လက်စတာအသင်းအနေဖြင့် လာမည့်တနင်္ဂနွေတွင် မန်ချက်စတာ ယူနိုက်တက်အသင်းကို အိုးထရက်ဖို့ဒ်၌ အနိုင်ရပြီး ပရီးမီးယားလိဂ်ဗိုလ်စွဲခဲ့ လျှင် ဆုဖလားကိုင်မြှောက်အောင်ပွဲခံရဦးမည်မဟုတ်ဘဲ အိမ်ကွင်း ကင်းပါဝါ ကွင်းတွင် အဲဗာတန်နှင့်ကစားသည့်ပွဲပြီးမှသာ ဖလားကိုင်မြှောက် အောင်ပွဲ ခံခွင့်ရမည်ဖြစ်သည်။
ယူနိုက်တက်ကွင်းတွင် လက်စတာအသင်းဖလားမြှောက်အောင်ပွဲခံ အခမ်းအနားပြုလုပ်ရန်ထက် လက်စတာကွင်းတွင်သာ အောင်ပွဲခံရန် လိဂ်တာဝန်ရှိသူများက စီစဉ်ခဲ့ကြခြင်းဖြစ်သည်။
လက်စတာ (အမည်ပြောင် မြေခွေးများ) အနေဖြင့် အသင်းသမိုင်း တစ်လျှောက်ပထမဆုံး အဆင့်မြင့်တန်းဆုဖလားရရန် လက်ကျန်သုံးပွဲတွင် သုံးမှတ်သာလိုအပ်တော့သည်။
အသင်းသည် ၂၂ ဂိုးဖြင့်ဂိုးအများဆုံးသွင်းထားသော ပွဲပယ်ခံထားရသည့် တိုက်စစ်မှူးဗာဒီမပါဘဲ တနင်္ဂနွေတွင်ယူနိုက်တက်ကွင်းသို့ သွားကစား ရမည်ဖြစ်သည်။
ယူနိုက်တက်သည် လက်ရှိရာသီပရီးမီးယားလိဂ်အိမ်ကွင်း ၁၇ ပွဲတွင် နှစ်ပွဲ သာရှုံးထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်မှန်းနေသည်။ အိုးထရက်ဖို့ဒ် ကွင်း တွင် လက်စတာအသင်းအနိုင်မရခဲ့ပါက ချန်ပီယံဖြစ်ရန်အတွက် တနင်္လာည တွင် ချယ်လ်ဆီးအသင်းနှင့်ပွဲမှ စပါးအသင်း၏ ရလဒ်ကို စောင့်ကြည့်ရဦး မည်ဖြစ်သည်။
Credit – Hyper Sports
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment