Monday, April 4, 2016

ဆာနှစ်ယောက်ကြောင့် သက်သာရာရောက်နိုင်တဲ့

ဖာဂူဆန်ပြောတဲ့ကျွန်တော့်ကိုအချိန်ဆက်ပေးသင့်တယ်ဆိုတဲ့ စကားကို ကျွန်တော်လေးစားတဲ့ ဘော်ဘီချာလ်တန်ကပါ သဘောတူညီထောက်ခံပါတယ်' လို့မန်ယူအသင်းနည်းပြ လူးဝစ်ဗန်ဂါးက ထုတ်ဖော်ပြောကြားသွားပါတယ် ။
အဲဗာတန်နဲ့ကန်မဲ့ပွဲမှာ အိုးလ်ထရပ်ဖို့ရဲ့ တောင်ဘက်အခြမ်း ပွဲကြည့်စင်ကို 'ဆာဘော်ဘီချာလ်တန်ပွဲကြည့်စင်' ဆိုပြီးဂုဏ်ပြု ပေးမဲ့အခမ်းအနားရှိပါတယ် ။ အဲ့ဒီအတွက် ဗန်ဂါးလ်ဟာ ကြိုဆိုဂုဏ်ပြုတဲ့စကားပြောခဲ့ပြီး အခုလိုထောက်ခံပေးတဲ့တွက် ကျေးဇူးတင်ရှိကြောင်းကိုလဲပြောကြားခဲ့ပါတယ် ။
'သူဟာ အသင်းရဲ့ဘုတ်အဖွဲ့ဝင်ဖြစ်တဲ့အပြင် နှစ်နှစ်အတွင်း ကျွန်တော့်ကိုအမြဲအားပေးထောက်ခံခဲ့တာကြောင့် သူနဲ့အလုပ် လုပ်ရတာပျော်ပါတယ်' လို့ဗန်ဂါးလ်ကပြောကြားသွားပါတယ် ။ 
ကျွန်တော်ဟာ အသင်းကိုရောက်တဲ့ပထမနေ့မှာပဲ ဘော်ဘီ ချာလ်တန်နဲ့တွေ့ဆုံခဲ့ပြီး သူကကျွန်တော်ကို ကွင်းအနှံ့လိုက်လံ ပြသခဲ့ပါတယ် ။ ကျွန်တော်ငယ်ငယ်ကတည်းက သူဟာကျွန် တော့်အတွက် စံပြတစ်ယောက်ပါပဲ ။ အင်္ဂလန်မှာကျွန်တော့် အတွက်တော့ စံပြနှစ်ယောက်ရှိပါတယ် ။ တစ်ယောက်က ဂျင်မီဂရေ့ဗ် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဘော်ဘီ ချာလ်တန်ပါပဲ ။
ကျွန်တော်သူ့ကိုသိနေခဲ့တာကြာပါပြီ ။ သူဟာအရမ်းခင်ဖို့ ကောင်းပါတယ် ။ ဒါ့အပြင်သူ့ဇနီးကပါ စိတ်သဘောထားပြည့်ဝ ပါတယ် ။ သူအခုလို ကျွန်တော့်ကိုထောက်ခံတဲ့အတွက် အရမ်း ဂုဏ်ယူမိပါတယ် ။ဒါမျိုးဟာဘောလုံးအသင်းတော်တော်များများ ဖြစ်လေ့ဖြစ်ထ မရှိတဲ့အတွက်အရမ်းပဲကျေနပ်မိပါတယ် ။ 
ဆာဘော်ဘီချာလ်တန်ဟာ ဆာအဲလက်စ်ဖာဂူုဆန်နဲ့အတူ နည်းပြအဖွဲ့ဝင်ထဲ ပါဝင်သူဖြစ်ပြီး မကြာသေးခင်က ဖာဂူဆန် ပြောခဲ့သလို ပရိသတ်တွေအနေနဲ့ နည်းပြဗန်ဂါးအပေါ် စိတ်နည်းနည်းထပ်ရှည်ပေးဖို့ တောင်းဆိုခဲ့ပါတယ် ။

Credit – sport myanmar






အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment