ယမန်နေ့ညက ဒေါ့မွန် အသင်းကို အနိုင် ရရှိသွားခဲ့တာကြောင့် လီဗာပူးရဲ့ ယူရိုပါလိဂ် မှာ ဗိုလ်စွဲနိုင် ခြေဟာ တဟုန် ထိုးမြင့်တက် သွားခဲ့ပါပြီ ။ ချန်ပီယံလိဂ် ဆီမီးဖိုင် နယ် ရောက် သွားတဲ့ မန်စီးတီးကလည်း ဘိုင်ယန် ၊ ရီးရဲ ၊ အသက်လက်တီကို တို့ထက် ဥရောပ ၀ါနု ပေမယ့် မထင် မှတ် တာ တွေကို လုပ်ပြသွားနိုင် ပါတယ် ။ ဒီအဆင့်ကို ရောက် လာမှ တော့ ဘယ် သူ့ကိုမှ လျော့တွက် လို့ မရ တော့ပါဘူး ။ အကယ်၍ လီဗာပူး နဲ့ မန်စီးတီး တို့ ဥရောပဖလားတွေမှာ အသီးသီးဗိုလ်စွဲခဲ့ကြရင် လာမယ့် နှစ် ပရီးမီးယားလိဂ် ရဲ့ ချန်ပီယံလိဂ် ၀င် ခွင့်က ဘယ် လိုဖြစ် လာနိုင် မလဲ ………….။
ဒါကို ပြီးခဲ့တဲ့ ၂ ပတ် လောက် က ကျွန်တော် တခါ ရေးတင်ပြီးခဲ့ပါပြီ ။ ဒီတခါတော့ တိုတိုတုတ်တုတ်ပဲ ရေးပြ ပါရ စေ ။
၁။ UEFA က ကြီးမှုးကျင်းပတဲ့ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်တို့မှာ ဗိုလ် စွဲခဲ့တဲ့ ချန်ပီယံတွေဟာ လာမယ့်နှစ် ချန်ပီယံလိဂ် အုပ်စု အဆင့်ကို တိုက် ရိုက် ခြေစစ်ပွဲအောင် မှာဖြစ် ပါတယ် ။
၂။ ဥရောပရဲ့ ဘယ် လိဂ် ပြိုင် ပွဲကမဆို ချန်ပီယံလိဂ် မှာ အသင်းအ ရေအတွက် ၅ သင်းသာ အများဆုံး ပါဝင် ကစားခွင့် ရှိပါတယ် ။
ဒါကြောင့်……………………… ။
အကယ်၍ မန်စီးတီး နဲ့ လီဗာပူးတို့သာ ဗိုလ် စွဲခဲ့ကြရင် …. ။
၁။ မန်စီးတီး အသင်းသာ ပရီးမီးယားလိဂ် မှာ အဆင့် ၄ နဲ့ ပြီးဆုံးခဲ့ပါက လာမယ့်နှစ် ချန်ပီယံလိဂ် ကို လက်စတာ ၊ စပါး ၊ အာဆင် နယ် နဲ့ ချန်ပီယံ ၂ သင်းဖြစ် တဲ့ မန်စီးတီး ၊ လီဗာပူး တို့ ၀င် ခွင့်ရရှိမှာဖြစ်ပြီး အမှတ် ပေးဇယားမှာ တတိယ နဲ့ ရာသီကုန်ခဲ့တဲ့အသင်းက ယခင် တိုက် ရိုက် ၀င် ခွင့်ရရှိရာက နေ ခြေစစ်ပွဲ ကစားရမှာဖြစ် ပါတယ် ။ အဆင့် ၅ ၊ ၆ ၊ ၇ တို့က တော့ ယူရိုပါလိဂ် ကို ဆင်းသက် ကစားရမှာပါ ။ ပုံမှန် အတိုင်း ပါပဲ ။
၂။ အကယ်၍ မန်စီးတီးသာ ထိပ်ဆုံးလေးသင်းထဲမ၀င် ခဲ့ပဲ မန်ယူအသင်း ( သို့ ) ၀က်စ်ဟမ်း အသင်းက ထိပ်ဆုံးလေးသင်းထဲ ၀င် ခဲ့သည် ရှိသော်လည်း ချန်ပီယံတွေဖြစ်ကြတဲ့ မန်စီးတီး နဲ့ လီဗာပူးတို့ တိုက် ရိုက် ၀င် ခွင့် ရရှိသွားကာ ၅ သင်းသာ အများဆုံးအဖြစ် သတ် မှတ် ထားတာကြောင့် အဆင့် ၄ နဲ့ ရာသီပြီးဆုံးမယ့် အသင်းက ယူရိုပါလိဂ် တိုက် ရိုက် ၀င် ခွင့်သာရရှိတော့မှာဖြစ် ပါတယ် ။ အဆင့် ၃ နဲ့ ရာသီပြီးဆုံးမယ့် အသင်း က တော့ ချန်ပီယံလိဂ် ကို ခြေစစ်ပွဲ အဆင့်က နေ စတင် ကစားရမှာဖြစ် ပါတယ် ။
၂ သင်းလုံးဗိုလ် စွဲဖို့က သိပ် မလွယ် ပါဘူး ။ ၂ သင်းစလုံးဗိုလ် စွဲပြီး မန်စီးတီး အဆင့် ၄ ကို ရောက် ဖို့ ဆိုတာ ပိုတောင် မလွယ် တဲ့ အရာပါ ။ ဒါကြောင့် ဖြစ် နိုင် ခြေ နည်းပါတယ် ။ ဒါပေမယ့် ဒီအ ကြောင်းအရာက ဖြစ် နိုင် ခြေ နည်းပါးရာက နေ ဖြစ် လာခဲ့ရင် ဆိုတဲ့အ ကြောင်းကို ပြောပြထားတာဖြစ် ပါတယ် ။
Credit – sport myanmar
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment