ-၂၁ လက်ရွေးစင် အသင်း၏ လူစာရင်းတွင် လက် ရွေးစင်အသင်းကြီးမှ ကစားသ မားများဖြစ်သည့် သန်းပိုင်နှင့် ရှိုင်းသူရတို့အပြင် ဇွဲကပင်နောက် ခံကစားသမား သိန်းဇော်နှင့် မြန် မာ ယူ-၁၉ အသင်း၌ ခြေစွမ်းပြ ကစားနိုင်ခဲ့သည့် အလယ်တန်း ကစားသမား စစ်မင်းတို့ကိုလည်း ထပ်မံအားဖြည့်ခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၇ ရက်က ယှဉ်ပြိုင်ခဲ့သည့် ရန်ကုန်အသင်း နှင့်ခြေစမ်းပွဲကို အားရကျေနပ်မှု မရှိသော်လည်း ပြိုင်ပွဲမတိုင်မီ အကောင်းဆုံး ပြင်ဆင်မည်ဖြစ် ကြောင်း မြန်မာ ယူ-၂၁ အသင်း နည်းပြချုပ် အဲရစ်ဝီလျံက ပြော သည်။ အဆိုပါခြေစမ်းပွဲတွင် မြန်မာ ယူ-၂၁ အသင်းက ရန်ကုန်လူငယ်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

 ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ တွင် ဗီယက်နမ်ထိပ်သီးကလပ်  ဟောင်အန်းဂယ်လိုင် ယူ-၂၁​ အသင်း၊ ထိုင်း ယူ-၂၁ အသင်း၊ စင်ကာပူ ယူ-၂၁ အသင်း၊ ဗီယက်နမ် ယူ-၁၉ အသင်း၊ တောင်ကိုရီးယား ယူ-၁၉ အသင်းနှင့် မြန်မာယူ-၂၁ အသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပွဲစဉ်ဇယားထွက်ပေါ်ခြင်းမရှိသေးပေ
CREDIT -7DAYDAILY
အောင်မြင့်မြတ်

လက်ရွေးစင် ယူ-၂၁ ကစားသမားအချို့ ယုံကြည်မှုလွန်ကဲနေကြောင်း နည်းပြအဲရစ်ဝီလျံပြော

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ အတွက် ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် ယူ-၂၁ အသင်းမှ ကစားသမားအချို့သည် မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေကြောင်း နည်းပြချုပ် အဲရစ်ဝီလျံက ပြောကြားသည်။


လာမည့် နိုဝင်ဘာအတွင်း ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲအတွက် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်နေသည့် မြန်မာ ယူ-၂၁ အသင်း သည် အောက်တိုဘာ ၂၇ ရက်တွင် သုဝဏ္ဏကွင်း၌ ရန်ကုန်ယူနိုက်တက် လူငယ်အသင်းနှင့် ခြေစမ်းကစားခဲ့ရာ ၂-၁ ဂိုးဖြင့် ရှုံးနိမ့် ခဲ့သည်။

အဆိုပါခြေစမ်းပွဲကို မိနစ် ၃၀ စီ သုံးပိုင်းခွဲ၍ ကစားခဲ့ခြင်း ဖြစ်ပြီး ယူ-၂၁ အသင်းက ဦး ဆောင်ဂိုး စတင်ရရှိခဲ့သော်လည်း ရန်ကုန်အသင်းက ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်လည်သွင်းယူခဲ့ သည်။

 ‘‘ကျွန်တော့်ကစားသမား တွေရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်း ကို စိတ်ပျက်မိပါတယ်။ ပြိုင်ဘက် ကို လေးစားမှုမရှိဘူး။ကစားသမား တချို့ကတော့ ယုံကြည်မှုလွန်ကဲ နေကြတယ်။ ဒီအချက်ကို ကျွန် တော် လုံးဝမကြိုက်ဘူး။ တချို့က တော့ ယုံကြည်မှုမရှိသေးဘူး။ ဒါ တွေကို ပြုပြင်ရဦးမှာပါ’’ဟု မြန် မာ့လက်ရွေးစင် ယူ-၂၁ နည်းပြ ချုပ် အဲရစ်ဝီလျံကပြောသည်။

ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲအ တွက် အောက်တိုဘာ ၂၆ ရက်က စတင်လေ့ကျင့်နေသည့် ပဏာမ ယူ-၂၁ အသင်းကို ယူ-၂၀ကမ္ဘာ့  ဖလားပြိုင်ပွဲဝင်အသင်းမှ ကစား သမားများ၊ ဆီးဂိမ်း ယူ-၂၃ အသင်းမှ ကစားသမားများနှင့် အာရှ ယူ-၁၉ ခြေစစ်ပွဲဝင်အသင်းမှ ကစားသမားများဖြင့် ဖွဲ့စည်းထားသည်
AMM

၂၀၁၅ မြန်မာလိဂ်နောက်ဆုံးပွဲစဉ်အချို့ အချိန်နှင့်နေရာ ပြောင်းလဲကျင်းပမည်

 ၂၀၁၅ မြန်မာနေရှင် နယ်လိဂ်အမှတ်ပေးပြိုင်ပွဲ နောက် ဆုံးပွဲစဉ်အချို့ကို အချိန်နှင့်နေရာ ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက သ တင်းထုတ်ပြန်သည်။


မူလပွဲစဉ်ဇယားအရ ယခု နှစ် မြန်မာနေရှင်နယ်လိဂ် ရာသီ အပိတ်ပွဲစဉ် (ပွဲစဉ်-၂၂)များကို အောက်တိုဘာ ၃၀ ရက်တွင် နှစ် ပွဲနှင့်အောက်တိုဘာ ၃၁ ရက်တွင် လေးပွဲကျင်းပရန် စီစဉ်ထားသော်  လည်း ပြောင်းလဲမှုအရ အောက် တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲကျင်းပရေးကော်မတီ က ထုတ်ပြန်ချက်အရ ပွဲစဉ်-၂၂ အဖြစ် အောက်တိုဘာ ၃၀ ရက် တွင် ရန်ကုန်နှင့်ချင်း၊ အောက်တိုဘာ ၃၁ ရက်တွင် ရခိုင်နှင့်ကမ္ဘောဇ၊ နေပြည်တော်နှင့် ဟံသာဝတီ၊ ရတနာပုံနှင့် မနောမြေ၊ ဧရာဝတီနှင့် ဇေယျာရွှေမြေ၊ နိုဝင်ဘာ ၁ ရက်တွင် မကွေးနှင့် ဇွဲကပင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

မူလပွဲစဉ်ဇယားအရ ရခိုင် ယူနိုက်တက်နှင့် ကမ္ဘောဇအသင်း ပွဲကို အောက်တိုဘာ ၃၀ ရက် တွင် ကျင်းပရန် သတ်မှတ်ထား သော်လည်း တန်းဆင်းဇုန်အတွင်း ကျရောက်နေသည့် ရခိုင်၊နေပြည် တော်၊ မနောမြေအသင်းပွဲစဉ်ကို တစ်ပြိုင်နက် ပြောင်းလဲကျင်းပ ပေးရန် ရခိုင်အသင်းက တောင်း ဆိုခဲ့မှုကြောင့် ပြိုင်ပွဲကျင်းပရေး ကော်မတီက ပြောင်းလဲသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အောက်တိုဘာ ၃၁ ရက်တွင် တန်းဆင်းဇုန်အ တွင်း ကျရောက်နေသည့် ရခိုင်၊ နေပြည်တော်၊ မနောမြေအသင်း တို့ပွဲများကို တစ်ရက်တည်း ကျင်း ပမည်ဖြစ်သည်။ ထို့အတူ နေပြည်တော်အသင်းသည် အိမ်ကွင်းတွင် ဟံသာဝတီယူနိုက်တက်ကို လက်ခံယှဉ်ပြိုင်ရမည် ဖြစ်သော် လည်း ယင်းပွဲကို အခြားပွဲများနှင့် တစ်ပြိုင်နက် ယှဉ်ပြိုင်နိုင်ရန် သုဝဏ္ဏကွင်းသို့ ပြောင်းလဲကျင်းပ မည်ဖြစ်သည်။

မူလက အောက်တိုဘာ ၃၁ ရက်တွင် ကျင်းပရန် သတ်မှတ် ထားသည့် ပွဲစဉ်လေးပွဲအနက် ဇွဲကပင်နှင့် မကွေးအသင်းတို့ ပွဲ စဉ်ကိုမူ နိုဝင်ဘာ ၁ ရက်သို့ ပြောင်းလဲကျင်းပမည်ဖြစ်သည်။

၂၀၁၅ မြန်မာလိဂ်ပြိုင်ပွဲပြီး ဆုံးရန် ပွဲစဉ်နှစ်ပွဲအလို၌ ရန်ကုန် အသင်းက ချန်ပီယံဖြစ်ခဲ့သော် လည်း တန်းဆင်းရမည့် နှစ်သင်း နေရာအတွက်မူ နောက်ဆုံးပွဲစဉ် များပြီးမှသာ အဖြေထွက်မည်ဖြစ် သည်။

မြန်မာလိဂ်ပွဲစဉ် (၂၂)

၃၀.၁၀.၁၅
ရန်ကုန်- ချင်း                      YUSC

၃၁.၁၀.၁၅
ရခိုင်-ကမ္ဘောဇ                     အောင်ဆန်း
နေပြည်တော်-ဟံသာဝတီ       သုဝဏ္ဏ
ရတနာပုံ- မနောမြေ              ဗထူး
ဧရာဝတီ - ဇေယျာရွှေမြေ        ကျောက်တိုင်

၁.၁၁.၁၅
မကွေး-ဇွဲကပင်                   သုဝဏ္ဏ
AMM

မတ္တရာမြို့နယ် ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲတွင် ကာကွယ်ရေး(က)အသင်း ဗိုလ်စွဲ

 ပထမဆုကျပ်ဆယ်သိန်း ချီးမြှင့်သည့် မန္တလေးတိုင်းဒေသ ကြီး မတ္တရာမြို့နယ် ပဉ္စမအကြိမ် ဖိတ်ခေါ်အမျိုးသားဘော်လီဘော  ပြိုင်ပွဲတွင် ကာကွယ်ရေး (က) အသင်းက ဗိုလ်စွဲခဲ့ကြောင်း သတင်းရရှိသည်။


မတ္တရာမြို့ မြို့ထောင့်ရွှေဂူ မြတ်စွာဘုရားပွဲတော်တွင် ထည့် သွင်းကျင်းပခဲ့သည့် အဆိုပါ ဖိတ် ခေါ် ဘော်လီဘောပြိုင်ပွဲကို အောက်တိုဘာ ၂၀ ရက်မှ ၂၅ ရက်အထိ ဗာဂျီးနီးယားကွင်း၌ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်ဆယ်သင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဗိုလ်လုပွဲတွင် ကာကွယ်ရေး အသင်း(က)က မြန်မာလူငယ် လက်ရွေးစင်အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ဆုကြေးအဖြစ် ပထမဆု ကျပ်ဆယ်သိန်း၊ ဒုတိယရရှိသည့် မြန်မာလူငယ်လက်ရွေး စင်အသင်းအား ကျပ်ခုနစ်သိန်း၊ တတိယရရှိသည့် မတ္တရာလူငယ်အသင်းအား ကျပ်ငါးသိန်းနှင့် စတုတ္ထရရှိသည့် ရှမ်း(တောင်)အသင်းအား ကျပ်သုံးသိန်း ချီးမြှင့်ခဲ့သည်။

အဆိုပါ ဖိတ်ခေါ်ဘော်လီ ဘောပြိုင်ပွဲတွင် ကာကွယ်ရေးဝန် ကြီးဌာန(က)နှင့်(ခ)၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာလူငယ်လက် ရွေးစင်၊ ရှမ်းလူငယ်၊ ကျောက် ဆည်လူငယ်၊ တပ်မတော်(ရေ)၊ အား/ကာသိပ္ပံ(မန္တလေး)၊ ရှမ်း (တောင်)နှင့် မတ္တရာလူငယ်အ သင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည်။ ဘော်လီဘောအားကစား နည်းကို လူငယ်များ စိတ်ဝင်စား လာပြီး လက်ရွေးစင်ကစားသမား များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲကို နှစ်စဉ်ကျင်းပရန် စီစဉ်ထား ကြောင်း သတင်းရရှိသည်
AMM

ပြစ်ဒဏ်လျှော့ချ၍မာရှေယာနိုရီးယဲလ်နှင့်ပွဲပြန်လည်ကစားမည်

ဘာစီလိုနာ ကွင်း လယ်လူ မာရှေယာနိုသည် အီဘာနှင့် လာလီဂါပွဲတွင် အနီကတ်ကြောင့် လေးပွဲပယ်ပြစ်ဒဏ် ခံရသော်လည်း နှစ်ပွဲသာ ပယ်ခံရပြီးနောက် လာမည့် ရီးရဲလ်နှင့် အယ်လ်ဂလက်စီကိုပွဲ၌ ပါဝင် ကစားနိုင်မည်ဖြစ်သည်။

မာရှေယာနိုသည် အီဘာနှင့် ပွဲတွင် စည်းကြပ်ဒိုင်ကို ပြင်းထန် စွာဝေဖန်ခဲ့ပြီးနောက် လေးပွဲပယ် ပြစ်ဒဏ် ထိခဲ့သော်လည်း စပိန် ဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲများရေး ရာကော်မတီက နှစ်ပွဲပယ် ပြစ် ဒဏ်လျှော့ပေးလိုက်၍ ရီးရဲလ်နှင့်ပွဲ ကစားခွင့်ရသွားခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းသည် လာ မည့်အပတ်ကစ၍ ဂီတာဖေးနှင့် အဝေးကွင်းပွဲ၊ ထို့နောက် ဗီလာ ရီးရဲလ်နှင့် အိမ်ကွင်းပွဲတို့ လွဲချော် မည်ဖြစ်သော်လည်း ရီးရဲလ်နှင့် နိုဝင်ဘာ ၂၁ အယ်လ်ဂလက်စီကိုပွဲကိုမူ ကစားခွင့်ရရှိမည် ဖြစ် သည်။

ကော်မတီက မာရှေယာနိုအပေါ် ပြစ်ဒဏ် လျှော့ပေးခဲ့ပြီး နောက် ၎င်းအတွက် အယူခံဝင် မည့်အစီအစဉ်ကို ဘာစီလိုနာက ပယ်ဖျက်ခဲ့သည်။          _Goal
AMM

ချဲလ်ဆီးနည်းပြမော်ရင်ဟိုအားထုတ်ပယ်ခံရမည့်နည်းပြအဖြစ်လောင်းကြေးဖွင့်

 ချယ်လ်ဆီး နည်းပြ မော်ရင်ဟိုသည်  ကတ်ပီတယ်ဝမ်းဖလားခေါ် လိဂ်ဖလားပွဲတွင် စတုတ်နှင့်ချယ်လ်ဆီးတို့ သရေ ကျခဲ့၍ ဖလားပွဲမှ ထွက်ခဲ့ရပြီး နောက် အသင်းမှလည်း ထွက်ခွာ ရနိုင်ခြေရှိသည့် ပရီးမီးယားလိဂ် နည်းပြ တစ်ဦးအဖြစ် ဘွတ်ကီဒိုင်ကြီးများ၏ လောင်းကြေးဖွင့်ခံ ရသည်
AMM

Tuesday, October 27, 2015

MNL Leageတန်းဆင်းဇုန်တိုက်ပွဲနောက်ဆုံးပွဲမှအဖြေပေါ်မည်

အူရီဒူးမြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၂၁ အပြီးတွင် မနောမြေအသင်း၊ ရခိုင်ယူနိုက်တက် အသင်းနှင့် နေပြည်တော်အသင်းတို့ အသင်းသုံးသင်းမှာ တန်းမဆင်းရရေးအတွက် ရုန်းကန်ရမည်ဖြစ်ပြီး တန်းဆင်းဇုန် တိုက်ပွဲအဖြေအတွက် နောက်ဆုံးပွဲစဉ်ထိ စောင့်ကြည့်ရမည်ဖြစ်သည်။

အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၂၁ တွင် အပြီးတွင် ချင်းယူနိုက်တက်အသင်း၊ ဇေယျာရွှေမြေအသင်းနှင့် ဟံသာဝတီအသင်း တို့ အသင်းသုံးသင်းမှာ တန်းဆင်းဇုန်မှ လွတ်မြောက်ခဲ့ပြီး မနောမြေ၊ ရခိုင်ယူနိုက်တက်နှင့် နေပြည်တော်အသင်းစသည့် အသင်းသုံးသင်းမှာ တန်းဆင်းဇုန်အတွက် နောက်ဆုံးပွဲစဉ်ထိ ရုန်းကန်ရမည်ဖြစ်သည်။

ပွဲစဉ် ၂၁ အပြီး အမှတ်ပေးဇယား ထိပ်ဆုံးတွင် ရန်ကုန်အသင်းက ရမှတ် ၅၁ မှတ်ဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာတွင် ရတနာပုံအသင်းက ရမှတ် ၄၃ မှတ် ဖြင့် ရပ်တည်နေသည်။

အဆင့် ၃ တွင် မကွေးအသင်းက ရမှတ် ၃၈ မှတ်၊ အဆင့် ၄ တွင် ကမ္ဘောဇအသင်းက ရမှတ် ၃၅ မှတ်၊ အဆင့် ၅ တွင် ဧရာဝတီအသင်းက ရမှတ် ၃၄ မှတ်၊ အဆင့် ၆ တွင် ဇွဲကပင်အသင်းက ရမှတ် ၂၄ မှတ်တို့ဖြင့် ရပ်တည်နေသည်။

အဆင့် ၇ နေရာတွင် ချင်းယူနိုက်တက်အသင်းက ရမှတ် ၂၃ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၈ တွင် ဇေယျာရွှေ မြေအသင်းက ရမှတ် ၂၂ မှတ်၊ အဆင့် ၉ တွင် ဟံသာဝတီအသင်းက ရမှတ် ၂၁ မှတ်ဖြင့် ရပ်တည်နေကြသည်။

တန်းဆင်း ဇုန်အတွက် ဆက်လက်ရုန်းကန်ရမည့် မနောမြေအသင်းမှာ ရမှတ် ၂၀ မှတ်ဖြင့် အဆင့် ၁၀၊ ရခိုင်ယူနိုက်တက်အသင်းမှာ ရမှတ် ၁၈ မှတ်ဖြင့် အဆင့် ၁၁၊ နေပြည်တော်အသင်းမှာ ရမှတ် ၁၇ မှတ်ဖြင့် အဆင့် ၁၂ တွင် ရပ်တည်နေကြသည်။

၂၀၁၅ အူရီဒူးမြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ် ၂၂ တွင် ရခိုင်ယူနိုက်တက်အသင်းက ကမ္ဘောဇ အသင်းနှင့်လည်းကောင်း၊ မနောမြေအသင်းမှာ အဝေးကွင်းတွင် ရတနာပုံအသင်းနှင့်လည်းကောင်း၊ နေပြည်တော်အသင်းမှာ အိမ်ကွင်းတွင် ဟံသာဝတီအသင်းနှင့်လည်းကောင်း ကစားရမည်ဖြစ်သည်။

အဝေးကွင်း၌ ရတနာပုံအသင်းနှင့် ကစားရမည့် မနောမြေအသင်းမှာ အမှတ်ရရှိရန် မလွယ်ကူသည့် အနေအထားရှိနေပြီး ကျန်ရှိနေသော ရခိုင်အသင်းနှင့် နေပြည်တော် အသင်းတို့မှာ နောက်ဆုံးပွဲမအဖြေပေါ်မည်ဖြစ်သည်။
AMM

မော်ရင်ဟိုထွက်ခွာမည့်အခြေအနေအတွက်ချယ်လ်ဆီးအသင်းပြင်ဆင်

ချယ်လ်ဆီးအသင်းသည် စနေနေ့တွင် ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ပြီးနောက် နည်းပြမော်ရင်ဟို ထွက်ခွာသွားမည့် အခြေအနေအတွက်   ပြင်ဆင်နေပြီဟု   ဒေးလီးမေးလ်သတင်းစာက ဖော်ပြလိုက်သည်။

ပေါ်တူဂီလူမျိုးနည်းပြ၏ ရာသီအစပိုင်းရလဒ်ဆိုးများအတွက် အသင်းပိုင်ရှင် အေဘရာမိုဗစ်ကထောက်ခံခဲ့ပြီး သုံးပတ်အကြာတွင် မော်ရင်ဟို ၏ရာထူးကို ချယ်လ်ဆီးဘုတ်အဖွဲ့က   ပြန်လည်သုံးသပ် လာခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုအနေဖြင့် ယခုတစ်ပတ်တွင် စတုခ်စီးတီးနှင့်ကစားမည့် ကက်ပီတယ်ဝမ်းဖလားပွဲ၊ လီဗာပူးလ်နှင့်အိမ်ကွင်းတွင်ကစားရမည့် ပရီးမီး ယားလိဂ်ပွဲတို့တွင် ရာထူးကိုကာကွယ်ရန် အခွင့်အရေးပေးခံရနိုင်ချေရှိသော်လည်း ယင်းမတိုင်မီ ဘုတ်အဖွဲ့ထံမှ ဆုံးဖြတ်တခုခုကျလာနိုင် သည်။

စနေနေ့တွင် ဂျာဂင်ကလော့ပ်၏ လီဗာပူးလ်အသင်းကို ရှုံးလျှင် မော်ရင်ဟို၏ စတမ်းဖို့ဒ်ဘရစ်ခ်ျဒုတိယသက်တမ်းမှာ အဆုံးသတ်သွားနိုင် သည်ဟု ဒေးလီးမေးလ်က သုံးသပ်နေသည်။

သြဂုတ်လတွင် ပေါင်သန်း ၃၀ တန် လေးနှစ်စာချုပ်သစ်ကိုချုပ်ထားသည့် မော်ရင်ဟိုကိုထုတ်ပယ်ဖြစ်ပါက လျော်ကြေးအပြည့်မပေးရနိုင်ရေး အတွက်လည်း ချယ်လ်ဆီး တာဝန်ရှိသူများက   မော်ရင်ဟိုနှင့် ဆွေးနွေးရမည်ဖြစ်သည်။

အခြားတစ်ဖက်တွင် မော်ရင်ဟို၏နေရာကို ဆက်ခံမည့်နည်းပြကိုလည်း ဆုံးဖြတ်ရွေးချယ်ရမည်ဖြစ်သည်။ အရည်အသွေးမြင့်နည်းပြ ရှားပါး နေခြင်းကလည်း ချယ်လ်ဆီးတာဝန်ရှိသူများအတွက် စိုးရိမ်စရာဖြစ်နေရသည်။

လက်ရှိအချိန်တွင် ချယ်လ်ဆီးနည်းပြဟောင်း အန်ဆလော့တီနှင့် ဟစ်ဒင့်တို့သာ အသင်းလက်မဲ့ဖြစ်နေပြီး နွေရာသီအထိစောင့်ဆိုင်းနိုင်မည် ဆိုပါက အက်သလက်တီကိုနည်းပြ ဆီမြွန်နီနှင့် ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာတို့ကို ရနိုင်ဖွယ်ရှိသည်ဟု ဒေးလီးမေးလ်သတင်းစာက သုံးသပ်ခဲ့သည်။
AMM


Monday, October 26, 2015

မန်ချက်စတာ ဒါဘီ ဂိုးမရှိသရေကျပြီး မန်စီးတီးဇယားထိပ်ရောက်

ယမန်နေ့ညက ကစားသော မန်ချက်စတာဒါဘီပွဲမှာ စိတ်ပျက်စရာကောင်းခဲ့ပြီး ဂိုးမရှိသရေကျခဲ့ကာ မန်စီးတီးအသင်း ပရီးမီးယားလိဂ် ဇယားထိပ်သို့ တက်ရောက်သွားသည်။

မန်စီးတီးသည် အာဆင်နယ် နှင့်  ရမှတ်ချင်းတူသော်လည်း ဂိုးကွာခြားချက်ဖြင့် ထိပ်ဆုံးရောက်သွားသည်။

မန်ယူမှာ နံပါတ်လေးနေရာတွင် ရပ်တည်နေပြီး ချယ်လ်ဆီးကို နိုင်ခဲ့သော ၀က်စ်ဟမ်းမှာ မန်ယူအထက်တွင် ရှိနေသည်။

လူစားဝင်လာသူ ဂျက်စီလင်းဂတ်၏ ကန်ချက် ဂိုးဘားတန်းကိုထိ၍ ပြန်ထွက်လာသော အချိန်သည် မန်ယူဂိုးရရန် အနီးစပ်ဆုံး အချိန်ဖြစ်ခဲ့သည်။ နှစ်သင်းစလုံးက ထိန်းကစားနေ၍ ဂိုးဖန်တီးမှုပင် များများစားစား မတွေ့ခဲ့ရပေ။

အခြားပွဲစဉ်တွင် ဆန်းဒါးလန်းက နယူးကာဆယ်ကို ၃-၀ ဂိုးဖြင့် အနိုင်ယူပြီး ယခုနှစ် ပရီးမီးယားလိဂ်ရာသီ ပထမဆုံးနိုင်ပွဲ ရှာတွေ့သွားခဲ့သည်။

အီတလီစီးရီးအေတွင် ဂျူဗင်တပ်က အတ္တလန်တာကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နွေရာသီ၌ ရောက်လာခဲ့သော တိုက်စစ်မှူး ဒိုင်ဘာလ ခြေစွမ်းပြခဲ့သည်။

ကိုယ်တိုင် တစ်ဂိုးသွင်း၍ အခြားတစ်ဂိုးကို ဖန်တီးပေးခဲ့သည်။ အေစီမီလန်က ဆက်ဆူလိုကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်

ဘိုင်ယန်၏ အကြိမ်၁,၀၀၀နိုင်ပွဲအပြီး ပရိသတ်အား ဘီယာအခမဲ့တိုက်

စနေနေ့က ကိုလုံးအသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့သော ဘိုင်ယန်မြူနစ် အသင်းသည် ဘွန်ဒက်စ်လီဂါတွင် အကြိမ် ၁,၀၀၀ မြောက် နိုင်ပွဲရသော ပထမဆုံးအသင်း ဖြစ်လာခဲ့သည်။

ဝါဒါဘရီမင်တစ်သင်းသာ ဘွန်ဒက်စ်လီဂါတွင် ၇၄၁ ပွဲ အနိုင်ရဖူးပြီး ပွဲပေါင်း ၇၅၀ ပင် အနိုင်ရဖူးသော အသင်းမရှိပေ။

ယခုနှစ် ဘောလုံးရာသီအစတွင် ၁၀ ပွဲမြောက် အနိုင်ရခဲ့သည့် ဘိုင်ယန်အသင်းက ကိုလုံးအသင်းကို အနိုင်ရသည့်ပွဲအပြီး၌ ပရိသတ်များကို ဘီယာ အခမဲ့တိုက်မည်ဟု အသင်း၏ တွစ်တာစာမျက်နှာတွင် ကြေညာထား ခဲ့သည်။

ယင်းပွဲပြီးနောက် ဘိုင်ယန်အသင်းသည် ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားကို ၁၀ မှတ်အသာဖြင့် ဦးဆောင်ထားသည်။ ဒဏ်ရာမှ သက်သာပြီး ဘိုင်ယန်တွင် ပြန်လည် ပါဝင်ကစားခဲ့သည့် အာဂျန်ရော်ဘင်က တစ်ဂိုး သွင်းယူခဲ့သည်။ ယင်းနောက် အာတူရို ဗီဒယ်၊ လီဝမ်ဒေါစကီးနှင့် မူလာ တို့က တစ်ဂိုးစီ သွင်းယူခဲ့ကြသည်။

အခြားပွဲစဉ်တစ်ခုတွင် ၀ုဖ်ဘတ်အသင်းက ယခုရာသီ၏ ပထမဆုံး အဝေးကွင်းနိုင်ပွဲအဖြစ် ဒမ်းစတက်စ်အသင်းကို တစ်ဂိုး-ဂိုး မရှိဖြင့် အနိုင်ရခဲ့သည်။

နောက်ပွဲစဉ်တစ်ခုတွင် လေဗာကူဆင်က စတုဂတ်ကို နောက်မှ လိုက်ကစားပြီး ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဝါဒါဘရီမင်အသင်းသည် ခြောက်ပွဲကစားပြီးနောက် ပထမဆုံးနိုင်ပွဲအဖြစ် မိန့်ဇ်အသင်းကို ၃-၁ ဂိုးဖြင့် နိုင်ခဲ့သဖြင့် နည်းပြ ဗစ်တာစကရစ်နစ်အတွက် ဖိအားအချို့ လျော့ကျသွားခဲ့သည်။ မိန့်ဇ်အသင်းက နာကျင်အချိန်ပိုတွင်မှ နှစ်သိမ့်ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သည်

၁၅ မြန်မာနေရှင်နယ် လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၂၁) ဒုတိယရက်ပွဲများတွင် တန်းဆင်းဇုန်အတွင်း ကျရောက် နေခဲ့သည့် မနောမြေအသင်းမှာ ဧရာဝတီအသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သဖြင့် မြန်မာလိဂ်၌ တန်းမဆင်းရရေး မျှော်လင့်ချက်  ပြန်လည်ရှင်သန်လာခဲ့သည်

၁၅ မြန်မာနေရှင်နယ် လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၂၁) ဒုတိယရက်ပွဲများတွင် တန်းဆင်းဇုန်အတွင်း ကျရောက် နေခဲ့သည့် မနောမြေအသင်းမှာ ဧရာဝတီအသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သဖြင့် မြန်မာလိဂ်၌ တန်းမဆင်းရရေး မျှော်လင့်ချက်  ပြန်လည်ရှင်သန်လာခဲ့သည်
AMM

2016အာဆီယံအမျိုးသမီးဖူဆယ်ပြိုင်ပွဲမြန်မာအိမ်ရှင်အဖြစ်လက်ခံမည်

၂၀၁၆ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ နှင့် အာဆီယံဖူဆယ်ချန်ပီယံရှစ် (အမျိုးသား) ပြိုင်ပွဲများကို မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းရရှိသည်
AMM

စောငမန်း၊စောဂေါ်မူတို နှင့်တွဲဆိုင်းအချို့သရေကျ

 ရန်ကုန်မြို့တွင် ကျင်းပ ခဲ့သည့် ULTIMATE FIGHT မြန် မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် မြန်မာပြည် ပထမတန်း လက်ဝှေ့ ချန်ပီယံဟောင်း စောငမန်းနှင့် စောဂေါ်မူတို၊ စိုးလင်းဦးနှင့် သပြေညိုတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ငါးချီအဓိက စိန်ခေါ်ပွဲများ  အပါအ၀င် ပွဲစဉ်အများစုမှာ သရေရလဒ်များ ထွက်ပေါ်ခဲ့သည်
AMM

MNL CLUB တန်းတတ်Horizon Fcအသင်းယူဂန်ဒါကစားသမားများဦးစားပေးခေါ်ယူမည်

၀၁၆ မြန်မာနေရှင်နယ် လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲသို့ တန်းတက်နိုင်ခဲ့သည့် Horizon FC အသင်းသည် လာမည့်ရာသီ တွင် ပြည်ပအားကစားသမားများ  ခေါ်ယူရာ၌ ယူဂန်ဒါနိုင်ငံမှ ကစားသမားများအား ဦးစားပေးခေါ်ယူမည်ဖြစ်ကြောင်း သတင်းရရှိ သည်
AMM

ဗီလာနည်းပြထုတ်ပယ်ခံရ

ပရီးမီးယားလိဂ်ဇယား အောက်ဆုံးဒုတိယနေရာတွင် ရောက်ရှိနေသော အက်စတွန်ဗီလာအသင်းက နည်းပြတင်မ်ရှား ၀ုဒ်ကို အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း ကြေညာလိုက်သည်
AMM

မန်းစီးတီးအဆင့်၁ရပ်တည်

ယမန်နေ့ညက ကစားသော မန်ချက်စတာဒါဘီ ပွဲမှာ စိတ်ပျက်စရာကောင်းခဲ့ပြီး ဂိုးမရှိသရေကျခဲ့ကာ မန်စီးတီး အသင်း ပရီးမီးယားလိဂ်ဇယား ထိပ်သို့ တက်ရောက်သွားသည်။ မန်စီးတီးသည် အာဆင်နယ် နှင့်  ရမှတ်ချင်းတူသော်လည်း ဂိုးကွာခြားချက်ဖြင့် ထိပ်ဆုံးရောက် သွားသည်
AMM

Saturday, October 24, 2015

အာရှယူ၁၉ခြေစစ်ပွဲတွင်ပရိတ်သတ်ကွင်းအတွင်းဝင်ရောက်မှုကြောင့်မြန်မာအသင်းပြစ်ဒဏ်ချခံရ

 မြန်မာနိုင်ငံက အိမ်ရှင်  အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၁၆ အာရှ ယူ-၁၉ခြေစစ်ပွဲအုပ် စုပွဲစဉ်တစ်ပွဲဖြစ်သည့် မြန်မာနှင့် ဟောင်ကောင်အသင်းတို့ပွဲတွင် ပရိသတ်တစ်ဦး ကွင်းအတွင်း ၀င် ရောက်ခဲ့မှုနှင့် ကွင်းအတွင်းသို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် အာရှဘောလုံးအဖွဲ့ချုပ်က ဒဏ်ကြေး ကန်ဒေါ်လာ ၂၅,၅၀၀ နှင့် အိမ်ကွင်းတစ်ပွဲပိတ် ပြစ်ဒဏ် ချမှတ်ခဲ့သည်
အောင်မြင့်မြတ်

ရန်ကုန်ယူနိုက်တက်အသင်းဘရာဇီးနည်းပြခန့်အပ်ရန်စီစဉ်

၂၀၁၅ မြန်မာနေရှင်နယ် လိဂ် ချန်ပီယံရန်ကုန်ယူနိုက်တက် အသင်းသည် နိုဝင်ဘာအတွင်း ကျင်းပမည့် တိုယိုတာမဲခေါင် ဒေသဖလား ပြိုင်ပွဲအတွက် ဘရာဇီးနည်းပြ Jairo Swirsky နှင့် ညှိနှိုင်းလျက်ရှိပြီး အဆင်မပြေပါက အခြားနိုင်ငံခြားသားနည်းပြ တစ်ဦး ခေါ်ယူမည်ဖြစ်ကြောင်း သတင်းရရှိသည်
အောင်မြင့်မြတ်

အာဆီယံဘောလုံးလောကဖွံ့ဖြိုးတိုးတတ်ရေးဥက္ကဌအဖြစ်ဦးဇော်ဇော်ခန့်အပ်ခံရ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်အား အာဆီယံဘောလုံးလောကဖွံ့ဖြိုးတိုးတက်ရေးဥက္ကဋ္ဌအဖြစ် ခန့်အပ်ရန် မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် အာဆီယံဘောလုံးအဖွဲ့ချုပ် ကောင်စီအစည်းအဝေး၌ ဆုံးဖြတ်လိုက်သည်
အောင်မြင့်မြတ်

MNL ပွဲစဉ် ၂၁ ရတနာပုံ မကွေး ကမ္ဗောဇတို့အနိုင်ရ

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၂၁) ပထမရက်ပွဲစဉ်များ တွင် မကွေး၊ ကမ္ဘောဇနှင့် ရတနာ ပုံအသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး ချင်းယူနိုက်တက်အသင်းနှင့် ဇေယျာရွှေမြေအသင်းတို့ ပွဲသည် သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်
အောင်မြင့်မြတ်

Friday, October 23, 2015

Jurgen Klopp ကတော့ သူ့ရဲ့ ပွဲဦးထွက်မှာ တစ်ယောက်လျော့ ရူဘင်ကာဇန်ကို သရေသာ ရယူနိင်ခဲ့ပါတယ်။

ရူဘင်ကာဇန်က Devic က ပွဲအစ ဆယ့်ငါးမိနစ်မှာတင် ပွဲအတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး လီဗာပူးလ်ကို နောက်ကောက်ချနေတာပါ။
လီဗာပူးလ်ကတော့ ပွဲတစ်လျှောက်လုံး ဖိကစားခဲ့ပြီး Benteke ရဲ့ တိုင်ထိသွားတဲ့ ကန်ချက်ကလွဲလို့ အခွင့်အရေး ကြီးကြီးမားမား မဖန်တီးနိုင်ခဲ့ပါဘူး။
ရူဘင်ကာဇန်ရဲ့ အသင်းခေါင်းဆောင် Kuzmin ကတော့ ၃၆ မိနစ် မှာတင် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဦးဆောင်ဂိုးကိုတော့ ပွဲအစ ဆယ့်ငါးမိနစ်မှာ ကာဇန်ကွင်းလယ်က Long Pass ကို Clyne နဲ့ Skrtel တို့ လူကပ်ပုံ မှားယွင်းနေတာကနေ Devic က ကန်သွင်းခဲ့ပါတယ်။
ချေပဂိုးကိုတော့ ၃၇ မိနစ်မှာ Coutinho ရဲ့ ပြစ်ဒဏ်ဘောကနေ ကျလာတဲ့ ဘောလုံးကို Emre Can က အသာအယာ ပိတ်သွင်းခဲ့တာပါ။

ကွာဘာလာ ၁ - ၃ ဒေါ့မွန်

ဒေါ့မွန်ကတော့ ယူရိုပါလိဂ်မှာ အောင်ပွဲတွေတောက်လျှောက်ခံနေပါတယ်။ အုပ်စု(ဂ)မှာတော့ ဦးဆောင်သူတွေအဖြစ် ဆက်ရှိနေပါတယ်။ အဇာဘိုင်ဂျန်ကလပ် ကွာဘာလာကတော့ ဥရောပစစ်မျက်နှာမှာတော့ မျက်နှာပန်းမလှသေးပါဘူး။ ဒီပွဲမှာတော့ ဒေါ့မွန်တိုက်စစ်မှူး Aubameyang က အကောင်းဆုံးပုံစံနဲ့ ဟက်ထရစ်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဒေါ့မွန်ကတော့ ဘွန်ဒက်စ်လီဂါမှာလည်း ရလဒ်ကောင်းတွေကို ဆက်တိုက်ဆိုသလိုရယူနေပြီး ယူရိုပါလိဂ်မှာ ဗိုလ်စွနိုင်ချေအတွက် တစ်ပေးခံနေရပါတယ်။

လာဇီယို ၃ - ၁ ရိုစင်ဘော့

လာဇီယိုကတော့ စီးရီးအေမှာ ရလဒ်သိပ်မကောင်းပေမယ့် ယူရိုပါလိဂ်မှာတော့ လိုအပ်တဲ့နိုင်ပွဲတွေကို ရယူနေနိုင်ပါတယ်။ ရိုစင်ဘော့က ဖိကစားခဲ့ပြီး တန်ပြန်တိုက်စစ်တွေကနေ ဂိုးတွေပြန်ပေးလိုက်ရတာပါ။
ဂိုးတွေကိုတော့ ၂၆ မိနစ်မှာ Matri က ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး
Felipe Anderson က ဒုတိယဂိုးနဲ့ Søderlund က ၆၉ မိနစ်မှာ ချေပဂိုးတစ်ဂိုး ပြန်သွင်းယူခဲ့ပေမယ့် Candreva က ၆၉ မိနစ်မှာ တတိယအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

မစ်ဂျယ်လန်း  ၁ - ၄  နာပိုလီ

အန်ဒါလက်ခ်ျ  ၂ - ၁  စပါး

ပါတီဇန်    ၀ - ၂  ဘီလ်ဘာအို

ပွဲဦးထွက်မှာ သရေပဲရခဲ့တဲ့ ကလော့ပ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်များ

Jurgen Klopp ကတော့ သူ့ရဲ့ ပွဲဦးထွက်မှာ တစ်ယောက်လျော့ ရူဘင်ကာဇန်ကို သရေသာ ရယူနိင်ခဲ့ပါတယ်။

ရူဘင်ကာဇန်က Devic က ပွဲအစ ဆယ့်ငါးမိနစ်မှာတင် ပွဲအတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး လီဗာပူးလ်ကို နောက်ကောက်ချနေတာပါ။
လီဗာပူးလ်ကတော့ ပွဲတစ်လျှောက်လုံး ဖိကစားခဲ့ပြီး Benteke ရဲ့ တိုင်ထိသွားတဲ့ ကန်ချက်ကလွဲလို့ အခွင့်အရေး ကြီးကြီးမားမား မဖန်တီးနိုင်ခဲ့ပါဘူး။
ရူဘင်ကာဇန်ရဲ့ အသင်းခေါင်းဆောင် Kuzmin ကတော့ ၃၆ မိနစ် မှာတင် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဦးဆောင်ဂိုးကိုတော့ ပွဲအစ ဆယ့်ငါးမိနစ်မှာ ကာဇန်ကွင်းလယ်က Long Pass ကို Clyne နဲ့ Skrtel တို့ လူကပ်ပုံ မှားယွင်းနေတာကနေ Devic က ကန်သွင်းခဲ့ပါတယ်။
ချေပဂိုးကိုတော့ ၃၇ မိနစ်မှာ Coutinho ရဲ့ ပြစ်ဒဏ်ဘောကနေ ကျလာတဲ့ ဘောလုံးကို Emre Can က အသာအယာ ပိတ်သွင်းခဲ့တာပါ။

ကွာဘာလာ ၁ - ၃ ဒေါ့မွန်

ဒေါ့မွန်ကတော့ ယူရိုပါလိဂ်မှာ အောင်ပွဲတွေတောက်လျှောက်ခံနေပါတယ်။ အုပ်စု(ဂ)မှာတော့ ဦးဆောင်သူတွေအဖြစ် ဆက်ရှိနေပါတယ်။ အဇာဘိုင်ဂျန်ကလပ် ကွာဘာလာကတော့ ဥရောပစစ်မျက်နှာမှာတော့ မျက်နှာပန်းမလှသေးပါဘူး။ ဒီပွဲမှာတော့ ဒေါ့မွန်တိုက်စစ်မှူး Aubameyang က အကောင်းဆုံးပုံစံနဲ့ ဟက်ထရစ်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဒေါ့မွန်ကတော့ ဘွန်ဒက်စ်လီဂါမှာလည်း ရလဒ်ကောင်းတွေကို ဆက်တိုက်ဆိုသလိုရယူနေပြီး ယူရိုပါလိဂ်မှာ ဗိုလ်စွနိုင်ချေအတွက် တစ်ပေးခံနေရပါတယ်။

လာဇီယို ၃ - ၁ ရိုစင်ဘော့

လာဇီယိုကတော့ စီးရီးအေမှာ ရလဒ်သိပ်မကောင်းပေမယ့် ယူရိုပါလိဂ်မှာတော့ လိုအပ်တဲ့နိုင်ပွဲတွေကို ရယူနေနိုင်ပါတယ်။ ရိုစင်ဘော့က ဖိကစားခဲ့ပြီး တန်ပြန်တိုက်စစ်တွေကနေ ဂိုးတွေပြန်ပေးလိုက်ရတာပါ။
ဂိုးတွေကိုတော့ ၂၆ မိနစ်မှာ Matri က ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး
Felipe Anderson က ဒုတိယဂိုးနဲ့ Søderlund က ၆၉ မိနစ်မှာ ချေပဂိုးတစ်ဂိုး ပြန်သွင်းယူခဲ့ပေမယ့် Candreva က ၆၉ မိနစ်မှာ တတိယအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

မစ်ဂျယ်လန်း  ၁ - ၄  နာပိုလီ

အန်ဒါလက်ခ်ျ  ၂ - ၁  စပါး

ပါတီဇန်    ၀ - ၂  ဘီလ်ဘာအို

စင်ကာပူ Merlion ဖလားပြိုင်ပွဲသို့ မြန်မာအသင်း ယှဉ်ပြိုင်မည်

စင်ကာပူ ဘောလုံးအဖွဲ့ချုပ် (FAS) က ကြီးမှုးကျင်းပမည့် ၂၀၁၆ စင်ကာပူ Merlion ဖလား ဘောလုံးပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်အသင်း ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို ယှဉ်ပြိုင်ရန်အတွက် FAS သည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)ထံ တရားဝင် ဖိတ်ကြားခဲ့ပြီး MFF ကလည်း မြန်မာ့လက်ရွေးစင် အသင်းအား စေလွှတ်ယှဉ်ပြိုင်ရန် သဘောတူခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို လာမယ့် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ကျင်းပသွားမည်ဖြစ်ပြီး အိမ်ရှင်စင်ကာပူ လက်ရွေးစင်အသင်းလည်း ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ အာရှဒေသတွင်းမှ ကလပ်အသင်းများနှင့် လက်ရွေးစင် အသင်းများကို ဖိတ်ကြားထားကြောင်း သိရသည်။

စင်ကာပူ Merlion ဖလားပြိုင်ပွဲကို အသင်း ၄ သင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲမှာ အစဉ်အလာကြီးမားသည့် ပြိုင်ပွဲဖြစ်ကာ နာမည်ကြီးအသင်းများ ၀င်ရောက် ယှဉ်ပြိုင်လေ့ရှိကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို ပြီးခဲ့သည့် ၁၉၈၂ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး အာရှဒေသတွင်းမှ လက်ရွေးစင်အသင်းများ ၊ ဥရောပမှ ကလပ်အသင်းများ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးကာ နောက်ဆုံးကျင်းပသည့် ၂၀၀၉ ပြိုင်ပွဲတွင် ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးလ်အသင်းက ဗိုလ်စွဲထားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အသင်းမှာလည်း ၂၀၁၆ ခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ရည်ရွယ်ကာ ယင်းပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ကိုင်တွယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဂတ်ဖရိုင်းဒရစ်သည် လာမည့် နိုဝင်ဘာ ၇ ရက်တွင် ဟောင်ကောင်မြို့တွင် ခြေစွမ်းပွဲအဖြစ် ဟောင်ကောင် အသင်းနှင့် လည်းကောင်း နိုဝင်ဘာ ၁၂ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆူဝန်မြို့တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် တောင်ကိုရီးယား အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် လာမည့် နိုဝင်ဘာလဆန်းမှ စ၍ လေ့လာမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်

Thursday, October 22, 2015

မန်မာဖူဆယ်အသင်း ထိုင်းဖူဆယ်လိဂ် ၀င်ပြိုင်ခွင့်ရရေး ကြိုးပမ်း

၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ထိုင်း ဖူဆယ်လိဂ် ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် ဖူဆယ် အမျိုးသားအသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရေး ကြိုးပမ်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းရရှိသည်။

ထိုင်းနိုင်ငံ၏ ဖူဆယ်အဆင့်အတန်းသည် အာရှအဆင့်၌သာမက ကမ္ဘာ့အဆင့်အထိပါ ယှဉ်ပြိုင်ခွင့် ရရှိနေပြီဖြစ်၍ မြန်မာဖူဆယ် အသင်းကို အတွေ့အကြုံကောင်း များရရှိစေရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

‘‘ထိုင်းဖူဆယ်လိဂ်မှာ ယှဉ်ပြိုင်နိုင်ဖို့ ထိုင်းဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုထားပါတယ်။ လိဂ်မှာ  ဝင်ပြိုင်ခွင့်ရခဲ့ရင်  မြန်မာဖူဆယ် အသင်းအတွက် အတွေ့အကြုံကောင်းတွေ ရရှိလာမှာပါ။ လိဂ်မှာ ဝင်ပြိုင်ခွင့် မရခဲ့လည်း မလေးရှားဆီးဂိမ်း မတိုင်မီ ငါးလခန့် ထိုင်းမှာ ပူးပေါင်းလေ့ကျင့်မှုတွေ သွားရောက်ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်’’ဟု ဦးကိုကိုသိန်းက ပြောသည်။

၂၀၁၅ ထိုင်းဖူဆယ်လိဂ်တွင် ပြိုင်ပွဲဝင် စုစုပေါင်း ၁၄ သင်း ယှဉ်ပြိုင်ခဲ့ပြီး ချောင်ဘူရီ ဖူဆယ်အသင်းက ရမှတ် ၇၂ မှတ်ဖြင့် ဗိုလ်စွဲခဲ့သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏ လေ့ကျင့်ရေး အစီအစဉ်များကို အာဆီယံဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲပြီးကတည်းက ရပ်နားထားကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၈ ရက်မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် ၂၀၁၅ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲတွင် ထိုင်းအသင်းက ဗိုလ်စွဲခဲ့သည်။ ယင်းပြိုင်ပွဲသည် (၁၂) ကြိမ်မြောက်ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ထိုင်းဖူဆယ်အသင်းက (၁၁)ကြိမ် မြောက်ဗိုလ်စွဲခြင်း ဖြစ်သည်။

အာဆီယံ ဖူဆယ်ပြိုင်ပွဲတွင်  မြန်မာအသင်းသည် စတင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၂၀၀၆ တွင် တတိယရရှိခဲ့ပြီး နောက်ပိုင်းနှစ်များ၌ အုပ်စုအဆင့်မှ ကျော်လွန်နိုင်ခြင်း မရှိခဲ့ပေ

မန်မာဖူဆယ်အသင်း ထိုင်းဖူဆယ်လိဂ် ၀င်ပြိုင်ခွင့်ရရေး ကြိုးပမ်း

၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ထိုင်း ဖူဆယ်လိဂ် ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် ဖူဆယ် အမျိုးသားအသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရေး ကြိုးပမ်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းရရှိသည်။

ထိုင်းနိုင်ငံ၏ ဖူဆယ်အဆင့်အတန်းသည် အာရှအဆင့်၌သာမက ကမ္ဘာ့အဆင့်အထိပါ ယှဉ်ပြိုင်ခွင့် ရရှိနေပြီဖြစ်၍ မြန်မာဖူဆယ် အသင်းကို အတွေ့အကြုံကောင်း များရရှိစေရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

‘‘ထိုင်းဖူဆယ်လိဂ်မှာ ယှဉ်ပြိုင်နိုင်ဖို့ ထိုင်းဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုထားပါတယ်။ လိဂ်မှာ  ဝင်ပြိုင်ခွင့်ရခဲ့ရင်  မြန်မာဖူဆယ် အသင်းအတွက် အတွေ့အကြုံကောင်းတွေ ရရှိလာမှာပါ။ လိဂ်မှာ ဝင်ပြိုင်ခွင့် မရခဲ့လည်း မလေးရှားဆီးဂိမ်း မတိုင်မီ ငါးလခန့် ထိုင်းမှာ ပူးပေါင်းလေ့ကျင့်မှုတွေ သွားရောက်ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်’’ဟု ဦးကိုကိုသိန်းက ပြောသည်။

၂၀၁၅ ထိုင်းဖူဆယ်လိဂ်တွင် ပြိုင်ပွဲဝင် စုစုပေါင်း ၁၄ သင်း ယှဉ်ပြိုင်ခဲ့ပြီး ချောင်ဘူရီ ဖူဆယ်အသင်းက ရမှတ် ၇၂ မှတ်ဖြင့် ဗိုလ်စွဲခဲ့သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏ လေ့ကျင့်ရေး အစီအစဉ်များကို အာဆီယံဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲပြီးကတည်းက ရပ်နားထားကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၈ ရက်မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် ၂၀၁၅ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲတွင် ထိုင်းအသင်းက ဗိုလ်စွဲခဲ့သည်။ ယင်းပြိုင်ပွဲသည် (၁၂) ကြိမ်မြောက်ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ထိုင်းဖူဆယ်အသင်းက (၁၁)ကြိမ် မြောက်ဗိုလ်စွဲခြင်း ဖြစ်သည်။

အာဆီယံ ဖူဆယ်ပြိုင်ပွဲတွင်  မြန်မာအသင်းသည် စတင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၂၀၀၆ တွင် တတိယရရှိခဲ့ပြီး နောက်ပိုင်းနှစ်များ၌ အုပ်စုအဆင့်မှ ကျော်လွန်နိုင်ခြင်း မရှိခဲ့ပေ

မန်မာဖူဆယ်အသင်း ထိုင်းဖူဆယ်လိဂ် ၀င်ပြိုင်ခွင့်ရရေး ကြိုးပမ်း

၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ထိုင်း ဖူဆယ်လိဂ် ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် ဖူဆယ် အမျိုးသားအသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရေး ကြိုးပမ်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းရရှိသည်။

ထိုင်းနိုင်ငံ၏ ဖူဆယ်အဆင့်အတန်းသည် အာရှအဆင့်၌သာမက ကမ္ဘာ့အဆင့်အထိပါ ယှဉ်ပြိုင်ခွင့် ရရှိနေပြီဖြစ်၍ မြန်မာဖူဆယ် အသင်းကို အတွေ့အကြုံကောင်း များရရှိစေရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

‘‘ထိုင်းဖူဆယ်လိဂ်မှာ ယှဉ်ပြိုင်နိုင်ဖို့ ထိုင်းဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုထားပါတယ်။ လိဂ်မှာ  ဝင်ပြိုင်ခွင့်ရခဲ့ရင်  မြန်မာဖူဆယ် အသင်းအတွက် အတွေ့အကြုံကောင်းတွေ ရရှိလာမှာပါ။ လိဂ်မှာ ဝင်ပြိုင်ခွင့် မရခဲ့လည်း မလေးရှားဆီးဂိမ်း မတိုင်မီ ငါးလခန့် ထိုင်းမှာ ပူးပေါင်းလေ့ကျင့်မှုတွေ သွားရောက်ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်’’ဟု ဦးကိုကိုသိန်းက ပြောသည်။

၂၀၁၅ ထိုင်းဖူဆယ်လိဂ်တွင် ပြိုင်ပွဲဝင် စုစုပေါင်း ၁၄ သင်း ယှဉ်ပြိုင်ခဲ့ပြီး ချောင်ဘူရီ ဖူဆယ်အသင်းက ရမှတ် ၇၂ မှတ်ဖြင့် ဗိုလ်စွဲခဲ့သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏ လေ့ကျင့်ရေး အစီအစဉ်များကို အာဆီယံဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲပြီးကတည်းက ရပ်နားထားကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၈ ရက်မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် ၂၀၁၅ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲတွင် ထိုင်းအသင်းက ဗိုလ်စွဲခဲ့သည်။ ယင်းပြိုင်ပွဲသည် (၁၂) ကြိမ်မြောက်ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ထိုင်းဖူဆယ်အသင်းက (၁၁)ကြိမ် မြောက်ဗိုလ်စွဲခြင်း ဖြစ်သည်။

အာဆီယံ ဖူဆယ်ပြိုင်ပွဲတွင်  မြန်မာအသင်းသည် စတင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၂၀၀၆ တွင် တတိယရရှိခဲ့ပြီး နောက်ပိုင်းနှစ်များ၌ အုပ်စုအဆင့်မှ ကျော်လွန်နိုင်ခြင်း မရှိခဲ့ပေ

ဂိုးသမား ကာဆီးလက်စ် ချန်ပီယံလိဂ်တွင် ဂိုးမပေးရသည့် စံချိန်တင်

ရီးရဲလ် ဂိုးသမားဟောင်းဖြစ်ပြီး လက်ရှိ ပေါ်တို ဂိုးသမားဖြစ်သည့် စပိန်လက်ရွေးစင် ကာဆီးလက်စ်သည် အင်္ဂါည ချန်ပီယံလိဂ်ပွဲတွင် ပေါ်တိုနှင့် ဝင်ကစားပြီး ယခင်က ဥရောပတွင် ဗန်ဒါဆား တင်ထားသည့်စံချိန် ကိုကျော်လွန်၍ ချန်ပီယံလိဂ်ပွဲ ၅၁ ပွဲ ဆက်တိုက် ဂိုးမပေးရသည့် စံချိန်သစ် ရရှိခဲ့သည်။

ကာဆီးလက်စ်သည် ပေါ်တိုသို့ ရောက်ခဲ့ရာတွင် ယခင် ရီးရဲလ်နှင့် ကစားခဲ့စဉ်က ဆက်တိုက် ဂိုးမပေးရသည့် မှတ်တမ်းအတိုင်း စံချိန် ဆက်လက် တင်နိုင်ခဲ့ရာ ယခင်အေဂျက်ဇ်၊ ဂျူဗင်တပ်နှင့် မန်ယူတို့တွင် ကစားပြီး ချန်ပီယံလိဂ် ပွဲ ၅၀ ဆက်တိုက်ကစားကာ ဆက်တိုက် ဂိုးမပေးရသည့်စံချိန် ရရှိခဲ့သည့် ဗန်ဒါဆား၏ စံချိန်ဟောင်းကို ချိုးလိုက်ခြင်း ဖြစ်သည်။

ကာဆီးလက်စ်သည် ပေါ်တိုသို့ ရောက်ရှိပြီးနောက် ပြီးခဲ့သည့် လက အသင်းနှင့် ချန်ပီယံလိဂ် ကစားရင်း ယခင် ဇာဗီဟာနန်ဒက်ဇ် တင်ထားသည့် ချန်ပီယံလိဂ် ပွဲအများဆုံး ကစားဖူးသည့် ၁၅၁ ပွဲ စံချိန်ကိုလည်း ချိုးနိုင်ခဲ့ပြီ ဖြစ်သည်

အင်္ဂါနေ့ညက ကန်ခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်ရလဒ်များ

အာက်တိုဘာ ၂၀ ရက် ညပိုင်းက ကစားခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်များတွင် ဘိုင်ယန်မြူးနစ်ကို အနိုင်ယူကာ အာဆင်နယ်အသင်း မျှော်လင့်ချက် အသက်ဆက်ခဲ့ပြီး မြို့ခံပြိုင်ဘက် ချယ်လ်ဆီးမှာမူ အဝေးကွင်းတွင် သရေတစ်မှတ်သာ ရယူနိုင်ခဲ့သည်။

အာဆင်နယ် ၂ - ၀ ဘိုင်ယန်မြူးနစ်

ချန်ပီယံလိဂ် အုပ်စု(F)တွင် အဖွင့်နှစ်ပွဲစလုံး အရေးနိမ့်ထားသည့် အာဆင်နယ်သည် ဂျာမန်ချန်ပီယံ ဘိုင်ယန်ကို ဒုတိယပိုင်း သွင်းဂိုးများဖြင့် အနိုင်ယူကာ အုပ်စုမှ လွတ်မြောက်ရေး မျှော်လင့်ချက်များ ပြန်လည် ရှင်သန်လာစေခဲ့သည်။

ယခုပွဲတွင် နှစ်သင်းစလုံး ကစားပုံကောင်းပြီး ဂိုးသွင်းခွင့်များ ရခဲ့သော်လည်း အမှားပိုများသည့်အသင်းက ရှုံးနိမ့်သွားခြင်း ဖြစ်သည်။ ဘိုင်ယန်၏ အကြိမ်ကြိမ် ထိုးဖောက်မှုများကို အာဆင်နယ် ဂိုးသမား ပီတာဆက်ခ်ျ ကာကွယ်နေသဖြင့် ပထမပိုင်းတွင် ဧည့်သည်အသင်း ခြေသာသော်လည်း ဂိုးမရခဲ့ချေ။

ထို့အတူ အာဆင်နယ်ဘက်မှ မီဆွတ်အိုဇေးလ်၊ သီအိုဝဲလ်ကော့တို့၏ ဂိုးသွင်းရန် အားထုတ်မှုများကို ဘိုင်ယန်ဂိုးသမား မန်နျူရယ်နျူအာ က တားဆီးခဲ့သည်။

ပွဲချိန် ၇၇ မိနစ်တွင်မူ နျူအာ၏ အမှားမှတစ်ဆင့် အာဆင်နယ် ဦးဆောင်ဂိုး စတင်ရရှိသည်။ ဆန်တီကာဇော်လာ ခုပ်တင်ပေးသည့် ပြစ်ဒဏ်ဘောကို  နျူအာ ထွက်ပုတ်ရာ ချိန်သား လွဲသွားသည့်နောက် အကာအကွယ်မဲ့ ဂိုးပေါက်ထဲသို့ အိုလီဗီရာ ဂီရော့ဒ်က ခေါင်းတိုက် သွင်းသွားခြင်း ဖြစ်သည်။

ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ဘိုင်ယန်၏ လူပေးကစားပုံ ပေါ့လျော့မှုမှတစ်ဆင့် ဟက်တာဘယ်လာရင် တစ်ကိုယ်တော် ဆွဲပြေးပြီး ချိုးပေးသည်ကို အိုဇေးလ် ကန်သွင်းရာ နျူအာ ပုတ်ထုတ်သော်လည်း ဂိုးစည်းကျော်နေပြီ ဖြစ်သဖြင့် ဒိုင်က ဂိုးအဖြစ် သတ်မှတ်ပေးပြီး အာဆင်နယ်တို့ နှစ်ဂိုးပြတ် အနိုင်ရကာ ယခုနှစ် ချန်ပီယံလိဂ်၏ ပထမဆုံး ၃ မှတ်ကို ပိုင်ဆိုင်နိုင်ခဲ့သည်။


ဘိတ်ဘိုရီဆော့ဗ် ၀ - ၂ ဘာစီလိုနာ

အများ မျှော်လင့်ထားသည့်အတိုင်း ဘာစီလိုနာသည် အဝေးကွင်းတွင် ဖြစ်လင့်ကစား ဘိတ်ကို သက်တောင့်သက်သာ ထိန်းချုပ်ကစားပြီး အနိုင်ရသွားခဲ့သည်။

ဒုတိယပိုင်း ပွဲစပြီး မကြာမီတွင် ဘယ်ခြမ်းမှ နေမာ တစ်ကိုယ်တော် ဆွဲယူ ထိုးဖောက်လာပြီး ဘီးကုပ်ထိပ်နားရှိ အိုင်ဗန်ရာကီတစ်ကို ချပေးရာ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူက အပြင်းကန်သွင်းပြီး လက်ရှိ ဥရောပ ချန်ပီယံတို့ ပွဲကို ဦးဆောင်ခဲ့သည်။

၆၄ မိနစ်တွင် နေမာပင် အနီးကပ် မျှောထုတ်ပေးလိုက်သည့် ဘောလုံးကို ရာကီတစ်က ဘိတ်ဂိုးသမားနှင့် အတွေ့တွင် အသာအယာ ကျော်ကန် သွင်းယူကာ ဘာစီလိုနာအတွက် ဒုတိယဂိုးကို ရယူသွားခြင်း ဖြစ်သည်။


ဒိုင်နမိုကိယက်ဗ် ၀ - ၀ ချယ်လ်ဆီး

ယူကရိန်းကလပ်သည် အာတမ်ကရာဗတ်စ်၊ အန်ဒရီယာမိုလန်ကို၊ ဗစ်တာလီ ဘူရယ်လ်စကီ အစရှိသည့် အဓိက တိုက်စစ်သမား အစုံအလင်ဖြင့် ချယ်လ်ဆီးကို ရင်ဆိုင်ခဲ့ပြီး ချယ်လ်ဆီးကမူ ခံစစ်ကို ပိုမိုအားပြုကာ ပြိုင်ဘက်၏ အမှားကို ချောင်းကစားရန် ကြိုးစားသွားခဲ့သည်။

ဒုတိယပိုင်း အစတွင် ချယ်လ်ဆီး ကွင်းလယ်လူ ဝီလျံ ကန်သွင်းသည့် ပြစ်ဒဏ်ဘော ဂိုးဘားတန်းထိကာ မြေထောက် ထွက်သွားခြင်းကြောင့် အင်္ဂလန် ချန်ပီယံတို့အတွက် နစ်နာခဲ့ရသည်။

ချယ်လ်ဆီးသည် ဝီလျံ၏ ညာခြမ်းကို အားပြုပြီး ဒိုင်နမို၏ ခံစစ်ကို ထိုးဖောက်မှုများ ပြုလုပ်ခဲ့သော်လည်း အီဒင်ဟာဇက်နှင့် ဒီယေဂို ကော်စတာတို့ကဲ့သို့ ချယ်လ်ဆီး တိုက်စစ်မှူးများကို အိမ်ရှင်အသင်းက အကောင်းဆုံး ထိန်းချုပ် ဟန့်တားသွားနိုင်သဖြင့် ဂိုးမရခဲ့ချေ။

၆၁ မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ဒိုင်နမို တောင်ပံလူ ဒါလစ်ဂွန်ဇာလက်ဇ် ဧရိယာထဲ၌ အပိုင်ကန်ခွင့် ရလာသော်လည်း ချယ်လ်ဆီးဂိုးသမား အက်စ်မာ ဘီဂိုဗစ် ကာကွယ်သွားသည်။ ထို့နောက်ပိုင်းတွင် နှစ်သင်းလုံး ဂိုးရရန် ရုန်းကန်ခဲ့ရပြီး ဂိုးမရှိ သရေဖြင့်သာ ပွဲပြီးသွားခဲ့သည်။


ဘေယာလေဗာကူဆင် ၄ - ၄ ရိုးမား

ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၃ ၏ ပထမနေ့ ပွဲစဉ်အားလုံးတွင် စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲစဉ်ဖြစ်ပြီး နှစ်သင်းပေါင်း ၈ ဂိုးထိ သွင်းယူခဲ့ကြသည်။ ပွဲအစ ၄ မိနစ်တွင် လေဗာကူဆင် တိုက်စစ်ကို တားဆီးရန် ကြိုးစားရင်း ရိုးမား နောက်ခံလူ ဗာဆီလစ် တိုရီုဆီဒစ် ဧရိယာထဲတွင် ဘောလုံးနှင့်လက် ထိမိပြီး ပင်နယ်တီ ပေးခဲ့ရသည်။

အဆိုပါ ပင်နယ်တီကို ဟာဗီးယား ဟာနန်ဒက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းပြီး အိမ်ရှင်ဂျာမန်အသင်း ပွဲကို ဦးဆောင်ခဲ့သည်။ ၁၉ မိနစ် တွင် လေဗာကူဆင် ခံစစ်မှူးများကြားမှ လူကျွံထောင်ချောက်ကို ပါးပါးနပ်နပ် ဖောက်ထွက်သွားသည့် ဟာနန်ဒက်ဇ်က ဂိုးသမား ဝိုဆစ်ခ်ျ ဆက်ဇီနီနှင့် တစ်ဦးချင်းအတွေ့တွင် နှစ်ဆင့်ကန်သွင်းကာ ဒုတိယဂိုး ရယူခဲ့သည်။

၂၉ မိနစ်တွင် ထောင့်ကန်ဘောမှ ကျလာသည့် ဘောလုံး ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေစဉ် ကော့စ်တက်စ် မာနိုလက်စ် ချပေးသည်ကို ဒန်နီရယ်လ် ဒီရော့ဆီက ရင်ဘတ်ဖြင့် တစ်ချက်တားကာ ဧရိယာထဲမှ အပိုင်ကန်သွင်းပြီး ရိုးမားတို့ တစ်ဂိုးပြန်လည် ချေပသည်။

၃၁ မိနစ်တွင် ထောင့်ဖြတ်ဘောကို ဟာနန်ဒက်ဇ် အပိုင် ပိတ်သွင်းမှု မြေထောက်ပြီး ဂိုးဘားပေါ် ကျော်သွားသဖြင့် မက္ကဆီကို လက်ရွေးစင် တိုက်စစ်မှူး အနေဖြင့် Hat-Trickရမည့် အခွင့်အရေး လွဲချော်သွားသည်။

၃၈ မိနစ်တွင် မီရာလမ် ယာနစ်ခ်ျ ကန်တင်ပေးသည့် ပြစ်ဒဏ်ဘောကို လူကပ်မခံထားရသည့် ဒီရော့ဆီကပင် လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းကာ ရိုးမားတို့ ဒုတိယ ချေပဂိုး ရရှိခဲ့ပြန်သည်။

၅၄ မိနစ်တွင် ယာနစ်ခ်ျက ဘီးကုပ်ထိပ်နားတွင် ရရှိသည့် ပြစ်ဒဏ်ဘောကို လှလှပပ ကန်သွင်းကာ ဧည့်သည်အသင်း ပွဲကို တစ်ကျော့ပြန် ဦးဆောင်လာခဲ့သည်။

ထိုအချိန်ထိ ရိုးမားရလာသည့် ၃ ဂိုးစလုံး တည်ကန်ဘောများကို အခြေခံနေသည်ကို တွေ့ရသည်။ ၇၃ မိနစ်တွင် ဂါဗင်ဟို ဘယ်ခြမ်းမှ ထိုးဖောက် တိုးဝင်လာပြီး ခင်းပေးသည်ကို လူစားဝင် တိုက်စစ်သမား အိုင်ဂို ဖယ်လ်ကယူက ဝင်ပိတ်ပြီး ရိုးမားတို့ ၄-၂ ဖြင့် ဦးဆောင် ကစားခွင့် ရလာခဲ့သည်။

၈၄ မိနစ်တွင် လေဗာကူဆင် ကွင်းလယ်လူ ကီဗင်ကမ်ပယ်လ်က ဘီးကုပ်အစွန်းနားမှ တိကျသော ကန်ချက်ဖြင့် ချေပဂိုး သွင်းယူခဲ့သည်။

၈၆ မိနစ်တွင် ကမ်ပယ်လ် မျှောထုတ်ပေးသည်ကို ဘယ်ခြမ်းမှ ပြေးတက်လာသည့် ဝမ်ဒဲလ်က ချိုးပေးလိုက်ရာ အက်ဒ်မာ မာဟ်မာဒီက အလိုက်သင့် ပိတ်သွင်းပြီး စတုတ္ထ ချေပဂိုး ရရှိကာ ၄-၄ ဖြင့် ပွဲသိမ်းခဲ့သည်။

အခြားပွဲစဉ်များတွင် အိုလံပီယာကော့စ်က အဝေးကွင်းတွင် ဒိုင်နမို ဇာဂရက်ဘ်ကို ၁-၀ ဖြင့် အနိုင်ရခဲ့ပြီး ပေါ်တိုက မက္ကာဘီ ဟိုင်ဖာကို အိမ်ကွင်းတွင် ၂-၀ ဖြင့် အနိုင်ရခဲ့သည်။

ဗလန်စီယာက ဂျန့်ကို အိမ်ကွင်းတွင် ၂-၁ ဖြင့် အနိုင်ရခဲ့ပြီး ဇင်းနစ် စိန့်ပီတာစဘာ့ဂ်ကလည်း အိုလံပစ် လိုင်ယွန်ကို အိမ်ကွင်းတွင် ၃-၁ ဖြင့် ဂိုးပြတ် အနိုင်ယူခဲ့သည်

အင်္ဂါနေ့ညက ကန်ခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်ရလဒ်များ

အာက်တိုဘာ ၂၀ ရက် ညပိုင်းက ကစားခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်များတွင် ဘိုင်ယန်မြူးနစ်ကို အနိုင်ယူကာ အာဆင်နယ်အသင်း မျှော်လင့်ချက် အသက်ဆက်ခဲ့ပြီး မြို့ခံပြိုင်ဘက် ချယ်လ်ဆီးမှာမူ အဝေးကွင်းတွင် သရေတစ်မှတ်သာ ရယူနိုင်ခဲ့သည်။

အာဆင်နယ် ၂ - ၀ ဘိုင်ယန်မြူးနစ်

ချန်ပီယံလိဂ် အုပ်စု(F)တွင် အဖွင့်နှစ်ပွဲစလုံး အရေးနိမ့်ထားသည့် အာဆင်နယ်သည် ဂျာမန်ချန်ပီယံ ဘိုင်ယန်ကို ဒုတိယပိုင်း သွင်းဂိုးများဖြင့် အနိုင်ယူကာ အုပ်စုမှ လွတ်မြောက်ရေး မျှော်လင့်ချက်များ ပြန်လည် ရှင်သန်လာစေခဲ့သည်။

ယခုပွဲတွင် နှစ်သင်းစလုံး ကစားပုံကောင်းပြီး ဂိုးသွင်းခွင့်များ ရခဲ့သော်လည်း အမှားပိုများသည့်အသင်းက ရှုံးနိမ့်သွားခြင်း ဖြစ်သည်။ ဘိုင်ယန်၏ အကြိမ်ကြိမ် ထိုးဖောက်မှုများကို အာဆင်နယ် ဂိုးသမား ပီတာဆက်ခ်ျ ကာကွယ်နေသဖြင့် ပထမပိုင်းတွင် ဧည့်သည်အသင်း ခြေသာသော်လည်း ဂိုးမရခဲ့ချေ။

ထို့အတူ အာဆင်နယ်ဘက်မှ မီဆွတ်အိုဇေးလ်၊ သီအိုဝဲလ်ကော့တို့၏ ဂိုးသွင်းရန် အားထုတ်မှုများကို ဘိုင်ယန်ဂိုးသမား မန်နျူရယ်နျူအာ က တားဆီးခဲ့သည်။

ပွဲချိန် ၇၇ မိနစ်တွင်မူ နျူအာ၏ အမှားမှတစ်ဆင့် အာဆင်နယ် ဦးဆောင်ဂိုး စတင်ရရှိသည်။ ဆန်တီကာဇော်လာ ခုပ်တင်ပေးသည့် ပြစ်ဒဏ်ဘောကို  နျူအာ ထွက်ပုတ်ရာ ချိန်သား လွဲသွားသည့်နောက် အကာအကွယ်မဲ့ ဂိုးပေါက်ထဲသို့ အိုလီဗီရာ ဂီရော့ဒ်က ခေါင်းတိုက် သွင်းသွားခြင်း ဖြစ်သည်။

ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ဘိုင်ယန်၏ လူပေးကစားပုံ ပေါ့လျော့မှုမှတစ်ဆင့် ဟက်တာဘယ်လာရင် တစ်ကိုယ်တော် ဆွဲပြေးပြီး ချိုးပေးသည်ကို အိုဇေးလ် ကန်သွင်းရာ နျူအာ ပုတ်ထုတ်သော်လည်း ဂိုးစည်းကျော်နေပြီ ဖြစ်သဖြင့် ဒိုင်က ဂိုးအဖြစ် သတ်မှတ်ပေးပြီး အာဆင်နယ်တို့ နှစ်ဂိုးပြတ် အနိုင်ရကာ ယခုနှစ် ချန်ပီယံလိဂ်၏ ပထမဆုံး ၃ မှတ်ကို ပိုင်ဆိုင်နိုင်ခဲ့သည်။


ဘိတ်ဘိုရီဆော့ဗ် ၀ - ၂ ဘာစီလိုနာ

အများ မျှော်လင့်ထားသည့်အတိုင်း ဘာစီလိုနာသည် အဝေးကွင်းတွင် ဖြစ်လင့်ကစား ဘိတ်ကို သက်တောင့်သက်သာ ထိန်းချုပ်ကစားပြီး အနိုင်ရသွားခဲ့သည်။

ဒုတိယပိုင်း ပွဲစပြီး မကြာမီတွင် ဘယ်ခြမ်းမှ နေမာ တစ်ကိုယ်တော် ဆွဲယူ ထိုးဖောက်လာပြီး ဘီးကုပ်ထိပ်နားရှိ အိုင်ဗန်ရာကီတစ်ကို ချပေးရာ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူက အပြင်းကန်သွင်းပြီး လက်ရှိ ဥရောပ ချန်ပီယံတို့ ပွဲကို ဦးဆောင်ခဲ့သည်။

၆၄ မိနစ်တွင် နေမာပင် အနီးကပ် မျှောထုတ်ပေးလိုက်သည့် ဘောလုံးကို ရာကီတစ်က ဘိတ်ဂိုးသမားနှင့် အတွေ့တွင် အသာအယာ ကျော်ကန် သွင်းယူကာ ဘာစီလိုနာအတွက် ဒုတိယဂိုးကို ရယူသွားခြင်း ဖြစ်သည်။


ဒိုင်နမိုကိယက်ဗ် ၀ - ၀ ချယ်လ်ဆီး

ယူကရိန်းကလပ်သည် အာတမ်ကရာဗတ်စ်၊ အန်ဒရီယာမိုလန်ကို၊ ဗစ်တာလီ ဘူရယ်လ်စကီ အစရှိသည့် အဓိက တိုက်စစ်သမား အစုံအလင်ဖြင့် ချယ်လ်ဆီးကို ရင်ဆိုင်ခဲ့ပြီး ချယ်လ်ဆီးကမူ ခံစစ်ကို ပိုမိုအားပြုကာ ပြိုင်ဘက်၏ အမှားကို ချောင်းကစားရန် ကြိုးစားသွားခဲ့သည်။

ဒုတိယပိုင်း အစတွင် ချယ်လ်ဆီး ကွင်းလယ်လူ ဝီလျံ ကန်သွင်းသည့် ပြစ်ဒဏ်ဘော ဂိုးဘားတန်းထိကာ မြေထောက် ထွက်သွားခြင်းကြောင့် အင်္ဂလန် ချန်ပီယံတို့အတွက် နစ်နာခဲ့ရသည်။

ချယ်လ်ဆီးသည် ဝီလျံ၏ ညာခြမ်းကို အားပြုပြီး ဒိုင်နမို၏ ခံစစ်ကို ထိုးဖောက်မှုများ ပြုလုပ်ခဲ့သော်လည်း အီဒင်ဟာဇက်နှင့် ဒီယေဂို ကော်စတာတို့ကဲ့သို့ ချယ်လ်ဆီး တိုက်စစ်မှူးများကို အိမ်ရှင်အသင်းက အကောင်းဆုံး ထိန်းချုပ် ဟန့်တားသွားနိုင်သဖြင့် ဂိုးမရခဲ့ချေ။

၆၁ မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ဒိုင်နမို တောင်ပံလူ ဒါလစ်ဂွန်ဇာလက်ဇ် ဧရိယာထဲ၌ အပိုင်ကန်ခွင့် ရလာသော်လည်း ချယ်လ်ဆီးဂိုးသမား အက်စ်မာ ဘီဂိုဗစ် ကာကွယ်သွားသည်။ ထို့နောက်ပိုင်းတွင် နှစ်သင်းလုံး ဂိုးရရန် ရုန်းကန်ခဲ့ရပြီး ဂိုးမရှိ သရေဖြင့်သာ ပွဲပြီးသွားခဲ့သည်။


ဘေယာလေဗာကူဆင် ၄ - ၄ ရိုးမား

ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၃ ၏ ပထမနေ့ ပွဲစဉ်အားလုံးတွင် စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲစဉ်ဖြစ်ပြီး နှစ်သင်းပေါင်း ၈ ဂိုးထိ သွင်းယူခဲ့ကြသည်။ ပွဲအစ ၄ မိနစ်တွင် လေဗာကူဆင် တိုက်စစ်ကို တားဆီးရန် ကြိုးစားရင်း ရိုးမား နောက်ခံလူ ဗာဆီလစ် တိုရီုဆီဒစ် ဧရိယာထဲတွင် ဘောလုံးနှင့်လက် ထိမိပြီး ပင်နယ်တီ ပေးခဲ့ရသည်။

အဆိုပါ ပင်နယ်တီကို ဟာဗီးယား ဟာနန်ဒက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းပြီး အိမ်ရှင်ဂျာမန်အသင်း ပွဲကို ဦးဆောင်ခဲ့သည်။ ၁၉ မိနစ် တွင် လေဗာကူဆင် ခံစစ်မှူးများကြားမှ လူကျွံထောင်ချောက်ကို ပါးပါးနပ်နပ် ဖောက်ထွက်သွားသည့် ဟာနန်ဒက်ဇ်က ဂိုးသမား ဝိုဆစ်ခ်ျ ဆက်ဇီနီနှင့် တစ်ဦးချင်းအတွေ့တွင် နှစ်ဆင့်ကန်သွင်းကာ ဒုတိယဂိုး ရယူခဲ့သည်။

၂၉ မိနစ်တွင် ထောင့်ကန်ဘောမှ ကျလာသည့် ဘောလုံး ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေစဉ် ကော့စ်တက်စ် မာနိုလက်စ် ချပေးသည်ကို ဒန်နီရယ်လ် ဒီရော့ဆီက ရင်ဘတ်ဖြင့် တစ်ချက်တားကာ ဧရိယာထဲမှ အပိုင်ကန်သွင်းပြီး ရိုးမားတို့ တစ်ဂိုးပြန်လည် ချေပသည်။

၃၁ မိနစ်တွင် ထောင့်ဖြတ်ဘောကို ဟာနန်ဒက်ဇ် အပိုင် ပိတ်သွင်းမှု မြေထောက်ပြီး ဂိုးဘားပေါ် ကျော်သွားသဖြင့် မက္ကဆီကို လက်ရွေးစင် တိုက်စစ်မှူး အနေဖြင့် Hat-Trickရမည့် အခွင့်အရေး လွဲချော်သွားသည်။

၃၈ မိနစ်တွင် မီရာလမ် ယာနစ်ခ်ျ ကန်တင်ပေးသည့် ပြစ်ဒဏ်ဘောကို လူကပ်မခံထားရသည့် ဒီရော့ဆီကပင် လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းကာ ရိုးမားတို့ ဒုတိယ ချေပဂိုး ရရှိခဲ့ပြန်သည်။

၅၄ မိနစ်တွင် ယာနစ်ခ်ျက ဘီးကုပ်ထိပ်နားတွင် ရရှိသည့် ပြစ်ဒဏ်ဘောကို လှလှပပ ကန်သွင်းကာ ဧည့်သည်အသင်း ပွဲကို တစ်ကျော့ပြန် ဦးဆောင်လာခဲ့သည်။

ထိုအချိန်ထိ ရိုးမားရလာသည့် ၃ ဂိုးစလုံး တည်ကန်ဘောများကို အခြေခံနေသည်ကို တွေ့ရသည်။ ၇၃ မိနစ်တွင် ဂါဗင်ဟို ဘယ်ခြမ်းမှ ထိုးဖောက် တိုးဝင်လာပြီး ခင်းပေးသည်ကို လူစားဝင် တိုက်စစ်သမား အိုင်ဂို ဖယ်လ်ကယူက ဝင်ပိတ်ပြီး ရိုးမားတို့ ၄-၂ ဖြင့် ဦးဆောင် ကစားခွင့် ရလာခဲ့သည်။

၈၄ မိနစ်တွင် လေဗာကူဆင် ကွင်းလယ်လူ ကီဗင်ကမ်ပယ်လ်က ဘီးကုပ်အစွန်းနားမှ တိကျသော ကန်ချက်ဖြင့် ချေပဂိုး သွင်းယူခဲ့သည်။

၈၆ မိနစ်တွင် ကမ်ပယ်လ် မျှောထုတ်ပေးသည်ကို ဘယ်ခြမ်းမှ ပြေးတက်လာသည့် ဝမ်ဒဲလ်က ချိုးပေးလိုက်ရာ အက်ဒ်မာ မာဟ်မာဒီက အလိုက်သင့် ပိတ်သွင်းပြီး စတုတ္ထ ချေပဂိုး ရရှိကာ ၄-၄ ဖြင့် ပွဲသိမ်းခဲ့သည်။

အခြားပွဲစဉ်များတွင် အိုလံပီယာကော့စ်က အဝေးကွင်းတွင် ဒိုင်နမို ဇာဂရက်ဘ်ကို ၁-၀ ဖြင့် အနိုင်ရခဲ့ပြီး ပေါ်တိုက မက္ကာဘီ ဟိုင်ဖာကို အိမ်ကွင်းတွင် ၂-၀ ဖြင့် အနိုင်ရခဲ့သည်။

ဗလန်စီယာက ဂျန့်ကို အိမ်ကွင်းတွင် ၂-၁ ဖြင့် အနိုင်ရခဲ့ပြီး ဇင်းနစ် စိန့်ပီတာစဘာ့ဂ်ကလည်း အိုလံပစ် လိုင်ယွန်ကို အိမ်ကွင်းတွင် ၃-၁ ဖြင့် ဂိုးပြတ် အနိုင်ယူခဲ့သည်

ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ပွဲ မတိုင်မီ ဂါရတ်ဘေးလ် ဒဏ်ရာရ

ပီအက်စ်ဂျီနှင့် ချန်ပီ ယံလိဂ်ပွဲမတိုင်မီ ဂါရတ်ဘေးလ် ဒဏ်ရာရရှိနေ၍ ရီးရဲလ်အသင်းအတွက် ဒဏ်ရာပြဿနာများ ကြီးမားလာသည်။

ဗုဒ္ဓဟူးညပွဲတွင် ဘေးလ် ပါဝင်ကစားနိုင်မည်လား ဆိုသည်မှာ ကစားသမား၏ ဒဏ်ရာသက်သာလာမှု အပေါ် မူတည်သည်ဟု ရီးရဲလ်မက်ဒရစ် အသင်းက ပြောကြားသည်။

စနေနေ့က လီဗန်တေးကို ၃-၀ ဂိုးဖြင့် နိုင်ခဲ့သော လာလီဂါပွဲစဉ်တွင် ပထမပိုင်းပြီးချိန်၌ ကြွက်သားဒဏ်ရာ ရရှိခဲ့သည့် ဘေးလ်အား လူစားလဲခဲ့ ရသည်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်နှင့် ဒါနီကာဗာဂျယ်တို့ ပါဝင်မည် မဟုတ်သော ရီးရဲလ်တွင် ဘန်ဇီးမား၊ ရာမို့စ်နှင့် ပီပီတို့ ပါဝင်ရန်လည်း မသေချာပေ။

လူကာမိုဒရစ်မှာမူ တနင်္လာနေ့က လေ့ကျင့်ခန်းဆင်းခဲ့၍ ပီ အက်စ်ဂျီနှင့် ပွဲတွင် ပါဝင်ကောင်း ပါဝင်နိုင်သည်။
ရီးရဲလ်နှင့် ပီအက်စ်ဂျီတို့ သည် ချန်ပီယံလိဂ်အုပ်စု (A) တွင် ခြောက်မှတ်စီဖြင့် ဦးဆောင်ထားသည်။

မန်စီးတီးအသင်းတွင်လည်း ဆေးလ်ဗား၊ အဂူရို၊ ကိုလာရော့ဗ်၊ ဖာဖီယန်ဒပ်ဖ်၊ ကလစ်ချီ၊ နာဆရီတို့ ပါဝင်ကစားနိုင်မည် မဟုတ်ပေ

စီနီယာအသင်းအပြင်လုငယ်အသင်းပါချန်ပီယံဆုလူငအသင်းပါရန်ကုန်ဆွတ်ခူးယ်

မန်မာနေရှင်နယ်လိဂ် ၂၀၁၅ (ယူ-၂၁) လူငယ်ပြိုင်ပွဲ နောက်ဆုံး ပွဲစဉ်များအား ယနေ့ကျင်းပရာ ရန်ကုန် ယူနိုက်တက် အသင်းသည် အိမ်ကွင်း YUSC မြက်ခင်းတုကွင်းတွင် ဇေယျာရွှေမြေကို အနိုင်ယူပြီး (၂၂)ပွဲကစား ရမှတ် (၅၄)မှတ်ဖြင့် ချန်ပီယံ ဆုဖလားအား သိမ်းပိုက်နိုင်ခဲ့သည်။

ရန်ကုန် ယူနိုက်တက် အသင်းသည် ယခုနှစ်တွင် စီနီယာ အသင်းကြီးရော လူငယ်အသင်းပါ ချန်ပီယံ ဆုဖလားများ ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ယခုနှစ် မြန်မာ နေရှင်နယ်လိဂ် လူငယ်ပြိုင်ပွဲတွင် ဒုတိယဆုအား ရတနာပုံ အသင်းက ရမှတ် (၄၈) မှတ်ဖြင့်လည်းကောင်း၊ တတိယဆုကို MFF Youth အသင်းက ရမှတ် (၄၀)မှတ်ဖြင့် လည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

ရန်ကုန်နှင့် ဇေယျာရွေမြေ လူငယ်အသင်း ပွဲစဉ်အပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ MFF အမှုဆောင် ဦးမိုးဆန်းအောင်နှင့် MFF အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်တို့က တတိယ ဆုရ MFF Youth အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များ ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ နှင့် ရန်ကုန်ယူနိုက်တက် အသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇက ဒုတိယဆုရ ရတနာပုံ အက်ဖ်စီ လူငယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဆုကြေး ကျပ်သိန်း(၁၀၀) အားချီးမြှင့်ပေးခဲ့ပြီး ဇွဲကပင် အသင်းပိုင်ရှင်နှင့် MFF အမှုဆောင် အဖွဲ့ဝင် ဦးလှဌေးက ချန်ပီယံ ရန်ကုန်ယူနိုက်တက် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဆုကြေး ကျပ်သိန်း (၂၀၀) အား ပေးအပ် ချီးမြှင့်ခဲ့သည်။

အစီအစဉ်အရ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ချန်ပီယံဆုဖလားအား ချီးမြှင့်ရာ ရန်ကုန်ယူနိုက်တက် အသင်းသားများ လက်ခံရယူခဲ့ပြီး ဆုပေးပွဲ အခမ်းအနား ရုတ်သိမ်းခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် ၂၀၁၅ (ယူ-၂၁) လူငယ်ပြိုင်ပွဲကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ အသင်းပေါင်း (၁၃)သင်းဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး MNL 1 လူငယ်အသင်းများနှင့် MFF Youth အသင်းတို့ ၂-ကျော့စနစ် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်

ချယ်လ်ဆီးက PSG နောက်ခံလူ Marquinhos ကို ပစ်မှတ်ထားနေ

ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ ဖရိုဖရဲဖြစ်နေတဲ့ နောက်တန်းအတွက် နာမည်ကျော် နောက်ခံလူတွေကို ခေါ်ယူသွားဖို့ရှိတယ်လို့ သိရပါတယ်။ နည်းပြ Mourinho ဟာ သူတို့ရဲ့ အားနည်းနေတဲ့ နောက်တန်းအတွက် Marquinhos , John Stones တို့ကို တောက်လျှောက် စောင့်ကြည့်နေပြီး လာမယ့် ဇန်နဝါရီမှာ အရခေါ်ယူသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရတာပါ။

Marquinhos ဟာ PSG အသင်းမှာ Thiago Silva , David Luiz တို့နောက်မှသာ ကစားနေရပြီး  ပွဲထွက် ကစားသမားအဖြစ် ကစားလို့ရတဲ့  အသင်းကို ပြောင်းရွှေ့နေချင်တယ် လို့လည်း  သိရပါတယ်။

သူ့ကိုတော့ ချယ်လ်ဆီးက အဓိက စိတ်ဝင်စားလျက်ရှိနေပြီး အဲဗာတန်နောက်ခံလူ Stones ကို ကမ်းလှမ်းမှုဟာ  အကြိမ်ကြိမ် ပယ်ချခံနေရလို့  အခြားနောက်ခံလူတွေကို ပြောင်းပြီး ပစ်မှတ်ထားနေရတာပါ။

ချယ်လ်ဆီးဟာ အသက်အရွယ်အရ အကျပိုင်းကို ရောက်နေတဲ့ John Terry နဲ့  Branislav Ivanovic တို့ရဲ့ နေရာမှာ အရည်အသွေးပြည့်မီတဲ့ နောက်ခံလူ တစ်ယောက်ကို ခေါ်ယူလိုနေတာပါ။

အသက် ၂၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ Marquinhos ဟာ ကိုရင်သီယန် (၂၀၁၁-၂၀၁၂) ၊ ရိုးမား (၂၀၁၂-၂၀၁၃) တို့မှာ ကစားခဲ့ဖူးပြီး ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် PSG အသင်းက ပေါင် ၃၁ သန်းနဲ့ ခေါ်ယူခဲ့တာပါ။

Marquinhos ကိုတော့ ချယ်လ်ဆီးအသင်းအပြင် ဘာစီလိုနာ အသင်းကလည်း စိတ်ဝင်စားနေပြီး သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ လောက် အသုံးပြုရဖွယ်ရှိတယ်လို့ မီဒီယာတွေက ခန့်မှန်းမှုတွေ ပြုလုပ်နေကြပါတယ်

ဘိုင်ယန်မြူးနစ်ကိုအိမ်ကွင်းမှာအမဲဖြတ်လိုက်တဲ့အာဆင်နယ်

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်ကို အသက်ဆက်နိုင်ခဲ့ပါပြီ။
အာဆင်နယ်အသင်းဟာ သူတို့ရဲ့အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကို ၂ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
အဆိုပါပွဲမတိုင်ခင်က ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဂွာဒီယိုလာ ပြောခဲ့သလို အာဆင်နယ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို အမဲဖြတ်သလို ကစားနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

အာဆင်နယ် 2 - 0 ဘိုင်ယန်မြူးနစ်

- Giroud 77 မိနစ်

- Ozil 90 မိနစ်

Ref : BBC

ဘောလုံးသတင်းများအစီအစဉ်ကို ကြည့်ရှုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်...
နှစ်သက်သဘောကျခဲ့ရင် သူငယ်ချင်းတွေကို မျှဝေပေးဖို့ မမေ့ပါနဲ့နော်..

သမိုင်းကြောင်းကောင်းခဲ့တဲ့ အနီရောင်အိပ်မက်များကို ထုဆစ်မည့်သူ

လီဗာပူးအသင်းရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် အင်္ဂလန် ဘောလုံးလောကရဲ့ အအောင်မြင်ဆုံးအသင်း ဥရောပ ဘောလုံးလောကမှာ အအောင်မြင်ဆုံး အင်္ဂလန်အသင်းစတဲ့ ဂုဏ်ပုဒ်တွေကို တွေ့ရမှာပါ။

၁၉၀၀-၀၁ ဘောလုံးရာသီမှာ အင်္ဂလန်အမှတ်ပေးဖလား ပထမဆုံးရယူခဲ့တဲ့ လီဗာပူးအသင်းဟာ ၁၉၉၀ အထိ နှစ်ပေါင်း ၉၀ အတွင်း အမှတ်ပေးဖလား ၁၈ လုံး ရယူခဲပြီး အင်္ဂလန် အမှတ်ပေးပြိုင်ပွဲ သမိုင်းရဲ့ အအောင်မြင်ဆုံးအသင်း အဖြစ် ပြတ်ပြတ်သားသား မှတ်တမ်းတင်ခဲ့ပါတယ်။

ဒါပေမယ့် ၁၉၉၀ မှာ နောက်ဆုံးအကြိမ်အဖြစ် အောင်ပွဲခံပြီး ပရီးမီးယားလိဂ်ခေတ်ကို ရောက်ရှိလာချိန်မှာတော့ လီဗာပူးအသင်းဟာ ခေတ်ဆိုးတစ်ခုကို ဖြတ်သန်းရသလို အမှတ်ပေးပြိုင်ပွဲမှာ အောင်မြင်မှုနဲ့ ဝေးကွာခဲ့ရပါတယ်။

၂၀၀၅ ခုနှစ်မှာ ငါးကြိမ်မြောက် ချန်ပီယံလိဂ်ဖလား (ယခင်ဥရောပဖလား) ကိုရယူပြီး အင်္ဂလန် ကလပ်အသင်းတွေထဲမှာ ဥရောပ အအောင်မြင်ဆုံး အသင်းအဖြစ် ဆက်လက်ရပ်တည်နေပေမယ့် အင်္ဂလန် အမှတ်ပေးပြိုင်ပွဲမှာတော့ ဆုဖလားနဲ့ ၂၅ နှစ်ကြာ ဝေးကွာနေခဲ့ရပါတယ်။

ဒီကာလအတွင်း လီဗာပူးအသင်းမှာ နည်းပြ ၈ ဦး ကိုင်တွယ်သွားခဲ့ပြီး အသင်းကို အောင်မြင်မှုတွေရအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် အများစုဟာ ရာထူးကနေ ထုတ်ပယ်ခြင်းကို ခံခဲ့ရကာ ကလပ်အသင်းနဲ့ လမ်းခွဲခဲ့ရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၄ ရက်မှာ လီဗာပူးအသင်းဟာ မြောက်အိုင်ယာလန် လူမျိုး နည်းပြဘရန်ဒန်ရော်ဂျာကို ရာထူးက ထုတ်ပယ်လိုက်ပြီး နောက် ၄ ရက် အကြာမှာ ဂျာမန်လူမျိုးနည်းပြ ယာဂန်ကလော့ပ်ကို တာဝန်ပေးခဲ့ပါတယ်။

ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်အသင်းမှာ အောင်မြင်မှုတွေ ရယူခဲ့တဲ့ ကလော့ပ်ဟာ လီဗာပူးအသင်းသမိုင်းမှာ ပထမဆုံး ဂျာမန်လူမျိုးနည်းပြ ဖြစ်လာပြီး အခုစနေနေ့မှာ လန်ဒန်ကလပ် စပါးအသင်းနဲ့ သူ့ရဲ့ပွဲဦးထွက်ကို ရင်ဆိုင်ခဲ့ရပြီး သရေရလဒ် ရရှိခဲ့ပါတယ်။

၂၀၁၁-၂၀၁၂ ခုနှစ်တွေမှာ ဂျာမန်အကောင်းဆုံး ဘောလုံးမန်နေဂျာဆု ၊ ၂၀၁၃ ခုနှစ်မှာ ဖီဖာ ဒုတိယအကောင်းဆုံး နည်းပြဆုတွေကို ရယူခဲ့တဲ့ ကလော့ပ်ဟာ သူ့ရဲ့နည်းပြ အရည်အသွေးတွေကို မိန့်ဇ် ၊ ဒေါ့မွန် အသင်းတွေမှာ ပြသနိုင်ခဲ့ သူပါ။

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အမှတ်ပေးချန်ပီယံ အောင်မြင်မှုနဲ့ဝေးကွာနေလို့ အသင်းအပေါ် အားမလိုအားမရ ဖြစ်နေတဲ့ လီဗာပူးပရိသတ်တွေ အတွက် လက်ရှိအချိန်မှာ ကလော့ပ်ဟာ အသင်းရဲ့ မျှော်လင့်ချက်ရောင်ခြည် တစ်ခုဖြစ်နေပါပြီ။

နယ်မြေသစ်မှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရတော့မယ့် ကလော့ပ်အနေနဲ့ အင်္ဂလန်မြေကို ခြေချချခြင်း သူ့ကိုယ်သူ Normal One လို့ နှိမ့်ချ ပြောဆိုခဲ့တာလည်း အင်္ဂလန်မီဒီယာတွေနဲ့ ပရိသတ်တွေအတွက် သဘောတွေ့စရာ ဖြစ်ခဲ့ပါတယ်။

နည်းပြသက်တမ်း (၁၅)နှစ်တာ ကာလအတွင်း လီဗာပူးလို အသင်းကြီး တစ်သင်းကို ကိုင်တွယ်ဖို့ လုံလောက်တဲ့ အရည်အသွေးကို ပြသနိုင်ခဲ့တဲ့ ယာဂန်ကလော့ပ် အနီရောင် လီဗာပူးပရိသတ်တွေရဲ့ မျှော်လင့်ချက် အိပ်မက်တွေကို အကောင်အထည် ပေါ်လာအောင် ထုဆစ်ရပါတော့မယ်။

သမိုင်းကြောင်းကောင်းခဲ့တဲ့ လီဗာပူးအသင်းဆီကို အောင်မြင်မှုတွေ တစ်ကျော့ပြန် ရောက်ရှိလာဦးမလား ဆိုတာကတော့ အချိန်အတိုင်းအတာ တစ်ရပ်က အဆုံးအဖြတ်ပေးသွားမှာပါ...

ဒီယေဂိုကော်စတာ မီဒီယာများ၏ ပစ်မှတ်ထားခံနေရ

ချဲလ်ဆီးအသင်းနည်းပြ မော်ရင်ညိုက စပိန်တိုက်စစ်မှူး ဒီယေဂို ကော်စတာသည် မီဒီယာများ၏ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံနေရကြောင်း စွပ်စွဲ ဟြေကြားလိုက်သည်။

ဒီယေဂိုကော်စတာ၏ အပြုအမူများကို ရေးသားဖော်ပြရာတွင် မီဒီယာများ အနေဖြင့် ပုံမှန်ထက် လွန်ကျုးစွာ ဖော်ပြနေကြောင်း၊ ထို့ကြောင့် ဒီယေဂို ကော်စတာသည် ဒိုင်လူကြီးများ၏ ပစ်မှတ်ဖြစ်လာကြောင်း ဟြေကြားခဲ့သည်။

ဒီယေဂိုကော်စတာသည်  အာဆင်နယ်နှင့်ပွဲတွင် ပြိုင်ဘက် နောက်ခံကစားသမား ကိုစီရယ်နီကို  ကြမ်းတမ်းစွာ ကစားခဲ့သော်လည်း  ပွဲကစားစဉ်အတွင်း အရေးယူခံရခြင်း မရှိပေ။

သို့သော် မီဒီယာများ၏ ဖော်ပြမှုကြောင့် ဒီယေဂို ကော်စတာသည် (၃) ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံလိုက်ရသည်။ မော်ရင်ညိုက ဒီယေဂိုကော်စတာ အကြောင်း ဖော်ပြရာတွင် မျှတမှုမရှိကြောင်း ဟြေကြားခဲ့ပြီး၊ ယင်းကဲ့သို့ ရေးသားခြင်းများသည် ကစားသမားအပေါ် သက်ရောက်မှုများစွာ ရှိစေခဲ့ကြောင်း ဆိုခဲ့သည်။

ဒီယေဂိုကော်စတာသည် ပွဲပယ်ပြစ်ဒဏ်မှ ကင်းလွတ်ခဲ့ပြီးနောက် အက်စတွန်ဗီလာနှင့် ကစားခဲ့သည့်ပွဲတွင် ချဲလ်ဆီးအသင်း အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့သည်။

မော်ရင်ညိုက ဒီယေဂိုကော်စတာ အကြောင်း ရေးသားဖော်ပြခြင်းများနှင့် ပတ်သက်ပြီး စိတ်ပျက်မိကြောင်း၊ ဒီယေဂို ကော်စတာသည် အများထင်သလို မဟုတ်ဘဲ ကွင်းထဲတွင် စိတ်အားထက်သန်မှု အပြည့်ဖြင့် ကစားတတ်သူ ဖြစ်ကြောင်း၊  မိမိအနေဖြင့် ဒီယေဂို က်ာစတာကို ဆုံးရှုံးရမည်ကို စိုးရိမ်ကြောင်း၊ တိုက်စစ်မှူးတစ်ဦးကို ဆုံးရှုံးခြင်းသည် အသင်းအပေါ် ရိုက်ခတ်မှု ဖြစ်စေကြောင်း၊ ဒီယေဂိုကော်စတာသည် အင်္ဂလိပ်စကား မတတ်ခြင်းကြောင့်  အ၀တ်လဲခန်းအတွင်း ခေါင်းဆောင် မဖြစ်နိုင်သော်လည်း သူ၏ ကြံ့ခိုင်မှုဖြင့် အသင်းကို အကောင်းဆုံး ပေးဆပ်နေကြောင်း ဟြေကြားခဲ့သည်

ရီးရဲလ်ကို ဂိုးသွင်းပါက ဒီမာရီယာ အောင်ပွဲခံမည်မဟုတ်

ပီအက်စ်ဂျီအသင်း ကွင်းလယ်တောင်ပံ ကစားသမား ဒီမာရီယာက မိမိအနေဖြင့် အသင်းဟောင်း ရီးရဲလ်နှင့် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့ပါက အောင်ပွဲခံသွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ပီအက်စ်ဂျီနှင့် ရီးရဲလ်တို့သည် လာမည့်ဗုဒ္ဓဟူးတွင် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် ကစားသွားမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ ဒီမာရီယာက ယခုကဲ့သို့ ဆိုခဲ့ခြင်းဖြစ်သည်။

အသက် (၂၇) နှစ်အရွယ်ရှိ အာဂျင်တီးနား ကစားသမား ဒီမာရီယာသည်  ရီးရဲလ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား ရယူခဲ့ပြီး မန်ယူအသင်းသို့ ပြောင်းခဲ့ခြင်းဖြစ်ကာ ထိုမှတစ်ဆင့် ပီအက်စ်ဂျီသို့  ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ဒီမာရီယာက မိမိအနေဖြင့် ရီးရဲလ်နှင့်ပွဲတွင် ဂိုးသွင်းယူနိုင်ပါက အောင်ပွဲခံမည် မဟုတ်ကြောင်း၊ မိမိသည် ရီးရဲလ်နှင့် ဖြတ်သန်းခဲ့သည့် အချိန်များကို အမြဲတမ်း သတိရနေကြောင်း၊ မိမိ၏ အသည်းနှလုံးထဲတွင် ရီးရဲလ်အသင်း အမြဲရှိနေကြောင်း ပြောကြားခဲ့သည်။

ဒီမာရီယာက မိမိအနေဖြင့်  ပီအက်စ်ဂျီ အသင်းနှင့်အတူ အောင်မြင်မူများ ရရှိရန် ကြိုးစားမည်ဖြစ်ကြောင်း၊ မိမိတို့အသင်း၏ စုဖွဲ့မှုသည် ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ဗိုလ်စွဲရန် စွမ်းဆောင်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်

Wednesday, October 21, 2015

ဘယာလေဗာကူဆင် ၄ - ၄ ရိုးမား
ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၃ ၏ ပထမနေ့ ပွဲစဉ်အားလုံးတွင် စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲစဉ်ဖြစ်ပြီး နှစ်သင်းပေါင်း ၈ ဂိုးထိ သွင်းယူခဲ့ကြသည်။ ပွဲအစ ၄ မိနစ်တွင် လေဗာကူဆင် တိုက်စစ်ကို တားဆီးရန် ကြိုးစားရင်း ရိုးမား နောက်ခံလူ ဗာဆီလစ် တိုရီုဆီဒစ် ဧရိယာထဲတွင် ဘောလုံးနှင့်လက် ထိမိပြီး ပင်နယ်တီ ပေးခဲ့ရသည်။ အဆိုပါ ပင်နယ်တီကို ဟာဗီးယား ဟာနန်ဒက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းပြီး အိမ်ရှင်ဂျာမန်အသင်း ပွဲကို ဦးဆောင်ခဲ့သည်။ ၁၉ မိနစ်တွင် လေဗာကူဆင် ခံစစ်မှူးများကြားမှ လူကျွံထောင်ချောက်ကို ပါးပါးနပ်နပ် ဖောက်ထွက်သွားသည့် ဟာနန်ဒက်ဇ်က ဂိုးသမား ဝိုဆစ်ခ်ျ ဆက်ဇီနီနှင့် တစ်ဦးချင်း အတွေ့တွင် နှစ်ဆင့် ကန်သွင်းကာ ဒုတိယဂိုး ရယူခဲ့သည်။ ၂၉ မိနစ်တွင် ထောင့်ကန်ဘောမှ ကျလာသည့် ဘောလုံး ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေစဉ် ကော့စ်တက်စ် မာနိုလက်စ် ချပေးသည်ကို ဒန်နီရယ်လ် ဒီရော့ဆီက ရင်ဘတ်ဖြင့် တစ်ချက်တားကာ ဧရိယာထဲမှ အပိုင်ကန်သွင်းပြီး ရိုးမားတို့ တစ်ဂိုးပြန်လည် ချေပသည်။ ၃၁ မိနစ်တွင် ထောင့်ဖြတ်ဘောကို ဟာနန်ဒက်ဇ် အပိုင်ပိတ်သွင်းမှု မြေထောက်ပြီး ဂိုးဘားပေါ် ကျော်သွားသဖြင့် မက္ကဆီကို လက်ရွေးစင် တိုက်စစ်မှူး အနေဖြင့် Hat-Trickရမည့် အခွင့်အရေး လွဲချော်သွားသည်။ ၃၈ မိနစ်တွင် မီရာလမ် ယာနစ်ခ်ျ ကန်တင်ပေးသည့် ပြစ်ဒဏ်ဘောကို လူကပ်မခံထားရသည့် ဒီရော့ဆီကပင် လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းကာ ရိုးမားတို့ ဒုတိယ ချေပဂိုး ရရှိခဲ့ပြန်သည်။ ၅၄ မိနစ်တွင် ယာနစ်ခ်ျက ဘီးကုပ်ထိပ်နားတွင် ရရှိသည့် ပြစ်ဒဏ်ဘောကို လှလှပပ ကန်သွင်းကာ ဧည့်သည်အသင်း ပွဲကို တစ်ကျော့ပြန် ဦးဆောင်လာခဲ့သည်။ ထိုအချိန်ထိ ရိုးမားရလာသည့် ၃ ဂိုးစလုံး တည်ကန်ဘောများကို အခြေခံနေသည်ကို တွေ့ရသည်။ ၇၃ မိနစ်တွင် ဂါဗင်ဟို ဘယ်ခြမ်းမှ ထိုးဖောက် တိုးဝင်လာပြီး ခင်းပေးသည်ကို လူစားဝင် တိုက်စစ်သမား အိုင်ဂို ဖယ်လ်ကယူက ဝင်ပိတ်ပြီး ရိုးမားတို့ ၄-၂ ဖြင့် ဦးဆောင် ကစားခွင့် ရလာခဲ့သည်။ ၈၄ မိနစ်တွင် လေဗာကူဆင် ကွင်းလယ်လူ ကီဗင်ကမ်ပယ်လ်က ဘီးကုပ်အစွန်းနားမှ တိကျသော ကန်ချက်ဖြင့် ချေပဂိုး သွင်းယူခဲ့သည်။ ၈၆ မိနစ်တွင် ကမ်ပယ်လ် မျှောထုတ်ပေးသည်ကို ဘယ်ခြမ်းမှ ပြေးတက်လာသည့် ဝမ်ဒဲလ်က ချိုးပေးလိုက်ရာ အက်ဒ်မာ မာဟ်မာဒီက အလိုက်သင့် ပိတ်သွင်းပြီး စတုတ္ထ ချေပဂိုး ရရှိကာ ၄-၄ ဖြင့် ပွဲသိမ်းခဲ့သည်။

အခြားပွဲစဉ်များတွင် အိုလံပီယာကော့စ်က အဝေးကွင်းတွင် ဒိုင်နမို ဇာဂရက်ဘ်ကို ၁-၀ ဖြင့် အနိုင်ရခဲ့ပြီး ပေါ်တိုက မက္ကာဘီ ဟိုင်ဖာကို အိမ်ကွင်းတွင် ၂-၀ ဖြင့် အနိုင်ရခဲ့သည်။ ဗလန်စီယာက ဂျန့်ကို အိမ်ကွင်းတွင် ၂-၁ ဖြင့် အနိုင်ရခဲ့ပြီး ဇင်းနစ် စိန့်ပီတာစဘာ့ဂ်ကလည်း အိုလံပစ် လိုင်ယွန်ကို အိမ်ကွင်းတွင် ၃-၁ ဖြင့် ဂိုးပြတ် အနိုင်ယူခဲ့သည်
credit===7daydaily
အောင်မြင့်မြတ်
ဒိုင်နမိုကိယက်ဗ် ၀ - ၀ ချယ်လ်ဆီး
ယူကရိန်းကလပ်သည် အာတမ်ကရာဗတ်စ်၊ အန်ဒရီ ယာမိုလန်ကို၊ ဗစ်တာလီ ဘူရယ်လ်စကီ အစရှိသည့် အဓိက တိုက်စစ်သမား အစုံအလင်ဖြင့် ချယ်လ်ဆီးကို ရင်ဆိုင်ခဲ့ပြီး ချယ်လ်ဆီးကမူ ခံစစ်ကို ပိုမိုအားပြုကာ ပြိုင်ဘက်၏ အမှားကို ချောင်းကစားရန် ကြိုးစားသွားခဲ့သည်။ ဒုတိယပိုင်း အစတွင် ချယ်လ်ဆီး ကွင်းလယ်လူ ဝီလျံ ကန်သွင်းသည့် ပြစ်ဒဏ်ဘော ဂိုးဘားတန်းထိကာ မြေထောက် ထွက်သွားခြင်းကြောင့် အင်္ဂလန် ချန်ပီယံတို့အတွက် နစ်နာခဲ့ရသည်။ ချယ်လ်ဆီးသည် ဝီလျံ၏ ညာခြမ်းကို အားပြုပြီး ဒိုင်နမို၏ ခံစစ်ကို ထိုးဖောက်မှုများ ပြုလုပ်ခဲ့သော်လည်း အီဒင်ဟာဇက်နှင့် ဒီယေဂို ကော်စတာတို့ကဲ့သို့ ချယ်လ်ဆီး တိုက်စစ်မှူးများကို အိမ်ရှင်အသင်းက အကောင်းဆုံး ထိန်းချုပ် ဟန့်တားသွားနိုင်သဖြင့် ဂိုးမရခဲ့ချေ။ ၆၁ မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ဒိုင်နမို တောင်ပံလူ ဒါလစ် ဂွန်ဇာလက်ဇ် ဧရိယာထဲ၌ အပိုင်ကန်ခွင့် ရလာသော်လည်း ချယ်လ်ဆီးဂိုးသမား အက်စ်မာ ဘီဂိုဗစ် ကာကွယ်သွားသည်။ ထို့နောက်ပိုင်းတွင် နှစ်သင်းလုံး ဂိုးရရန် ရုန်းကန်ခဲ့ရပြီး ဂိုးမရှိ သရေဖြင့်သာ ပွဲပြီးသွားခဲ့သည်
ဘိတ်ဘိုရီဆော့ဗ် ၀ - ၂ ဘာစီလိုနာ
အများမျှော်လင့်ထားသည့်အတိုင်း ဘာစီလိုနာသည် အဝေးကွင်းတွင် ဖြစ်လင့်ကစား ဘိတ်ကို သက်တောင့်သက်သာ ထိန်းချုပ်ကစားပြီး အနိုင်ရသွားခဲ့သည်။ ဒုတိယပိုင်း ပွဲစပြီး မကြာမီတွင် ဘယ်ခြမ်းမှ နေမာ တစ်ကိုယ်တော် ဆွဲယူ ထိုးဖောက်လာပြီး ဘီးကုပ်ထိပ်နားရှိ အိုင်ဗန်ရာကီတစ်ကို ချပေးရာ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူက အပြင်းကန်သွင်းပြီး လက်ရှိ ဥရောပ ချန်ပီယံတို့ ပွဲကို ဦးဆောင်ခဲ့သည်။ ၆၄ မိနစ်တွင် နေမာပင် အနီးကပ် မျှောထုတ်ပေးလိုက်သည့် ဘောလုံးကို ရာကီတစ်က ဘိတ်ဂိုးသမားနှင့် အတွေ့တွင် အသာအယာ ကျော်ကန် သွင်းယူကာ ဘာစီလိုနာအတွက် ဒုတိယဂိုးကို ရယူသွားခြင်း ဖြစ်သည်

ချန်ပီယံလိဂ်ပွဲပြီးသုံးသပ်ချက်

အာဆင်နယ် ၂ - ၀ ဘိုင်ယန်မြူးနစ်
ချန်ပီယံလိဂ် အုပ်စု(F)တွင် အဖွင့်နှစ်ပွဲစလုံး အရေးနိမ့်ထားသည့် အာဆင်နယ်သည် ဂျာမန်ချန်ပီယံ ဘိုင်ယန်ကို ဒုတိယပိုင်း သွင်းဂိုးများဖြင့် အနိုင်ယူကာ အုပ်စုမှ လွတ်မြောက်ရေး မျှော်လင့်ချက်များ ပြန်လည် ရှင်သန်လာစေခဲ့သည်။ ယခုပွဲတွင် နှစ်သင်းစလုံး ကစားပုံ ကောင်းပြီး ဂိုးသွင်းခွင့်များ ရခဲ့သော်လည်း အမှားပိုများသည့် အသင်းက ရှုံးနိမ့်သွားခြင်း ဖြစ်သည်။ ဘိုင်ယန်၏ အကြိမ်ကြိမ် ထိုးဖောက်မှုများကို အာဆင်နယ် ဂိုးသမား ပီတာဆက်ခ်ျ ကာကွယ်နေသဖြင့် ပထမပိုင်းတွင် ဧည့်သည်အသင်း ခြေသာသော်လည်း ဂိုးမရခဲ့ချေ။ ထို့အတူ အာဆင်နယ်ဘက်မှ မီဆွတ်အိုဇေးလ်၊ သီအိုဝဲလ်ကော့တို့၏ ဂိုးသွင်းရန် အားထုတ်မှုများကို ဘိုင်ယန်ဂိုးသမား မန်နျူရယ်လ်နျူအာ တားဆီးခဲ့သည်။ ပွဲချိန် ၇၇ မိနစ်တွင်မူ နျူအာ၏ အမှားမှတစ်ဆင့် အာဆင်နယ် ဦးဆောင်ဂိုး စတင်ရရှိသည်။ ဆန်တီ ကာဇော်လာ ခုပ်တင်ပေးသည့် ပြစ်ဒဏ်ဘောကို နျူအာ ထွက်ပုတ်ရာ ချိန်သားလွဲသွားသည့်နောက် အကာအကွယ်မဲ့ ဂိုးပေါက်ထဲသို့ အိုလီဗီရာ ဂီရော့ဒ်က ခေါင်းတိုက် သွင်းသွားခြင်း ဖြစ်သည်။ ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ဘိုင်ယန်၏ လူပေးကစားပုံ ပေါ့လျော့မှုမှတစ်ဆင့် ဟက်တာဘယ်လာရင် တစ်ကိုယ်တော် ဆွဲပြေးပြီး ချိုးပေးသည်ကို အိုဇေးလ်ကန်သွင်းရာ နျူအာ ပုတ်ထုတ်သော်လည်း ဂိုးစည်း ကျော်နေပြီ ဖြစ်သဖြင့် ဒိုင်က ဂိုးအဖြစ် သတ်မှတ်ပေးပြီး အာဆင်နယ်တို့ နှစ်ဂိုးပြတ် အနိုင်ရကာ ယခုနှစ် ချန်ပီယံလိဂ်၏ ပထမဆုံး ၃ မှတ်ကို ပိုင်ဆိုင်နိုင်ခဲ့သည်။

7daydaily
အောင်မြင့်မြတ်

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းထိုင်းဖူဆယ်လိဂ်တွင်ပြိုင်ရန်ကြိုးပမ်း

၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ထိုင်း ဖူဆယ်လိဂ်ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ဖူဆယ်အမျိုးသားအသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရေး ကြိုးပမ်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်မှ သတင်းရရှိသည်။

ထိုင်းနိုင်ငံ၏ ဖူဆယ်အဆင့်အတန်းသည် အာရှအဆင့်၌သာမက ကမ္ဘာ့အဆင့်အထိပါ ယှဉ်ပြိုင်ခွင့်ရရှိနေပြီဖြစ်၍ မြန်မာဖူဆယ် အသင်းကို အတွေ့အကြုံကောင်း များရရှိစေရန် စီစဉ်ထားခြင်းဖြစ် ကြောင်း ဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကို ကိုသိန်းက ပြောသည်။

‘‘ထိုင်းဖူဆယ်လိဂ်မှာ ယှဉ်ပြိုင်နိုင်ဖို့ ထိုင်းဘောလုံးအဖွဲ့ချုပ် ကို တောင်းဆိုထားပါတယ်။ လိဂ် မှာ  ဝင်ပြိုင်ခွင့်ရခဲ့ရင်  မြန်မာ ဖူဆယ်အသင်းအတွက် အတွေ့အကြုံကောင်းတွေ ရရှိလာမှာပါ။ လိဂ်မှာ ဝင်ပြိုင်ခွင့်မရခဲ့လည်း မလေးရှားဆီးဂိမ်းမတိုင်မီ ငါးလခန့် ထိုင်းမှာ ပူးပေါင်းလေ့ကျင့်မှု တွေ သွားရောက်ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်’’ဟု ဦးကိုကိုသိန်းက ပြောသည်။

၂၀၁၅ ထိုင်းဖူဆယ်လိဂ်တွင် ပြိုင်ပွဲဝင် စုစုပေါင်း ၁၄ သင်းယှဉ် ပြိုင်ခဲ့ပြီး ချောင်ဘူရီဖူဆယ်အသင်းက ရမှတ် ၇၂ မှတ်ဖြင့် ဗိုလ်စွဲခဲ့ သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်း၏ လေ့ကျင့်ရေးအစီအစဉ်များကို အာဆီယံဖူဆယ် ချန်ပီယံ ရှစ် ပြိုင်ပွဲပြီးကတည်းက ရပ်နား ထားကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၈ ရက်မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် ၂၀၁၅ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင် ပွဲတွင် ထိုင်းအသင်းက ဗိုလ်စွဲခဲ့ သည်။ ယင်းပြိုင်ပွဲသည် (၁၂)ကြိမ် မြောက်ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ထိုင်းဖူဆယ်အသင်းက (၁၁)ကြိမ် မြောက်ဗိုလ်စွဲခြင်းဖြစ်သည်။

အာဆီယံဖူဆယ်ပြိုင်ပွဲတွင်  မြန်မာအသင်းသည် စတင်ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည့် ၂၀၀၆ တွင်တတိယရရှိခဲ့ပြီး နောက်ပိုင်းနှစ်များ၌ အုပ်စုအဆင့်မှ ကျော်လွန်နိုင်ခြင်းမရှိခဲ့ပေ။
7daydaily
အောင်မြင့်မြတ်

ချန်ပီယံလိဂ်ပွဲကြို

PSG - ရီးယဲလ်မက်ဒရစ်
ရီးရဲလ်အတွက် ခက်ခဲတဲ့ စမ်းသပ်မှုတစ်ခုပါ။ လက်ရှိအချိန်မှာ နှစ်သင်းစလုံး ပုံစံကောင်းရနေတယ် ဆိုပေမယ့် PSG ကို ပိုအားရတယ်။ ရီးယဲလ်က စီရော်နယ်ဒိုကို မှီခိုလွန်းပြီး PSG ကတော့ အီဘရာဟီမိုဗစ်၊ ကာဗာနီ၊ ဒီမာရီယာ၊ လူးကပ်စ်တို့နဲ့ တိုက်စစ်ပိုမြိုင်တယ်။
လက်ရှိ PSG ရဲ့လူအင်အားနဲ့ ခြေစွမ်းက ဥရောပထိပ်သီးအသင်းတိုင်းကို ယှဉ်နိုင်တဲ့ အနေအထား ဖြစ်နေပါပြီ။
နည်းပြချင်းဆိုလည်း ဘလန့်ကို ပိုကြိုက်တယ်။ ပြီးတော့ ဥရောပ ပြိုင်ပွဲ စာမျက်နှာမှာ ထိပ်သီးအသင်းတွေနဲ့ ရင်ဆိုင်ရတိုင်း ရလဒ်ကောင်းအောင် ရုန်းကန်လေ့ရှိတဲ့ PSG ရဲ့ စိတ်ထားကြောင့်လည်း ရီးယဲလ် မလွယ်ပါဘူး။
အိပ်ရှင်လည်းဖြစ်လို့ PSG နိုင်မယ်။

မန်စီးတီး - ဆီဗီလာ
မန်စီးတီးက အခုအချိန်မှာ အကောင်းဆုံးပုံစံကို ရနေပါပြီ။ ခက်တာက ဥရောပဆိုရင် ခြေချော်နေတတ်တာ ပြဿနာပါ။ ဆီဗီလာလည်း လက်ရှိခြေစွမ်းနဲ့ ရလဒ်တွေ မငြိမ်ပေမယ့် ဥရောပမှာ ခြေစွမ်းပြတတ်တာနဲ့ ပွဲကြီးတွေမှာ ပုံစံကောင်းပြတတ်တာ ရှိပါတယ်။
ဒါပေမယ့် မန်စီးတီးအနေနဲ့ ဒီပွဲကိုနိုင်မှ နောက်တစ်ဆင့်အတွက် အလားအလာကောင်းမယ့် အနေအထားရှိနေတာ အိပ်ကွင်း ဖြစ်နေတာတွေကြောင့် ဂိုးမပြတ်ရင်တောင် ကပ်နိုင်သွားလိမ့်မယ်လို့ ထင်ပါတယ်။

မာလ်မို - ရှက်တာဒိုးနက်
မာလ်မို နဲ့ ရှက်တာဒိုနက်က နောက်တစ်ဆင့်တက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အုပ်စုဒုတိယနေရာကို လုပြီး ယူရိုပါလိဂ် အိပ်မက်နဲ့ အသက်ဆက်ကြမှာပါ။
လက်ရှိအနေအထားအရ မာလ်မိုက တတိယနေရာမှာ ရှိနေပေမယ့် အသင်းရဲ့ ရလဒ်တွေက တော်တော်ဆိုးနေပါတယ်။ အင်အားပိုတောင့်သလို၊ ပြည်တွင်းလိဂ်မှာ ခြေငြိမ်နေတဲ့ ရှက်တာဒိုးနက်နိုင်မှာပါ။

CSKA မော်စကို - မန်ယူ
ဒီအုပ်စုမှာ အသင်းတိုင်း (၃) မှတ်စီရထားပြီး ဘယ်အသင်းမှ အမှားမခံပါဘူး။ ပွဲစဉ်တိုင်းကို ဂရုစိုက် ကစားရမယ့် အုပ်စုအနေအထားဖြစ်ပြီး အခုကစားမယ့် နှစ်ကျော့အပြီးမှာတော့ အဖြေတစ်ခုခု ထွက်လာနိုင်ပါတယ်။
လက်ရှိခြေစွမ်းအရ ဆိုရင်တော့ မန်ယူက ခြေစွမ်းပိုတည်ငြိမ်နေပြီး ရလဒ်တွေလည်း ကောင်းပါတယ်။ မန်ယူ အနိုင် ဒါမှမဟုတ် သရေပါ။

ဝုလ်ဖ်ဘတ် - PSV
ဝုလ်ဖ်ဘတ် က ရလဒ်တွေ ဆက်တိုက်ဆိုးနေရာက ပြီးခဲ့တဲ့ပွဲမှာ ဟော်ဖန်ဟင်မ်ကို ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။
ချန်ပီယံလိဂ်မှာလည်း အိမ်ကွင်းအဖွင့်ပွဲမှာ ရလဒါကောင်းခဲ့တာ တွေ့ရပါတယ်။ PSV က ပြည်တွင်းလိဂ်မှာ ခြေစွမ်းပြနေတဲ့ အသင်းပါ။ ဒါပေမယ့် ၀ုလ်ဖ်ဘတ်ကွင်းမှာတော့ မနိုင်လောက်ပါဘူး။
အိမ်ရှင်ကိုပဲ ကြိုက်တယ်။

အက်သလက်တီကို - အက်စတာ
အက်သလက်တီကို က နောက်ပိုင်းပွဲတွေမှာ ခြေပြန်ပျက်နေပါတယ်။ လက်ရှိအနေအထားအရ နောက်တစ်ဆင့် တက်ဖို့က ဘင်ဖီကာက အခြေအနေကောင်းနေပြီး အက်သလက်တီကို အနေနဲ့ အမှားခံလို့ မရတဲ့အနေအထားပါ။ အက်စ်တာနာ လိုအသင်းကိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အက်သလက်တီကို အနိုင်ကစားမှာဖြစ်ပြီး ဂိုးလည်းပြတ်သွားပါ လိမ့်မယ်။

ဂါလာတာစာရေး - ဘင်ဖီကာ
ဂါလာတာစာရေးက အက်စ်တာနာဆီက သရေတစ်မှတ်ရထားပြီး အက်သလက်တီကို ကို ရှုံးထားပါတယ်။ အခုအိမ်ကွင်းပွဲက နောက်တစ်ဆင့် တက်၊ မတက် စာမေးပွဲစစ်မယ့် ပွဲပါ။ မနိုင်ရင် ကျန်ခဲ့ဖို့ များပါပြီ။
၆ မှတ်တောင်ရထားတဲ့ ဘင်ဖီကာက သရေဆိုရင်တောင် အခြေအနေ ကောင်းနေပါတယ်။ ဒီပွဲက သရေရလဒ်နဲ့ နှစ်သင်းစလုံး ကျေနပ်ရလိမ့်မယ်။

ဂျူဗင်တပ် - မိုချန်ဂလာဘတ်
ပြည်တွင်းလိဂ်မှာ ခြေပျက်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာ အခြေအနေကောင်းတဲ့ ဂျူဗင်တပ်စ် ဒီပွဲသာနိုင်ရင် ၃ ပွဲ ၉ မှတ်နဲ့ နောက်တစ်ဆင့် တက်ဖို့ သေချာသလောက် ရှိပါပြီ။ ကစားရမှာက အိမ်ကွင်းဖြစ်ပြီး မိုချန်ဂလာဘတ်ကလည်း လတ်တလော ခြေတက်နေပေမယ့် သာမန်အဆင့် အသင်းတစ်သင်းပါ။ ဂျူဗင်တပ်စ် သေချာပေါက် နိုင်ပါလိမ့်မယ်။

Credit : First Eleven
အောင်မြင့်မြတ်

Tuesday, October 20, 2015

ဘိုင်ယန်နဲ့ပွဲမှာ Petr Cech ကို ပွဲထွက်ဂိုးသမားအဖြစ် သုံးသင့် 

အင်္ဂါနေ့ညမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမယ့် အာဆင်နယ်အသင်းဟာ အံ့အားသင့်ဖွယ်ရလဒ် ထွက်ပေါ်လာအောင် ကစားသွားနိုင်မယ်လို့  ခံစားမိကြောင်း သူတို့ရဲ့ ဂန္တဝင်တိုက်စစ်မှူး Henry က ပြောပါတယ်။

ဂန်းနားတွေဟာ ဒိုင်နမိုဇာဂရက်နဲ့ အိုလံပီယာကော့စ် အသင်းတို့ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ချန်ပီယံလိဂ်မှာ အုပ်စုရဲ့အောက်ဆုံးမှာ ရပ်တည်နေရတာပါ။

ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားမယ့် ပွဲစဉ်ဟာ အာဆင်နယ်အတွက် အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ဖို့မှာ အဓိက အရေးပါနေတာလည်း ဖြစ်ပါတယ်။

ဘိုင်ယန်အသင်းဟာ သူတို့ရဲ့အကောင်းဆုံး ရာသီအဖွင့်ပုံစံကို ရနေပြီး ဂိုးတွေလည်း မြူးနေခဲ့တာပါ။ သူတို့အသင်းဟာ ချန်ပီယံလိဂ်မှာလည်း အကောင်းဆုံး ပုံစံတစ်ခုကို ပြသထားနိုင်ပြီး အုပ်စုရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေနိုင်တာကြောင့် အာဆင်နယ်အသင်းက ခက်ခက်ခဲခဲ ကစားရဖွယ် ရှိနေတာပါ။

ဥရောပအဆင့်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ အာဆင်နယ် အသင်းကို နောက်ဆုံး သုံးရာသီအတွင်းမှာ နှစ်ရာသီအထိ အိမ်လှည့်ပြန်ရအောင် ဒုက္ခပေးတတ်တဲ့ အသင်းလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ယခင်ရာသီတွေမှာ တွေ့ဆုံဖူးတဲ့ အစဉ်အလာတွေကြောင့် အာဆင်နယ်အသင်းဟာ ဘိုင်ယန်ကို အကောင်းဆုံး တုံ့ပြန်နိုင်မယ်လို့ Henry က ထင်နေတာပါ။

ဒါကြောင့် Henry က The Suns သတင်းစာရဲ့ သူ့ column မှာ "အာဆင်နယ် အသင်းဟာ လွန်စွာကွဲပြားတဲ့ ကစားပုံကို ရနေပြီ။ မေးစရာရှိတာကတော့ သူတို့ဟာ မိနစ်ကိုးဆယ်လုံး မြင့်မားတဲ့ Tempo နဲ့ ဘိုင်ယန်ကို ခြိမ်းခြောက်နိုင်မလားပဲ။

aနာက်တစ်ချက်ကတော့ Arsene ကတော့ Petr ကို အလှည့်ကျပွဲ မထုတ်သင့်သေးဘူး။ အိုလံပီယာကော့စ်နဲ့ ပွဲတုန်းက သင်ခန်းစာကို မှတ်မိသင့်တယ်။ အကယ်လို့သာ ဘိုင်ယန်ကို အဓိက ကစားသမားတွေနဲ့ ရင်မဆိုင်ဘူး ဆိုရင်တော့ အိမ်မှာပဲ နေနေသင့်တယ်"လို့ Henry က အကြံပြု ရေးသားထားတာပါ

လိဂ် ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ ရွန်းနီ

မန်ယူအသင်းနှင့် အင်္ဂလန် အသင်းခေါင်းဆောင် ၀ိန်းရွန်နီသည် ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ် ပွဲစဉ်(၉) အဲဗာတန် နှင့် မန်ယူပွဲတွင် အသင်းအတွက် တတိယဂိုးကို သွင်းယူခဲ့ရာ ယင်းဂိုးမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် အဝေးကွင်းများတွင် မိနစ်ပေါင်း ၁၅၅၀ ကြာ ဂိုးပေါက် ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့သည့် သွင်းဂိုးဖြစ်သည်။

ထို့ပြင် ရွန်နီ၏ ပရီးမီးယားလိဂ် သွင်းဂိုးမှာ ၁၈၇ ဂိုး ရှိသွားပြီဖြစ်ရာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူများ စာရင်းတွင် မန်ယူတိုက်စစ်မှုးဟောင်း အန်ဒီကိုးလ် စံချိန်ကို လိုက်မီခဲ့ပြီး ပူးတွဲဒုတိယအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ဝိန်းရွန်နီသည် ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘောလုံးရာသီက အာဆင်နယ်နှင့် ကစားခဲ့သော အဝေးကွင်းပွဲစဉ်တွင် တစ်ဂိုးသွင်းယူခဲ့ပြီး ယင်းနောက်ပိုင်း ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ် (၁၇) ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့ဘဲ ယခုမှ အဝေးကွင်းတွင် ဂိုးပြန်ရခြင်းဖြစ်သည်။

ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်များတွင် ရွန်းနီ၏ ဂိုးပေါက်ပျောက်ဆုံးမှုများ ဆယ်လနီးပါး ( ၃၂၉ )ရက် ကြာမြင့်ခဲ့ပြီး အဲဗာတန်အသင်း၏ ဂူဒီဆင်ပတ်ခ် တွင်လည်း ၈နှစ်ကျော်ကြာမှ ပထမဆုံး ပရီးမီးယားလိဂ်ဂိုး ပြန်လည် သွင်းယူနိုင်ခြင်းလည်း ဖြစ်သည်။

အဲဗာတန် ကစားသမားဟောင်း တစ်ဦးဖြစ်သည့် ရွန်နီသည် ၂၀၀၇ ဧပြီလက ကစားခဲ့သော အဲဗာတန်-မန်ယူ ပွဲစဉ်တွင် ဂိုးသွင်းပြီးနောက်ပိုင်း ဂူဒီဆင်ပတ်ခ် တွင် ပရီးမီးယားလိဂ် ဂိုးသွင်းယူနိုင်ခြင်း မရှိတော့ဘဲ ယခုမှ ဂိုးပြန်လည် ရရှိခဲ့ခြင်းဖြစ်သည်။

ရွန်နီသည် ပရီးမီးယားလိဂ် ပွဲစဉ်စုစုပေါင်း (၄၁၅) ပွဲ ကစားခဲ့ရာတွင် ၁၈၇ ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး နယူးကာဆယ် ၊ မန်ယူ ၊ ဘလက်ဘန်း ၊ ဖူလ်ဟမ် ၊ မန်စီးတီး ၊ ပို့စ်မောက် ၊ ဘာမင်ဂမ် ၊ ဆန်းဒါးလန်း အစရှိသော အသင်းများတွင် ကစားခဲ့သည့် အင်္ဂလန် တိုက်စစ်မှုးဟောင်း အင်ဒီကိုးလ်၏ စံချိန်နှင့် တူညီသွားခဲ့သည်။

အန်ဒီကိုးလ်သည် ပရီးမီးယားလိဂ် ကလပ်အသင်း များစွာတွင် ပွဲပေါင်း (၄၁၄) ပွဲကစားကာ ၁၈၇ ဂိုး သွင်းယူခဲ့ခြင်း ဖြစ်သည်။ ရွန်နီအနေဖြင့် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းသူအဖြစ် စံချိန်တင်ထားသော တိုက်စစ်မှုးဟောင်း အလန်ရှီးယား၏ စံချိန်ကို လိုက်မီရန် ၇၃ ဂိုး လိုအပ်နေသေးကြောင်း သိရှိရသည်။

အလန်ရှီးယားသည် ဘက်လက်ဘန်း ၊ နယူးကာဆယ် အသင်းများတွင် ပရီးမီးယားလိဂ် ပွဲပေါင်း(၄၄၁)ပွဲ ကစားကာ သွင်းဂိုး ၂၆၀ ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်

လီဝမ်ဒေါစကီးကိုအာဆင်နယ်နောက်တန်းထိန်းနိုင်ဟု ရမ်ဆေးပြော

ယနေ့ည ချန်ပီယံလိဂ်အုပ်စု (F) ပွဲတွင် အိမ်ကွင်း၌ ဥရောပထိပ်သီး ဘိုင်ယန်ကို လက်ခံကစားရမည့် အာဆင်နယ် ကွင်းလယ်လူ ရမ်ဆေးက ၎င်းတို့ နောက်တန်းသည် ဘိုင်ယန်တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ထိန်းချုပ်နိုင်ကြောင်း ထုတ်ဖော်ပြောသည်။

လီဝမ်ဒေါစကီးသည် လက်ရှိတွင် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခံနေရပြီး နောက်ဆုံးကစားခဲ့သည့် ကလပ်အသင်းနှင့် လက်ရွေးစင် အသင်းအတွက် ၁၆ ပွဲတွင် ၂၀ ဂိုး သွင်းယူထားသည်။

သို့သော် အာဆင်နယ် နောက်တန်းသည် ၎င်းကို ထိန်းချုပ်နိုင်ကြောင်း ရမ်ဆေးက မှတ်ချက်ပြုသည်။

‘‘ကျွန်တော်တို့မှာ အရည်အသွေးပြည့် နောက်ခံလူတွေ ရှိပါတယ်။ ကျွန်တော်တို့ လီဝမ်ဒေါစကီးကို သတိထားမိတာထက် သူတို့က ပိုသတိထား ပါတယ်။ ကျွန်တော်တို့ ကစားနိုင်မယ် မျှော်လင့်ပါတယ်’’ ဟု ရမ်ဆေးက  ဆိုသည်။

အာဆင်နယ်သည် လက်ရှိတွင် အုပ်စု အဖွင့်နှစ်ပွဲဖြစ်သည့် ဒိုင်နမိုဇာဂရက်နှင့် အိုလံပီယာကို့စ်တို့နှင့် ပွဲများ၌ ရှုံးနိမ့်ထားရာ ဘိုင်ယန်နှင့် အိမ်ကွင်းပွဲမှာ မဖြစ်မနေနိုင်ရန် လိုအပ်နေသည်။ နည်းပြ ဝင်းဂါးကလည်း ၎င်းတို့သည် ယခင်က အလွန်ကောင်းမွန်သည့် ဘိုင်ယန်အသင်းကို ရင်ဆိုင် ကစားခဲ့ဖူးပြီဖြစ်၍ ရလဒ်ကောင်းရမည် ဟု ထုတ်ဖော်ပြောသည်။

‘‘ကျွန်တော်တို့ အာရုံစိုက်တာက ဥရောပမှာထက် ပရီးမီးယားလိဂ်မှာ ပိုအားကောင်းခဲ့တယ်။ ဒီပွဲကတော့ ပရီးမီးယားလိဂ်မှာလို တစ်ထပ်တည်း အာရုံစိုက်ဖို့လိုတဲ့ ပွဲဆိုတာ သိပါတယ်’’ဟု ဝင်းဂါးကဆိုသည်။

ဘိုင်ယန်တွင် ယနေ့ညချန် ပီယံလိဂ်ပွဲ၌ ရော်ဘင်၊ ရီဘာရီ၊ဂေါ့တ်ဇ်ီ ၊ ရိုဒီ၊ ဘတ်စတူဘာ၊ ဘင်နက်တီယာတို့ ပါဝင်မည် မဟုတ်ဘဲ ကိုမန်းမှာမူ ပါဝင်မည်ဖြစ်သည်။

အာဆင်နယ်တွင် ယနေ့ည၌ တိုက်စစ်မှူး ဂျီရော့  တစ်ပွဲပယ် ပြစ်ဒဏ်စေ့၍ ပြန်လည် ပါဝင်လာမည်ဖြစ်သည်။

အဂူရိုနှင့် ဆေးလ်ဗားမပါလည်း ဆီဗီလာကို အနိုင်ကစားမည့် မန်စီးတီး

မန်စီးတီးအသင်းတွင် တိုက်စစ်မှူးအဂူရို၊ ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားတို့ ပါဝင်နိုင်မည် မဟုတ်သော်လည်း ကျန်အသင်းသားများ အင်အားဖြင့် ဆီဗီလာကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ကြောင်း နောက်ခံလူ ဇာဘလက်တာက ပြောလိုက်သည်။

မန်စီးတီးသည် အဂူရိုနှင့် ဆေးလ်ဗားတို့ မပါဝင်နိုင်သော်လည်း စတာလင်နှင့် ဒီဘရိုင်နီတို့ရှိပြီး ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာနှင့်ပွဲမှာ အရေးကြီးသော ပွဲဖြစ်ကြောင်း ဇာဘလက်တာက ဆိုသည်။

‘‘ဒီပွဲက ချန်ပီယံလိဂ်အုပ်စုမှာ အရေးကြီးပါတယ်။ နောက်တစ်ဆင့်အတွက် ဘယ်အသင်း အဆင့်မီလဲဆိုတာ ဆုံးဖြတ်ရမှာပါ။ ပြီးတော့ မန်ယူနဲ့ ဒါဘီပွဲကလည်း ပရီးမီးယားလိဂ်မှာ အလွန်ခက်ခဲဦးမှာပါ။ ဒီနှစ်ပွဲစလုံးဟာ ပွဲကြီးတွေပါပဲ’’ဟု ၎င်းကဆိုသည်။

မန်စီးတီးသည် ဥရောပပွဲများတွင် နောက်တန်း အားနည်းမှု ရှိခဲ့သော်လည်း ဗင်းဆင့်ကွန်ပနီ ပြန်ကစားနိုင်၍ အဆင်ပြေမည် ဟု မျှော်လင့်နေသည်။ တောင်ပံလူ ဂျီးဆပ်နာဗတ်စ်ကလည်း အဂူရိုနှင့် ဆေးလ်ဗားတို့ မပါဝင်သော်လည်း ၎င်းတို့၏အသင်းမှာ ကစားသမားကောင်း များစွာရှိကြောင်း၊ ထို့ကြောင့် ပွဲတိုင်း အနိုင်ကစားရမည် ဖြစ်ကြောင်း ပြောကြားသည်။

မန်စီးတီးသည် ချန်ပီယံလိဂ် အုပ်စု(D)တွင် နှစ်ပွဲကစားပြီး တစ်ပွဲနိုင် တစ်ပွဲရှုံး၊ သုံးမှတ်ဖြင့် ဂျူဗင်တပ်နှင့် ဆီဗီလာတို့ နောက်တွင်ရှိနေကာ ဆီဗီလာကို နိုင်ခဲ့ပါက အုပ်စုဒုတိယ ဖြစ်လာမည်ဖြစ်သည်။

ထို့နောက် ၎င်းတို့သည် ပရီးမီးယားလိဂ်တွင်လည်း တနင်္ဂနွေနေ့၌ မန်ယူနှင့် ဒါဘီပွဲ ကစားရမည်ဖြစ်သည်

လိဂ်လူငယ်ပြိုင်ပွဲကိုအသက်(၁၉)နှစ်အောက်ပြိုင်ပွဲအဖြစ်ကျင်းပမည်

၂၀၁၆ မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးပြိုင်ပွဲကို အသက် (၁၉)နှစ်အောက် ပြိုင်ပွဲအဖြစ် ပြောင်းလဲ ကျင်းပမည်ဖြစ်၍ ကလပ်အသင်းများ အနေဖြင့် လူငယ်ကစားသမားများကို ရွေးချယ်ပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း ကလပ်အသင်း တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၁ မှ စတင်ကျင်းပခဲ့သည့် မြန်မာလိဂ် အရန်အသင်းများ ပြိုင်ပွဲကို ၂၀၁၃ တွင် အသက် (၂၁)နှစ်အောက် လူငယ်ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့သည်။ ယင်းပြိုင်ပွဲကိုလာမည့် ၂၀၁၆ ဘောလုံးရာသီတွင် အသက်(၁၉)နှစ်အောက် ပြိုင်ပွဲအဖြစ်ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လူငယ်လိဂ်ကို လာမယ့်ဘောလုံးရာသီက စပြီး အသက်(၁၉)နှစ်အောက် ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပမှာပါ။ လက်ရွေးစင် ယူ-၁၉ အသင်းအတွက် ကစားသမား ရွေးချယ်တဲ့နေရာမှာ အခက်အခဲတွေ ရှိခဲ့တာကြောင့် ပြောင်းလဲ ကျင်းပရခြင်း ဖြစ်ပါတယ်။ စတင်ကျင်းပကတည်းက လူငယ်ပြိုင်ပွဲတွေကို အစီအစဉ်တကျ ရေးဆွဲထားခဲ့တာပါ။ အသက် (၂၁) နှစ်ပြိုင်ပွဲကို ဘယ်နှစ်ကျင်းပမယ်၊ ယူ-၁၉ ပြိုင်ပွဲကို ဘယ်နှစ်ကျင်းပမယ် ဆိုတာက အစီအစဉ်က ရှိခဲ့ပြီးသားပါ’’ ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်ယူနိုက်တက် လူငယ်အသင်းရှိ ကစားသမား ၁၅ ဦးခန့်သာ လာမည့်နှစ်ပြိုင်ပွဲတွင် အသက်မီပြီး ကျန်ကစားသမား ၁၉ ဦးအတွက် တိုင်းနှင့် ပြည်နယ်မှ ကစားသမားများကို လူရွေးချယ်ပွဲပြုလုပ်၍ ရှာဖွေရမည်ဖြစ်ကြောင်း ရန်ကုန်လူငယ်အသင်း နည်းပြချုပ် ဦးအေးနိုင်က ပြောသည်။

‘‘ဧရာဝတီ လူငယ်အသင်းမှာ နောက်နှစ် ပြိုင်ပွဲအတွက် အသက်မီတဲ့ ကစားသမား ငါးယောက်လောက်ပဲ ရှိတော့တယ်။ ပြိုင်ပွဲကျင်းပရေးက အစကတည်းက အစီအစဉ် ရှိခဲ့ပြီးသားပါ။ ရုတ်တရက် ပြောင်းလိုက်တာ မဟုတ်ပါဘူး။ အသက်(၂၁)နှစ်ပြိုင်ပွဲကနေ(၁၉)နှစ် ပြောင်းမယ်ဆိုတာ အရင်ကတည်းက အစီအစဉ်ရှိခဲ့ပြီးသားပါ။ ကျွန်တော်တို့ အသင်းအနေနဲ့ နိုဝင်ဘာမှာ ကစားသမား ရွေးချယ်ပွဲလုပ်ပြီး အသင်းကို အသစ်ပြန်လည် တည်ဆောက်သွားမှာပါ’’ဟု ဧရာဝတီယူနိုက်တက် မီဒီယာတာဝန်ခံ ဦးအောင်ကျော်က ပြောသည်။

အသက်(၂၁)နှစ်အောက် ပြိုင်ပွဲအဖြစ် ပြောင်းလဲခဲ့ပြီး နောက်ပိုင်းတွင် ရတနာပုံ အသင်းက တစ်ကြိမ်၊ ရန်ကုန်အသင်းက နှစ်ကြိမ် ဗိုလ်စွဲထားသည်

အင်္ဂလန်ကလပ်တွေ မလွှမ်းမိုးနိုင်တော့တဲ့ ဥရောပစစ်မျက်နှာ

ပြီးခဲ့တဲ့ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီတုန်းက အင်္ဂလန်ကလပ်တွေ အနေနဲ့ ဥရောပမှာ အရှက်ရစရာ အခြေအနေတစ်ရပ်ကို ကြုံတွေ့ခဲ့ရပါတယ်။

အဲဒါကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာရော ယူရိုပါလိဂ်ပြိုင်ပွဲမှာပါ အင်္ဂလန်အသင်းတွေ တစ်သင်းမှ ကွာတားဖိုင်နယ်အဆင့် အထိတောင် မတက်ရောက်နိုင်ခဲ့တာပါပဲ။

ချန်ပီယံလိဂ်မှာ အာဆင်နယ် ၊ ချဲလ်ဆီး ၊ လီဗာပူး ၊ မန်စီးတီး ၊ ယူရိုပါလိဂ်မှာ အဲဗာတန် ၊ စပါး ၊ ဟားလ်စီးတီး အစရှိတဲ့ အသင်း (၇) သင်းဟာ ဒီပြိုင်ပွဲတွေမှာ နောက်ဆုံး (၈) သင်းစာရင်းကို ၀င်ရောက်နိုင်ခြင်း မရှိဘဲ စောစောစီးစီး တပ်ခေါက်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ စတင်ခဲ့တဲ့ ၁၉၉၂-၉၃ ဘောလုံးရာသီကစလို့ နှစ်ပေါင်း ၂၂ နှစ်အတွင်းမှာ ဒီလိုအခြေအနေဆိုးမျိုး မရှိဘဲ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ပြိုင်ပွဲသပ်သပ် ကြည့်မယ်ဆိုရင်တော့ ၂၀၁၂-၁၃ ဘောလုံးရာသီ တုန်းကလည်း အခုလိုပဲ အင်္ဂလန်ကလပ်အသင်းတွေ တစ်သင်းမှ ကွာတားဖိုင်နယ် မတက်ရောက်နိုင်တဲ့ ရာသီကို ကြုံတွေ့ခဲ့ရဖူးပါတယ်။
၂၀၀၄-၀၅ ဘောလုံးရာသီကစပြီး ၂၀၁၁-၁၂ ဘောလုံးရာသီအထိ ၈ ရာသီ အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲရဲ့ ၁၆ နေရာကို အင်္ဂလန်ကလပ်အသင်းတွေက ၈ နေရာအထိ ရယူနိုင်ခဲ့ပြီး (၃) ကြိမ်တိုင်တိုင် ဗိုလ်စွဲခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ဥရောပမှာ အင်္ဂလန်ကလပ်အသင်းတွေရဲ့ လွှမ်းမိုးမှု ကျဆင်းလာခဲ့တာ ငြင်းမရနိုင်တဲ့ အချက်တစ်ခုပါ။

လက်ရှိဘောလုံးရာသီကို ကြည့်မယ်ဆိုရင်လည်း ချန်ပီယံလိဂ် (၂) ပွဲ ကစားထားပြီးချိန်မှာ ၃ မှတ်ရထားတဲ့ မန်ယူတစ်သင်းသာ အခြေအနေ အကောင်းဆုံး အင်္ဂလန် ကလပ်အသင်းအဖြစ် အုပ်စုဒုတိယနေရာမှာ ရှိနေပြီး ကျန်အသင်းတွေဖြစ်တဲ့ မန်စီးတီး ၊ အာဆင်နယ် ၊ ချဲလ်ဆီးအသင်းတွေက အုပ်စုတတိယ ၊ စတုတ္ထနေရာတွေကို ရောက်ရှိနေပါတယ်။

ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ခြေစစ်ပွဲအဆင့်တွေမှာ ၀က်စ်ဟမ်း ၊ ဆောက်သမ်တန် အသင်းတွေက ပြိုင်ပွဲကထွက်ခဲ့ရလို့ စပါးနဲ့ လီဗာပူး (၂) သင်းစာ ဆက်လက်ရုန်းကန်ရမယ့် အခြေအနေမျိုးပါ။

ဒီတစ်ပတ် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၃) မှာ အင်္ဂလန်အသင်းတွေ အခက်တွေ့စေမယ့် ပွဲစဉ်တွေကလည်း စောင့်ကြိုနေပြန်ပါတယ်။
မန်စီးတီး ၊အာဆင်နယ် အသင်းတွေက အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမယ့် မန်စီးတီးက ယူရိုပါလိဂ် နှစ်နှစ်ဆက် ချန်ပီယံ ဆီဗီလာ ၊ အာဆင်နယ်က ဥရောပထိပ်သီး ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်နဲ့ ကစားရမှာပါ။

မန်ယူ ၊ ချဲလ်ဆီးအသင်းတွေကတော့ အဝေးကွင်းပွဲစဉ်တွေ ကစားရမှာဖြစ်ပြီး မန်ယူက ရုရှားမြေမှာ CSKA မော်စကို ၊ ချဲလ်ဆီးက ယူကရိန်းမြေမှာ ဒိုင်နမိုကိဗ် အသင်းတွေနဲ့ ကစားရမှာဖြစ်လို့ အင်္ဂလန်ကလပ် အသင်း (၄) သင်းအတွက် အခုတစ်ပတ်ပွဲစဉ်တွေက နိုင်ပွဲရဖို့ ခက်ခဲဦးမှာဖြစ်ပါတယ်။

ဥရောပပြိုင်ပွဲတွေမှာ အင်္ဂလန်ကလပ်တွေရဲ့ လွှမ်းမိုးမှု ကျဆင်းလာခဲ့တယ်ဆိုတာ ပြီးခဲ့တဲ့ ရာသီ ရလဒ်တွေက သက်သေပါပဲ။ ဒီရာသီမှာလည်း အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ဖို့တောင် ရုန်းကန်ရမယ့် အခြေအနေရှိနေပြီး ဥရောပ အဆင့်သတ်မှတ်ချက် (UEFA Coefficient) မှာလည်း အီတလီကလပ်အသင်းတွေရဲ့ ခြိမ်းခြောက်မှုတွေကို ခံနေရပါတယ်။
ဥရောပမှာ ကံကြမ္မာဆိုးတွေ ကြုံတွေ့နေရတဲ့ အင်္ဂလန် ကလပ်အသင်းတွေရဲ့ ရှေ့ရေးက ဘယ်လိုဖြစ်လာမလဲ ။
သေချာတာကတော့ ဒီရာသီမှာ ထပ်ပြီး ကျရှုံးမယ်ဆိုရင်တော့ အနာဂတ်မှာ ချန်ပီယံလိဂ် ၀င်ခွင့်တစ်နေရာ လျော့ကျသွားမယ့် အန္တရာယ်ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်

Monday, October 19, 2015

ပရီးမီးယားလိဂ်အသင်းများ ရပ်တည်မှုဇယား


လျို့ဝှက်အစီအစဉ်ထဲက ဘရာဇီးညှို့အားပြင်းမော်ဒယ်နဲRanaldo

မကြာသေးခင် ရက်ပိုင်းအတွင်းက Ronaldo ဟာ လျို့ဝှက်အစီအစဉ် တစ်ခုအတွက် ဘရာဇီးညှို့အားပြင်း မော်ဒယ် Alessandra Ambrosio နဲ့အတူ ဓာတ်ပုံအရိုက်ခံခဲ့တယ်လို့ သိရပါတယ်။

ရီးရဲလ်အသင်းရဲ့ အကျော်အမော်ဟာ အဲ့ဒီ Victoria'a Secret မော်ဒယ်နဲ့   လျို့ဝှက်အစီအစဉ်အတွက် ဓာတ်ပုံအရိုက်ခံခဲ့ကြ့ပီး လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သူတို့ရဲ့ selfie ပုံတွေကို ပရိတ်သတ်တွေအတွက် ပြန်လည် မျှဝေပေးခဲ့ကြတာပါ။

Ronaldo ဟာ ရုရှားမော်ဒယ်  Irina Shayk နဲ့ နှစ်ဆန်းပိုင်းက လမ်းခွဲပြတ်စဲခဲ့သူပါ။ အခုသူနဲ့ ဓာတ်ပုံအရိုက်ခံခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် ဘရာဇီးသူကတော့ ၂၀၀၈ ခုနှစ်တုန်းက လက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက် အမေဖြစ်တာကြောင့် သူတို့ နှစ်ယောက်ကိုတော့ မီဒီယာတွေက ဘာထင်ကြေးမှ မပေးခဲ့ကြတာပါ။ ကလေးနှစ်ယောက် အမေဖြစ်ပေမယ့် အရွယ်တင် နုပျိုလွန်းနေတာကြောင့် အခုထက်ထိ နာမည်ကြီးနေတာပါ။

Ronaldo ဟာ မကြာသေးခင်နှစ်တွေ အတွင်းမှာ သူ့ရဲ့ဖက်ရှင် brand ဖြစ်တဲ့ CR7 ကို ဈေးကွက် တိုးချဲ့နေတာပါ။ သူဟာ အရင်တုန်းကတော့  Armani အဝတ်အစားတွေ အတွက်လည်း မော်ဒယ် လုပ်ပေးခဲ့ပေမယ့် အခုအချိန်မှာတော့ မလုပ်ကိုင်တော့ပဲ သူ့ brand အတွက်သာ ဇောက်ချ လုပ်ကိုင်နေတာပါ။

တွစ်တာမှာတင်ခဲ့တဲ့ video clip မှာတော့ Ronaldo က "ကျွန်တော်တို့ ခုနလေးတင်ပဲ ဓာတ်ပုံ ရိုက်ပြီးခဲ့ကြပြီ။ Alessandra နဲ့အတူ သရုပ်ဆောင်ရတာ ထူးခြားလွန်းခဲ့တယ်။ သူမကတော့ အရမ်း အံ့သြစရာကောင်းတဲ့ မော်ဒယ်တစ်ယောက်ပဲ။ ဘာအတွက် ဓာတ်ပုံ ရိုက်ခံခဲ့လည်းဆိုတာ မပြောသေးပါဘူး။ လျို့ဝှက်ချက်မို့လို့ပါ။ ထွက်ပေါ်လာမှ ကြိုက်ဖို့သာ ပြင်ထားပေးနော်"လို့ ပြောခဲ့ပါတယ်။


  • Alessandra ကလည်း "Ronaldo နဲ့ ခမ်းနားတဲ့ အချိန်တွေကို ရခဲ့တယ်။ သူက အရမ်းကို နှစ်မြှို့ဖွယ်ကောင်းတဲ့ အမျိုးသားပဲ။ ဘာကိစ္စလည်း ဆိုတာကိုတော့ ရှာဖွေကြည့်ကြပါ" လို့ပြောခဲ့ပါတယ်။ Ronaldo ဟာ ဘောလုံးကစားရာမှာ ထူးချွန်ရုံမကပဲ သူ့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ပြင်ပလောက က လူနေမှု ပုံစံတွေကြောင့်လည်း အမြဲစောင့်ကြည့်ချင်စရာ ဖြစ်လို့နေပါတယ်

ရော်နယ်ဒိုနှင့်နေမာ တစ်ပတ်အတွင်း ဂိုးသွင်းစံချိန်သစ်တင်

စနေညပိုင်းပွဲများတွင် ရီးရဲလ်နှင့် ဘာစီလိုနာတို့ ပြိုင်ဘက်များကို အသီးသီး အနိုင်ရခဲ့ရာ၌ ဂိုးသွင်းခဲ့သည့် တိုက်စစ်မှူးများဖြစ်သော ရော်နယ်ဒိုနှင့် နေမာတို့က ဂိုးသွင်းစံချိန်များကို ချိုးနိုင်ခဲ့သည်။

ရော်နယ်ဒိုသည် လီဗန်တေးကို  ရီးရဲလ်က ၃-၀ ဂိုးပြတ်ဖြင့်နိုင်သော ပွဲတွင် လာလီဂါပွဲပေါင်း  ၃၁၀ ကစားရာ၌ ၃၂၄ ဂိုးမြောက် ဂိုးသွင်းပေးခဲ့ပြီး  ရာအူးလ်၏ ကလပ်အတွက် သွင်းဂိုးစံချိန်သာမက ပွဲကစားသည့် အရေအတွက် အရလည်း ၄၃၁ ပွဲကစားထားသော ရာအူးလ်ထက်နည်းပြီး ဂိုးများသည့်စံချိန်ရှင် ဖြစ်လာခဲ့သည်။

ရော်နယ်ဒိုသည် လက်ရှိရာသီတွင် ခြောက်ဂိုး ရထားပြီဖြစ်ကာ ဘန်ဇီးမားနှင့် ဂိုးအရေအတွက် တူခဲ့ပြီး ပြိုင်ဘက် မက်ဆီကမူ သုံးဂိုးသာ ရသေးသည်။

နေမာသည် ဗယ်လီကာနိုနှင့် ပွဲတွင် မက်ဆီ မပါဝင်သော ဘာစီလိုနာတိုက်စစ်ကို ဦးဆောင်ခဲ့ပြီး လေးဂိုးသွင်းခဲ့ရာ၌ ကစားသမားဘဝ သက်တမ်းတစ်လျှောက် ငါး ကြိမ်မြောက် တစ်ပွဲတည်း လေးဂိုးအထိ သွင်းနိုင်သည့် စံချိန်သစ် ရခဲ့သည်။

နေမာသည် ဆန်းတို့စ်ကလပ်နှင့် ဘရာဇီးတွင်ကစားခဲ့စဉ် ၂၀၁၀ ပြည့်နှစ်က ငါးဂိုး သွင်းခဲ့ဖူးပြီး လေးဂိုးသွင်းသည့် ပွဲများမှာမူ ယခင်က ဘရာဇီးလက်ရွေးစင် အသင်းနှင့် ဂျပန်အသင်းပွဲတွင် လည်းကောင်း၊ ဆန်းတို့စ်နှင့် ယူနီအို ဘာဘန်ရင့်စ်နှင့်ပွဲ၊ အက်သလက်တီကိုနှင့်ပွဲ၊ ဘရာဇီးလူငယ် အသင်းနှင့် ပါရာဂွေး ယူ-၂၀ အသင်းနှင့် ပွဲများတွင် လည်းကောင်း သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်

မန်စီးတီးကို အနိုင်ကစားရန်လိုကြောင်း မန်ယူနည်းပြ Van Gaal ပြော

နယ်သာလန်လူမျိုးနည်းပြ Van Gaal ကတော့ နောက်အပတ်မှာ ကစားမယ့် မန်စီးတီးနဲ့ ဒါဘီပွဲကို မဖြစ်မနေ အနိုင်ကစားဖို့လိုပြီး အနိုင်ကစားနိုင်ရင် ချန်ပီယံဆုကို မျှော်မှန်းနိုင်ပြီလို့ ပြောခဲ့တာပါ။ ယူနိုက်တက်ဟာ အာဆင်နယ် အသင်းကို ရှုံနိမ့်ပြီးတဲ့နောက် နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာ ကစားပုံကောင်းတဲ့ အဲဗာတန်အသင်းကို အဝေးကွင်းမှာ ကြောက်စရာ ကစားပုံနဲ့ သုံးဂိုးပြတ် အနိုင်ကစားခဲ့တာပါ။

မန်ယူအသင်းဟာ ကြားရက်မှာ CSKA မော်စကိုအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ကစားရမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ မန်စီးတီးအသင်းနဲ့ ဒါဘီပွဲစဉ် အဖြစ်ကစားရမှာပါ။ နည်းပြ Van Gaal ကတော့ ချန်ပီယံဆုအတွက် ဆိုရင် မန်စီးတီးကသာ သူ့အသင်းအတွက် အကောင်းဆုံး ပြိုင်ဘက်ဖြစ်တယ်လို့ ထင်မြင်နေတာပါ။

ဒါကြောင့် နည်းပြ Van Gaal က "ကျွန်တော်ကတော့ အဲဗာတန်အသင်းနဲ့ ပွဲမှာ အသင်းရဲ့ကစားပုံကို တကယ် ကျေနပ်မိပါတယ်။ အဲ့လို အနိုင်ရခဲ့တဲ့ပွဲဟာ အသင်းကို အောင်မြင်မှုတွေ ဆောင်ကျဉ်းပေးနိုင်ဖို့အတွက် နိဒါန်းပဲလို့ ထင်မိတယ်။ လာမယ့်အပတ်မှာ မန်စီးတီးကိုသာ အနိုင်ကစားနိုင်မယ်ဆိုရင် ကျွန်တော်တို့ဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ပါပြီ။ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ဆိုတာ ကျွန်တော်တို့အသင်းရဲ့ ပစ်မှတ်ပါ။ ကျွန်တော်တို့အသင်းရဲ့ ရည်ရွယ်ချက်ကိုတော့  ရောက်ရှိနိုင်မယ်ထင်ပါတယ်" လို့ Van Gaal ကပြောခဲ့တာပါ။

မန်ယူအသင်းဟာ ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ နှစ်မှတ်ကွာနေပြီး အာဆင်နယ်အသင်းနဲ့တော့ ရမှတ် ၁၉ မှတ်ချင်း တူညီနေပေမယ့် ဂိုးကွာခြားချက်ကြောင့် အဆင့်သုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်

ပီအက်စ်ဂျီနှင့် ဘတ်စတီးယားပွဲပြီးနောက် အဓိကရုဏ်းများဖြစ်ပွား

စနေနေ့က ပြင်သစ် လီဂူးဝမ်းတွင် ပီအက်စ်ဂျီက ဘတ်စတီးယားကို နှစ်ဂိုး ဂိုးမရှိဖြင့် နိုင်သည့် ပွဲအပြီးတွင် ပရိသတ်များ အဓိကရုဏ်း ဖြစ်သောကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွင်းခဲ့ရသည်။

ယင်းပွဲတွင် နှစ်ဂိုးလုံး သွင်းယူခဲ့သော ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်သည် ပီအက်စ်ဂျီ၏ ထာဝရ ဂိုးသွင်းဘုရင်အဖြစ် ၁၃၈ ပွဲ၌ ၁၁၂ ဂိုးမြောက် သွင်းယူနိုင်ခဲ့သည်။

အဓိကရုဏ်းဖြစ်ပွားရာတွင် ပရိသတ်ဦးရေ ၅၀ မှ ၁၀၀ ခန့်အထိ ပါဝင်ခဲ့ပြီး အမှိုက်ပုံးများကို မီးရှို့ခဲ့ကြသည်။ ရဲကားကိုးစီး လာရောက်ခဲ့ပြီး မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ကာ တည်ငြိမ်အောင် ဆောင်ရွက်ခဲ့ရသည်။

ယင်းဖြစ်ရပ်မှာ ပြင်သစ် ဘောလုံးလောက၏ ပုံရိပ်ကို ထိခိုက်စေသော အဖြစ်အပျက်များအနက် နောက်ဆုံးဖြစ်ရပ်ဖြစ်ပြီး စက်တင်ဘာက မာဆေးနှင့် လိုင်ယွန်အသင်းတို့ တစ်ဂိုးစီ သရေကျနေစဉ် လူအုပ်ကြား ပြဿနာ  ဖြစ်ပွားသောကြောင့် မိနစ် ၂၀ ကြာ ရပ်နားခဲ့ရသည်

လီဗာပူးလ်အသင်းကို စည်းကမ်းပိုင်း အရေးထားပြီး ကိုင်တွယ်မယ်

လီဗာပူးလ် နည်းပြသစ် ကလော့ပ်သည် ရလဒ်ကောင်းများ ပြန်ရယူရာတွင် စည်းကမ်းပိုင်းကို အလေးထားသွားမည် ဖြစ်ကြောင်း သိရသည်။ လီဗာပူးလ်အသင်း လေ့ကျင့်ရေးကွင်း ဖြစ်သော မဲလ်ဝုဒ်ကို ဘောလုံးရုံးချုပ်အဖြစ် သဘောထားပြီး အလွယ်တကူ ၀င်ခွင့်မရအောင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြုလုပ်ရာတွင် ကစားသမားများ၏ ချစ်သူ ဇနီးမယားများ ကိုလည်း လေ့ကျင့်ရေးကွင်းသို့ လာရောက်ခွင့် ပိတ်ပင်သွားမည် ဖြစ်ကြောင်း သိရသည်။ ကစားသမားများကို ရာနှုန်းပြည့် ကြိုးစားရန် တိုက်တွန်းသွားမည် ဖြစ်ပြီး၊ လေ့ကျင့်ရေး ကွင်းတွင်လည်း အကောင်းဆုံး လုပ်ဆောင်နိုင်ရန် အစီအစဉ်များ ချမှတ်သွားမည် ဖြစ်သည်။

ကလော့ပ်က မိမိအနေဖြင့် ကစားသမားများ၏ စတ်ဓာတ်ပိုင်းဆိုင်ရာကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ မိမိ၏ အစီအစဉ်များသည် ယခင်နည်းပြ ရော်ဂျားစ်နှင့် ကွာဟမှုမရှိသော်လည်း လုပ်ကိုင်ပုံ အနည်းငယ် ကွဲခြားနိုင်ကြောင်း၊ မိမိတို့အနေဖြင့် ရလဒ်ကောင်းရရှိရေး ကြိုးစားရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြောကြားခဲ့သည်။

ကလော့ပ်က လီဗာပူးလ်ကို ကိုင်တွယ်ရာတွင် စွန့်စားမှု မဟုတ်ကြောင်း၊ မိမိကို အခြားအသင်းများကလည်း ခေါ်ယူရန် စိတ်ဝင်စားခြင်း မရှိခဲ့ကြောင်း၊ မိမိအနေဖြင့် လီဗာပူးလ်ကို ကိုင်တွယ်ရာတွင် စိန်ခေါ်မှုများနှင့် ကြုံရမည် ဖြစ်သော်လည်း ကြီးကျယ်သည့် ပြဿနာတစ်ရပ် မဟုတ်ကြောင်း ပြောကြားခဲ့သည်

မန်ယူရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ကြောင်း Neymar ရဲ့ ဖခင်ဝန်

ဘရာဇီးအသင်းရဲ့ ခေါင်းဆောင်ဖြစ်သူ Neymar ဟာ ဘာစီလိုနာအသင်းမှာ ဆက်ရှိ မရှိ အနာဂတ်နဲ့ ပတ်သက်ပြီး လှုပ်ခတ်နေသူပါ။ သူဟာ မန်ယူအသင်းရဲ့ ကြိုးပမ်းမှုကို လက်ခံရရှိခဲ့ပါတယ် လို့ သူကဖခင်က ဝန်ခံခဲ့တာပါ။ ဒါကြောင့် Neymar ရဲ့အလှုပ်ခတ်ဆုံးဖြစ်နေခဲ့ပြီး သူ့ကို မန်ယူအပါအဝင် ရီးရဲလ်မက်ဒရစ် ၊ ချယ်လ်ဆီးနဲ့ PSG လို အသင်းကြီးတွေက စောင့်ကြည့်နေပါတယ်။

Neymar ရဲ့ ဖခင် ပြောကြားချက်အရတော့ မန်ယူအသင်းဟာ Neymarကို အစောဆုံးကမ်းလှမ်းခဲ့ပြီး ကစားသမားကိုယ်တိုင်ရော ကလပ်အသင်းကပါ စိတ်ဝင်စားခြင်း မရှိတာကြောင့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။

Neymar ဟာ ကာလရှည် စာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးလျက်ရှိနေပြီး ၂၀၁၆ ရောက်မှ အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ Neymar ဟာ ဘာစီလိုနာအသင်းမှာ ကစားရတာကို ငြီးငွေ့နေပြီး ကမ္ဘာကျော်တွေ စုစည်းနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းကစားချင်မိတယ်လို့ တရားဝင်ဖွင့်ဟထားတာပါ။

ဒီလို အနာဂတ်လှုပ်ခတ်နေမှုကို မန်ယူအသင်းက အခွင့်ကောင်းယူပြီး ကြားဝင် ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့် ကစားသမားကိုယ်တိုင်က မန်ယူအသင်းကို စိတ်မဝင်စားတာကြောင့် ခေါ်ယူနိုင်ဖို့ အခွင့်အရေး နည်းပါးသွားတာပါ။
သူရဲ့ အနာဂတ်ကိုတော့ သူကိုယ်တိုင် ဆုံးဖြတ်မှာဖြစ်ပြီး စာချုပ်သက်တမ်း တိုးဖို့ အဆင်မပြေရင်တော့ အသင်းပြောင်းဖို့ သေချာသလောက် ရှိနေတာပါ။ ဒါ့ကြောင့် ဒီလိုအရည်အသွေးမြင့် ကစားသမားကို ခေါ်ယူဖို့ ဥရောပအသင်းကြီးတွေက စောင့်ကြည့်လျက် ရှိနေတာပါ။

ဒါပေမယ့် ဘာစီလိုနာကတော့ Neymar ကို စာချုပ်သက်တမ်းတိုးဖို့ အစွမ်းကုန် ကြိုးစားနေပြီး လာမယ့် ၂၀၁၆ အပြောင်းအရွှေ့ Neymar ရဲ့ အနာဂတ်ဟာ ဘာတွေဖြစ်လာနိုင်တယ် ဆိုတာတော့ ဘယ်သူကမှ အတိအကျ မပြောနိုင်သေးဘူး လို့ သိရပါတယ်

ယခုရာသီတွင် ဥရောပလိဂ်များ၌ ဘာစီလိုနာ ပင်နယ်တီအများဆုံးရ

ဘာစီလိုနာ အသင်းသည် ယခုရာသီတွင် ထိပ်သီး လိဂ်များရှိသည့် နိုင်ငံများဖြစ်သော စပိန်၊ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီတို့မှ မည်သည့် အသင်းထက်မဆို ပင်နယ်တီအများဆုံး ရရှိသည့် အသင်းအဖြစ် ဦးဆောင်နေကြောင်း အေအက်စ်မီဒီယာက ဖော်ပြသည်။

ဘာစီလိုနာသည် စနေညပိုင်း ဗယ်လီကာနိုနှင့် ပွဲတွင် ပင်နယ်တီနှစ်လုံး ရခဲ့ရာ ယခုရာသီလိဂ်ပွဲ ရှစ်ပွဲ၌ ပင်နယ်တီရရှိမှု ခုနစ်လုံးအထိ ရှိလာခြင်းဖြစ်သည်။
ထို့ပြင် စပိန်လာလီဂါ၌ ယခုနှစ်အတွင်း ကစားသည့်လိဂ်ပွဲ ၇၂ ပွဲတွင် ပင်နယ်တီ ၁၉ လုံး ပေးထားရာ ဘာစီလိုနာက ခုနစ်လုံး ရသဖြင့် ၃၉ ရာခိုင်နှုန်း ရထားခြင်း ဖြစ်သည်။

ဘာကာနှင့်ယှဉ်လျှင် ရီးရဲလ်မက်ဒရစ်သည် ယခုရာသီတွင် ပင်နယ်တီ တစ်လုံးသာ ရထားပြီး ယင်းမှာ အက်စပန်ညိုနှင့်ပွဲ၌ ရော်နယ်ဒိုက သွင်းယူပေးခဲ့သည်။
အက်သလက်တီကိုက ရီးရဲလ်နှင့် မက်ဒရစ်ဒါဘီပွဲတွင် ပင်နယ်တီရသော်လည်း ဂရစ်ဇ်မန်းသွင်းရာ ရီးရဲလ်ဂိုးသမား ကေလာနားဗတ်စ်က ကာကွယ်နိုင်ခဲ့သည်

ယူရိုခြေစစ်ပွဲများနိုင်ဝင်ဘာလပြန်စမည်

နိုဝင်ဘာ ၁၂ မှ ၁၇ ရက် ထိ ကျင်းပမည့် ယူရို ၂၀၁၆ ခြေ စစ်ပွဲ ရှုံးထွက်အဆင့် နှစ်ကျော့ ပွဲစဉ်များတွင် အိုင်ယာလန်နှင့် ဘော့စနီးယားတို့ ရင်ဆိုင်ရမည် ဖြစ်သည်။


စတင်မည့်ရက်ကို အတည် မပြုသေးသော်လည်း ရင်ဆိုင် တွေ့မည့် အသင်းများစာရင်း ထွက်ပေါ်လာပြီဖြစ်သည်။

ယင်းစာရင်းကို ဆွစ်ဇာလန် နိုင်ငံ နိုင်ယွန်မြို့ရှိ ယူအီးအက်ဖ် အေဌာနချုပ်တွင် အောက်တိုဘာ ၁၈ ရက် နံနက်က မဲနှိုက်ပြီး ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

နည်းပြ မာတင်အိုနေးလ်၏ အိုင်ယာလန်အသင်းသည် ပြီးခဲ့ သည့် သီတင်းပတ်က အုပ်စု (D) ၏ ခြေစစ်ပွဲ နောက်ဆုံးပွဲတွင် ပိုလန်ကို အနိုင်မကစားနိုင်ခဲ့၍ ရှုံးထွက်ပွဲကစားရမည်ဖြစ်သည်။

အခြားရှုံးထွက်ပွဲများမှ တစ် ဆင့် ခြေစစ်ပွဲ အောင်မြင်ခွင့်ရ မည့် ပွဲစဉ်များမှာ ယူကရိန်းနှင့် ဆလိုဗေးနီးယား၊ ဆွီဒင်နှင့် ဒိန်း မတ်၊ ဟန်ဂေရီနှင့် နော်ဝေးပွဲစဉ် များ ဖြစ်သည်။

ယင်းအသင်းရှစ်သင်းမှ အ နိုင်ရသော အသင်းလေးသင်း သည် ပြင်သစ်နိုင်ငံတွင် ကျင်းပ မည့် ယူရို ၂၀၁၆ ပြိုင်ပွဲဝင်ခွင့် ရ မည်ဖြစ်ကာ ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ထားသည့် အသင်း ၁၉ သင်း၊ အိမ်ရှင်ပြင်သစ်တို့နှင့် အတူ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

—Ref: Goal

အောင်မြင့်မြတ်

Sunday, October 18, 2015

စနေည ပရီးမီးယားလိဂ်ပွဲစဉ် အနိုင်အရှုံး ရလဒ်များ

ပရီးမီးယားလိဂ် ပွဲစဉ် (၉)

တော့တမ်ဟမ် ၀ - ၀ လီဗာပူး

ချဲလ်ဆီး ၂ - ၀ အက်စတွန်ဗီလာ

ခရစ်စတယ်ပဲလေ့စ် ၁ - ၃ ၀က်စ်ဟမ်း

အဲဗာတန် ၀ - ၃ မန်ယူ

မန်စီးတီး ၅ - ၁ ဘုန်းမောက်

ဆောက်သမ်တန် ၂ - ၂ လက်စတာ

ဝက်စ်ဘရွန်း ၁ - ၀ ဆန်းဒါးလန်း

ဝက်ဖို့ဒ် ၀ - ၃ အာဆင်နယ်

လက်ရွေးစင်နည်းပြ အေဗရာမိုဗစ်ကို ထုတ်ပယ်ပြီး ပြောင်းလဲခန့်အပ်

မန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အသင်းကို ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိခဲ့သည့် ဆားဘီးယားလူမျိုး နည်းပြ အေဗရာမိုဗစ်ကို နည်းပြအဖြစ်မှ ထုတ်ပယ်ပြီး ယူ-၂၀ နည်းပြ ဂတ်ဖရိုင်းဒရစ်အား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သတင်းရရှိသည်။

‘‘အဓိကကတော့ ရလဒ်ပိုင်း မကောင်းခဲ့လို့ပါ။ မြန်မာကစားသမားတွေ အကြောင်း နားလည်တဲ့ နည်းပြဖြစ်တဲ့ ဂတ်ဖရိုင်းဒရစ်ကို အေဗရာမိုဗစ်နေရာမှာ အောက်တိုဘာ ၁၇ ရက်ကစပြီး တာဝန်ပေးလိုက်တာပါ။ လာမယ့် ဆူဇူကီးဖလားကိုလည်း အောင်မြင်မှုရဖို့  ရည်မှန်းထားလို့ အပြောင်းအလဲတစ်ခုကို ပြုလုပ်လိုက်တာပါ’’ဟု အဖွဲ့ချုပ်တာဝန် ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အသင်း နှင့်အတူ ၂၀၁၆ ဆူဇူကီးဖလား ပြိုင်ပွဲပြီးဆုံးသည်အထိ စာချုပ်သက်တမ်းရှိနေသည့် နည်းပြချုပ် အေဗရာမိုဗစ်အား သုံးလစာ လျော်ကြေးပေး၍ ထုတ်ပယ်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ကြံ့ခိုင်ရေးနည်းပြ လူကာအား နှစ်လစာပေး၍ ထုတ်ပယ်ခဲ့ကြောင်း တာဝန်ရှိသူက ဆိုသည်။

စင်ကာပူ လက်ရွေးစင်အသင်းကို ဆူဇူကီးဖလား (ယခင် တိုက်ဂါးဖလား) သုံးကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြအေဗရာမိုဗစ်သည်  မြန်မာအသင်းကို ၂၀၁၄ ဖေဖော်ဝါရီတွင် စတင် တာဝန်ယူခဲ့သည်။

၎င်း၏ လက်ထက်၌ ကမ္ဘာ့ဖလား ခြေစစ်ပွဲများအပါအဝင် ပြိုင်ပွဲအရပ်ရပ် စုစုပေါင်း ၂၂ ပွဲယှဉ် ပြိုင်ခဲ့ရာ ခုနစ်ပွဲနိုင်၊ လေးပွဲသရေ နှင့် ၁၁ ပွဲရှုံးနိမ့်ခဲ့ပြီး ကူဝိတ်အသင်းကို စံချိန်တင်ရလဒ်ဖြစ်သည့် ၉-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ သို့သော် ၂၀၁၄ ဖိလစ်ပိုင်ငြိမ်းချမ်းရေး ဖိတ်ခေါ်ဖလားကို ရယူပေးနိုင်ခဲ့သည်။

မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းကို သမိုင်းဝင် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဂျာမနီနိုင်ငံသား ဂတ်ဖရိုင်းဒရစ်သည် လက်ရွေးစင်အသင်းကို နိုဝင်ဘာ ၇ ရက်တွင် ဟောင်ကောင်အသင်းနှင့် ယှဉ်ပြိုင်မည့် ခြေစမ်းပွဲမှ စတင်ကာ တာဝန်ယူရမည်ဖြစ်သည်။

၎င်းသည် အောက်တိုဘာ ၁၂ ရက်က ဂျာမနီသို့ခွင့်ဖြင့် ပြန်သွားခဲ့ပြီး နိုဝင်ဘာလဆန်း၌ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

‘‘မစ္စတာဂတ်နဲ့ စာချုပ်ကိစ္စက သူပြန်လာမှ အသေးစိတ်ထပ်ပြီး ဆွေးနွေးရမှာပါ။ သူ့ကို ၂၀၁၆ ဆူဇူကီးဖလား ပြိုင်ပွဲကာလအထိ စာချုပ်ချုပ်ဆိုသွားမှာပါ’’ ဟု အဖွဲ့ချုပ်တာဝန်ရှိသူက ထပ်မံပြောကြားသည်

နေမာ ဘာကာသို့ ပြောင်းရွှေ့ခဲ့မှု ဖီဖာ စတင်စစ်ဆေး

ဘရာဇီးတိုက်စစ်မှူး နေမာ၏ ၂၀၁၃ က ဆန်းတို့စ်အသင်းမှ ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့မှုကို စတင်စုံစမ်း စစ်ဆေးနေကြောင်း ဖီဖာက ကြေညာသည်။

ယင်းသဘောတူညီမှုမှ မမျှတသော နစ်နာကြေး ရရှိခဲ့သည် ဟု ဘရာဇီးကလပ် ဆန်းတို့စ်က ယုံကြည်ထားပြီး ခန့်မှန်းခြေ ပြောင်းရွှေ့ကြေး ယူရို ၈၃ ဒသမ ၄ သန်းမှ ယူရို ၁၇ ဒသမ ၁ သန်းသာ ရရှိခဲ့သည်။

နေမာနှင့် ဘာစီလိုနာ အသင်းတို့နှင့် ပတ်သက်၍ ဆန်းတို့စ်အသင်းထံမှ တိုင်ကြားချက်တစ်ခု လက်ခံရရှိထားသည်ဟု ဖီဖာက ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။

ယင်းကိစ္စကို လောလောဆယ် ဆိုင်းငံ့ထားပြီး စုံစမ်းစစ်ဆေးနေသည်ဟု ဖီဖာက ပြောသည်။

နေမာ၏ အသင်းပြောင်းရွှေ့မှုအတွက် အခွန်လိမ်လည်မှု ရှိ၊ မရှိ ဆုံးဖြတ်နိုင်ရေး နေမာအတွက် ဘာကာက ဆန်းတို့စ်အသင်းကို ပေးခဲ့သည့် ငွေပမာဏ အတိအကျကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးနေကြောင်း စပိန်အား ကစားသတင်းဌာန Marca က ဖော်ပြသည်

မန်ယူဂိုးသမား Valdes လာမည့် ဇန်နဝါရီတွင် အသင်းပြောင်းမည်

မန်ယူဂိုးသမား Valdes ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းပြောင်းတော့မယ်လို့ သူ့ရဲ့အေးဂျင့်ဖြစ်သူက ပြောပြခဲ့တာပါ။
ဒီဂိုးသမားဟာ ဇူလိုင်လတုန်းက တူရကီကလပ် ဘက်ဆစ်တပ်စ် အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့် မဖြစ်မြောက်ခဲ့ပါဘူး။

စပိန်ဂိုးသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူက  Maca သတင်းစာကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

"သူဟာ ဇန်နဝါရီလအတွင်းမှာ အသင်းပြောင်းဖို့ အခွင့်အရေးရှိရင် ဘယ်အသင်းမဆို ပြောင်းနိုင်ပါတယ်။ ဒါပေမယ့် သူစပိန်ကို ပြန်မှာတော့ မဟုတ်ပါဘူး။ သူဟာသူ့အတွက် အကောင်းဆုံး ဖြစ်မယ်ထင်တဲ့ အသင်းကို ပြောင်းရွှေ့မှာပါ"လို့ ဖြေကြားခဲ့ပါတယ်။

သူဟာ ဂိုးသမားပြဿနာ  ကြုံတွေ့နေရတဲ့ နယူးကာဆယ်အသင်းကို  ပြောင်းရွှေ့ဖွယ်အများဆုံး ဖြစ်နေပြီး  နယူးကာဆယ် အသင်းကလည်း အဓိကဂိုးသမား Tim Krul ဟာ ရာသီကုန်အထိ အနားယူရဖွယ် ရှိတာကြောင့် ဂိုးသမားတစ်ယောက်ကို အလျင်အမြန် လိုအပ်နေတာပါ။

Valdes ဟာ ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ၂၀၁၄ ယူရိုပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ စပိန်အသင်း လူစာရင်းမှာလည်း တစ်စိတ်တစ်ဒေသ ပါဝင်ခဲ့သူပါ။ သူဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၂ ကနေ ၂၀၁၄ အထိကစားခဲ့ပြီး လာလီဂါဖလား ခြောက်ကြိမ် ၊ချန်ပီယံလိဂ်သုံးကြိမ်နဲ့ စပိန်ဘုရင့်ဖလား နှစ်ကြိမ် ရရှိခဲ့တဲ့ ပုံရိပ်ကြီး ဂိုးသမားတစ်ယောက်လည်း ဖြစ်ပါတယ်

စနေညအင်္ဂလန်ပရီးမီးယားလိဂ်ပွဲပြီးရလဒ်များ

စနေနေ့ညကယှဉ်ပြိုင်ကစားခဲ့ကြတဲ့အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တွေရဲ့ပွဲပြီးရလဒ်တွေတင်ပြပေးလိုက်ပါတယ်
ပရီးမီးယားလိဂ် ပွဲစဉ် (၉)

တော့တမ်ဟမ် ၀ - ၀ လီဗာပူး 

ချဲလ်ဆီး ၂ - ၀ အက်စတွန်ဗီလာ 

ခရစ်စတယ်ပဲလေ့စ် ၁ - ၃ ၀က်စ်ဟမ်း 

အဲဗာတန် ၀ - ၃ မန်ယူ 

မန်စီးတီး ၅ - ၁ ဘုန်းမောက်

ဆောက်သမ်တန် ၂ - ၂ လက်စတာ 

ဝက်စ်ဘရွန်း ၁ - ၀ ဆန်းဒါးလန်း 

ဝက်ဖို့ဒ် ၀ - ၃ အာဆင်နယ် 
အောင်မြင့်မြတ်

Saturday, October 17, 2015

နေမာဘာကာသို့ပြောင်းရွှေ့မှုကိုဖီဖာစတင်စစ်ဆေး

ဘရာဇီးတိုက်စစ်မှူး နေမာ၏ ၂၀၁၃ က ဆန်းတို့စ်အ သင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့မှုကို စတင်စုံစမ်းစစ် ဆေးနေကြောင်း ဖီဖာက ကြေ ညာသည်။


ယင်းသဘောတူညီမှုမှ မမျှ တသော နစ်နာကြေး ရရှိခဲ့သည် ဟု ဘရာဇီးကလပ် ဆန်းတို့စ်က ယုံကြည်ထားပြီး ခန့်မှန်းခြေ ပြောင်းရွှေ့ကြေး ယူရို ၈၃ ဒသမ ၄ သန်းမှ ယူရို ၁၇ ဒသမ ၁ သန်း သာ ရရှိခဲ့သည်။

နေမာနှင့် ဘာစီလိုနာအ သင်းတို့နှင့် ပတ်သက်၍  ဆန်းတို့စ် အသင်းထံမှ တိုင်ကြားချက် တစ် ခု လက်ခံရရှိထားသည်ဟု ဖီဖာ က ရိုက်တာသတင်းဌာနသို့ ပြော ကြားသည်။

ယင်းကိစ္စကို လောလော ဆယ် ဆိုင်းငံ့ထားပြီး စုံစမ်းစစ် ဆေးနေသည်ဟု ဖီဖာက ပြော သည်။

နေမာ၏ အသင်းပြောင်း ရွှေ့မှုအတွက် အခွန်လိမ်လည်မှု ရှိ၊ မရှိ ဆုံးဖြတ်နိုင်ရေး နေမာအ တွက် ဘာကာက ဆန်းတို့စ်အ သင်းကို ပေးခဲ့သည့် ငွေပမာဏ အတိအကျကို သိရှိနိုင်ရန် စုံစမ်း စစ်ဆေးနေကြောင်း စပိန်အား ကစားသတင်းဌာန Marca က ဖော်ပြသည်။  —Ref: ESPAN
အောင်မြင့်မြတ်

ပုန်ကန်ပြောဆိုချက်များဂုဏ်သိက္ခာမဲ့ဟုမော်ရင်ညိုပြောကြား

အ၀တ်လဲခန်းအတွင်း ချယ်လ်ဆီးကစားသမားများ၏ ယုံကြည်မှု ဆုံးရှုံးသွားပြီဟူသော ပြောဆိုမှုများမှာ ဂုဏ်သိက္ခာမဲ့ လွန်းသည်ဟု နည်းပြမော်ရင်ဟို က ပြောကြားလိုက်သည်။


ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ် ရှစ်ပွဲကစားပြီး နောက် အဆင့် (၁၆) နေရာတွင် ရပ်တည်နေပြီး အသင်း၏ ကစား ပုံကြောင့် နည်းပြမော်ရင်ဟိုအ ပေါ် ဖိအားများ ကျရောက်နေ သည်။

မော်ရင်ဟိုကမူ အသင်း၏ ရလဒ်များကြောင့် စိတ်အနှောင့် အယှက်မဖြစ်ဘဲ ၎င်းနှင့် အသင်း သားများအပေါ် ဝေဖန်မှုများကို ပယ်ချခဲ့သည်။

‘‘ကစားသမား ပုန်ကန်မှုအ ကြောင်း ပြောဆိုမှုတွေဟာ လုံးဝ သိက္ခာမဲ့တယ်ဆိုတာကတော့ အ မှန်တရားပါ။ ကျွန်တော်တို့ကို အ နှောင့်အယှက်ပေးဖို့ လူတွေဘယ် လောက်တောင် လုပ်ကြသလဲဆို လုံးဝဂုဏ်သိက္ခာမဲ့ပါတယ်’’ ဟု ဘီဘီစီသတင်းနှင့် တွေ့ဆုံမှုတွင် မော်ရင်ဟိုက ပြောကြားသည်။

—Ref: Goal
အောင်မြင့်မြတ်

ယူ၁၇ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်တွင်အင်္ဂလန်နှင့်ဂီနီထိပ်ဆိုက်တွေ့ဆုံ

နိုဝင်ဘာ ၈ ရက် တွင် စတင်မည့် ယူ-၁၇ ကမ္ဘာ့ ဖလားပွဲကို ချီလီနိုင်ငံက လက်ခံ ကျင်းပမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း မှ အရည်အချင်းရှိ လူငယ်ကစား သမားအချို့ ပါဝင်သော အသင်း ပေါင်း ၂၄ သင်း ပါဝင်မည် ဖြစ် သည်။


ချီလီနိုင်ငံတွင် ၂၀၁၅ ယူ- ၁၇ ကမ္ဘာ့ဖလားပွဲကို ဘောလုံး ကွင်းရှစ်ကွင်း၌ ကျင်းပသွားမည် ဖြစ်ပြီး လာမည့် သီတင်းသုံး ပတ်တွင် ကမ္ဘာ့လူငယ်ဘောလုံး ကြယ်ပွင့်များကို တွေ့မြင်ရမည် ဖြစ်သည်။

ပြိုင်ပွဲဝင်အုပ်စု ခြောက်ခု တွင် ပါဝင်သော အသင်းပေါင်း ၂၄ သင်းအနက် အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းနှင့် အကောင်း ဆုံး တတိယနေရာရ ထိပ်ဆုံးအ သင်း လေးသင်းတို့ နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက် ခွင့်ရမည်ဖြစ်သည်။

နိုဝင်ဘာ ၈ ရက်တွင် အုပ်စု (A) ၌ အိမ်ရှင်ချီလီက ခရိုအေး ရှားနှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

အုပ်စု (B) တွင် အင်္ဂလန် နှင့် ဂီနီတို့ ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းအုပ်စုမှာပင် ဘရာဇီးက တောင်ကိုရီးယားနှင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

အုပ်စု (A) ဒုတိယပွဲစဉ်တွင် အမေရိကန်နှင့် နိုင်ဂျီးရီးယားတို့ ရင်ဆိုင်ကြမည်ဖြစ်သည်။

—Ref: Goa
အောင်မြင့်မြတ်

စနေညကန်မယ့် ပရီးမီယားလိဂ် ပွဲကြိုသုံးသပ်ချက်

တော့တမ်ဟမ် - လီဗာပူး (၆ နာရီ ၃၀ မိနစ်)
စပါးရဲ့ကစားပုံက တက်နေတယ်။ ပဲလေ့စ်နဲ့ပွဲမှာ အမှားနည်းတယ် အခွင့်အရေးကို အပိုင်အသုံးချတယ်။ လီဗာပူးကတော့ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ ခြေစွမ်းအားရစရာမရှိဘူး။ ထိထိရောက်ရောက် တိုက်စစ်မဆင်နိုင် ခံစစ်အမှားအယွင်း မရှိပေမယ့် သိပ်မထိန်းနိုင်ခဲ့ဘူး။ ဒီပွဲကတော့ လီဗာပူးသရေဆို ကျေနပ်ရမယ့်ပွဲပါ။ စပါးကြိုက်တယ်။

ချဲလ်ဆီး - အက်စတွန်ဗီလာ (၈ နာရီ ၃၀ မိနစ်)
နယူးကာဆယ်ကို အသည်းအသန်သရေ၊ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးထားတဲ့ ချဲလ်ဆီးအတွက်တော့ ဒီပွဲမှ မနိုင်ဘူးဆိုရင် နည်းပြရဲ့ အနာဂတ်ပါ မလှပဘူး ဖြစ်သွားနိုင်တယ်။
အသင်းက ခြေကျပြီး အခြေအနေဆိုးနေတဲ့ အချိန်မှာ နိုင်ငံတကာပွဲတွေကြောင့် အနားရလိုက်တာ ကံကောင်းပါတယ်။
လက်ရှိအချိန်မှာ တိုက်စစ်ပိုင်းက ၀ီလီယံတစ်ဦးပဲ အားကိုးရပြီး ဒီယေ၈ိုကော်စတာ အော်စကာနဲ့ ပတ်ဒရို မဆိုးဘူး ။
အဓိက ကစားသမား ဟာဇက်ခြေကျနေပြီး ဂိုးပြတ်ဖို့ ဆိုတာထက် နိုင်ဖို့ကိုပဲ ချဲလ်ဆီးအာရုံစိုက် ကစားနိုင်တော့မယ်။

ခရစ်စတယ်ပဲလေ့စ် - ၀က်စ်ဟမ်း (၈ နာရီ ၃၀ မိနစ်)
ခြေတက်နေတဲ့ အသင်းတွေရဲ့ပွဲပါ။ ၀က်စ်ဟမ်းကတော့ သုံးပွဲဆက်နိုင်ပြီးမှာ အားနည်းတဲ့ နှစ်သင်းကို သရေပဲကစားနိုင်ခဲ့တယ်။ ခက်တာက ၀က်စ်ဟမ်းက အသင်းကြီးတွေကို အဝေးကွင်းမှာ ဒုက္ခပေးနိုင်တာကို အရသာတွေ့နေတဲ့ အသင်းပါ။ ဒီပွဲလည်း အသင်းကောင်း ပဲလေ့စ်ကို ဒုက္ခပေးဦးမယ် ထင်ပါတယ်။

အဲဗာတန် - မန်ယူ (၈ နာရီ ၃၀ မိနစ်)
အဲဗာတန်မှာ ဘာကလေ အကောင်းဆုံးပုံစံပြနေပြီး လူကာကူကလည်း အားကိုးရတယ်။ ကွင်းလယ် အဖျက်မှာ မက္ကသီက စိတ်ချရတဲ့အနေအထား ရောက်နေပြီး လက်ရှိ အဲဗာတန်ရဲ့ ကစားပုံကလည်း အားရစရာကောင်းတယ်။
အထူးသဖြင့် အိမ်ကွင်းကစားပုံရော ရလဒ်ပါ အကောင်းဆုံး အနေအထားမှာ ရှိတယ်။ မန်ယူက အာဆင်နယ်ကို ဂိုးပြတ်ရှုံးခဲ့ပေမယ့် ရလဒ်ပိုင်း တောက်လျှောက်ကောင်းနေတဲ့ အသင်းပါ။
အသင်းကခြေတက်နေတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အဲဗာတန်လို အသင်းမျိုးကို အဝေးကွင်းမှာ နိုင်ဖို့ကျတော့ သိပ်မလွယ်ပါဘူး။
အဲဗာတန်ကို ရွေးချယ်သင့်ပါတယ်။

ဆောက်သမ်တန် - လက်စတာ (၈ နာရီ ၃၀ မိနစ်)
ကောင်းပါတယ်ဆိုတဲ့ အသင်းတွေကို ဆောက်သမ်တန် အနိုင်ရခဲ့ပြီး ပုံမှန်ခြေစွမ်းရသွားပြီလို့ ပြောရမယ်။
လက်စတာကလည်း နောက်ပိုင်းပွဲတွေမှာ နည်းနည်းလေး ကျချင်လာတယ်။ ဆောက်သမ်တန်ကွင်းမှာ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။
ဆောက်သမ်တန်နိုင်ဦးမယ်။

ဝက်စ်ဘရွန်း - ဆန်းဒါးလန်း (၈ နာရီ ၃၀ မိနစ်)
နည်းပြပြောင်းလိုက်လို့လည်း နတ်ရေကန်ထဲ ပစ်ချလိုက်သလို ဆန်းဒါးလန်းပုံပြောင်းသွားဦးမှာ မဟုတ်ဘူး။ ၀က်စ်ဘရွန်းကလည်း အိမ်ကွင်းဆိုရင် မာကျောပြီး ခံစစ်ကောင်းလေ့ ရှိပါတယ်။
လက်ရှိအနေအထားအရ ရလဒ်တွေဆိုးနေပေမယ့် ဆန်းဒါးလန်းကိုတော့ အနိုင်ကစားလိမ့်မယ်။

ဝက်ဖို့ဒ် - အာဆင်နယ် (၁၁ နာရီ)
ဝက်ဖို့ဒ်ကစားတာ မညံ့ပါဘူး။ ဒါပေမယ့် အာဆင်နယ်က အကောင်းဆုံး အနေအထားဖြစ်နေတယ်။
ခြေစွာနေတဲ့ လက်စတာ ၊ မန်ယူတို့ကို နှစ်ပွဲဆက် ဂိုးပြတ်နိုင်ခဲ့တယ်။ ဒါကြောင့် ၀က်ဖို့ဒ်ကွင်းမှာ ကစားမယ့်ပွဲအတွက်လည်း စိုးရိမ်စရာမရှိပါဘူး။ အာဆင်နယ်အနိုင်ပါ။

မန်စီးတီး - ဘုန်းမောက် (၈ နာရီ ၃၀ မိနစ်)
ဝက်စ်ဟတ်းနဲ့ စပါးကို နှစ်ပွဲဆက် ရှုံးခဲ့ပြီးတော့ နယူးကာဆယ်နဲ့ပွဲမှာ မန်စီးတီးဂိုးပြတ်နိုင်ခဲ့တယ်။
ဒါပေမယ့် အဓိက အားထားရတဲ့ အဂူရို ဒေးဗစ်ဆေးလ်ဗားတို့ နိုင်ငံတကာပွဲတွေမှာ ဒဏ်ရာရကုန်တယ်။ ယာယာတိုရေးလည်းပါဖို့ မသေချာဘူး။ မန်စီတီးနိုင်မယ်။ ဂိုးပြတ်ဖို့တော့ မလွယ်လောက်ဘူး