၂၀၁၆ ခုနှစ် Ooredoo MNL II ပထမအကျော့ပွဲစဉ်များပြီးတွင် မနောမြေအသင်းနှင့် GFA အသင်းတို့က ရမှတ် ၂၆ မှတ်စီဖြင့် အမှတ်ပေးဇယားကို ပူးတွဲဦးဆောင်ခဲ့ကြသည်။
ပြီးခဲ့သည့်ဧပြီ၁၊ ၂ရက်များက ကစားခဲ့သည့် ပထမအကျော့ နောက်ဆုံးပွဲစဉ်များတွင် GFA အသင်းက University အသင်းကို ၂-၀ ဂိုး၊ စီးတီးစတားအသင်းက ယူနိုက်တက်သန်လျင်အသင်းကို ၃-၀ ဂိုး၊ မနောမြေအသင်းက နေပြည်တော်အသင်းကို ၃-၂ ဂိုး၊ ငွေကြယ်ပွင့် အသင်းကဖုန်ဂန်အသင်းကို၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ သို့သော် မောရ၀တီအသင်းနှင့် ဒဂုံအက်ဖ်စီအသင်း၊ မြ၀တီအသင်းနှင့် မဟာ ယူနိုက်တက်အသင်းတို့ပွဲစဉ်များမှာ တစ်ဖက်တစ်ဂိုးစီဖြင့် ပြီးဆုံးခဲ့သည်။
ပထမအကျော့ ၁၁ ပွဲစီကစားပြီးတွင် မနောမြေအသင်းက ရှစ်ပွဲ နိုင်၊ နှစ်ပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် ၂၆ မှတ်ဖြင့် အဆင့် ၁ တွင် ရပ် တည်ခဲ့သည်။ အလားတူ GFA အသင်းမှာလည်း ရှစ်ပွဲ နိုင်၊ နှစ်ပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် ၂၆ မှတ်ရရှိကာ မနောမြေအသင်းနှင့် ဂိုးကွာခြားချက်ရှိခဲ့သဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်ခဲ့ရခြင်းဖြစ်သည်။ အမှတ်ပေးဇယား အဆင့် ၃၊ ၄ နေရာများ တွင် မြ၀တီ အသင်းနှင့် မောရ ၀တီအသင်းတို့က ရမှတ် ၁၉ မှတ်စီဖြင့် ရပ်တည်နေပြီး အဆင့် ၅ နေရာတွင် မဟယူနိုက်တက် အသင်းက ရမှတ် ၁၈ မှတ်ဖြင့် ရပ်တည်နေသည်။ အဆင့် ၆ နေရာတွင် နေပြည်တော်အသင်းက ရမှတ် ၁၇ မှတ်ဖြင့် ရပ်တည်နေသည်။ သို့သော် နေပြည်တော်အသင်းသည် စုစုပေါင်း ပွဲစဉ် ၁၀ ပွဲသာ ကစားထားရပြီး လာမည့် ဧပြီ ၇ ရက်၊ အောင်ဆန်းကွင်းတွင် တက္ကသိုလ် လက်ရွေးစင်အသင်းနှင့် ပွဲကျန် ဆက်လက်ကစားမည်ဖြစ်သည်။ Ooredoo MNL II 2016 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အသင်း စုစုပေါင်း ၁၂ သင်း ၀င်ရောက်ယှဉ်ပြိုင်နေသည်။ OMNL II ဒုတိယအကျော့ပွဲစဉ်များကို လာမည့် မေ ၂၇ ရက်တွင် ပြန်လည် ကျင်းပ မည်ဖြစ်သည်။
Credit – themnl
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment