Monday, April 18, 2016

ဝက်ဖိုဒ်အသင်းဂိုးသမား ဂိုးမက် ပင်နယ်တီ၂လုံးကာကွယ်ပြီး စံချိန်တင်

ယမန်နေ့ညက ဝက်စ်ဘရွန်း နဲ့ ဝက်ဖို့ဒ် တို့ပွဲစဉ် မတိုင် မီမှာ ဒီ စံချိန် မရှိခဲ့သေးပါဘူး ။

ပွဲချိန်အတွင်းမှာ ဝက်စ်ဘရွန်း တိုက်စစ်မှုး ဘီရာဟီနို ရဲ့ ပင် နယ် တီ ၂ လုံး ကို ကာကွယ်ပြခဲ့ပြီး ဝက်ဖို့ဒ် အသင်းကို အနိုင် ရ စေခဲ့အပြီးမှာတော့ ဂိုးသမားဂိုမက် တ ယောက် ပရီးမီးယားလိဂ် မှာ ဘယ်ဂိုးသမားမှ မတင် ရှိခဲ့ဘူးတဲ့ စံချိန်တခုကို ရယူသွားနိုင် ခဲ့ပါတယ် ။

၂၀၁၀ ခုနှစ်တုန်းက စပါးအသင်းဂိုးသမားအဖြစ်နဲ့ ဆန်းဒါးလန်း တိုက်စစ်မှုး ဒါရင်းဘန့် ရဲ့ ပင် နယ် တီ ၂ လုံးကို ကာကွယ်နိုင် ခဲ့တဲ့ ဂိုမက်စ် ဟာ EPL သမိုင်းတ လျောက် တပွဲတည်းနဲ့ ပင် နယ် တီ ၂ လုံးကို ၂ ပွဲတိတိ ကာကွယ်နိုင် ခဲ့တဲ့ တဦးတည်းသောဂိုးသမား ဖြစ်လာခဲ့ပါတယ် ။

"ကျွန်တော့အတွက်တော့ ပုံမှန်ခံစားမှုပါ ။ ကျွန်တော် ပင် နယ် တီ ကာကွယ်တာတွေလေ့ကျင့်ခဲ့ပါတယ် ။ ကန်သွင်းမယ့်သူ ဘောလုံးကိုမထိမချင်း ကျွန်တော် လှုပ် ရှားလေ့မရှိပါဘူး ။ ကန်မယ့်သူကို အရင် ဆုံးဖြတ်စေပါတယ်" ဟု ဂိုးသမား ဂိုးမက်က ပြောကြားခဲ့ပါတယ်။

Credit – sport myanmar

ဘောလုံးသတင်းများ အစီအစဉ်ကို ကြည့်ရှုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်...
နှစ်သက်သဘောကျခဲ့ရင် သူငယ်ချင်းတွေကို မျှဝေပေးဖို့ မမေ့ပါနဲ့နော်.....





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment