ချဲလ်ဆီးနည်းပြ ဟောင်း မော် ရင် ဟို ဟာ လာမယ့် ရာသီမှာ မန်ယူအသင်းကို ကိုင် တွယ် ခွင့်ရရှိကြောင်း စာဖြင့် ကတိက၀တ်ပြုရန် အလိုရှိနေတယ်လို့ သိရှိရပါတယ် ။
ချဲလ်ဆီးနည်းပြသစ်ဖြစ် လာတဲ့ ကွန် တီ ဟာ အသင်းသားတွေနဲ့ အင်္ဂါနေ့က မိတ် ဆက် တွေ့ဆုံခဲ့ပြီး အသင်းက နေ ထွက် ခွာဖို့ ရှိသူတွေကို တဦးချင်းဆွေးနွေးသွားမယ် လို့သိရပါတယ် ။
အသက်လက်တီကိုမက်ဒရစ် အသင်းဟာ ချဲလ်ဆီး တိုက် စစ် မှုး ကော် စတာ ကို ပြန် လည် ခေါ်ယူနိုင် ဖို့ ကြိုးစားမယ် လို့ ပြောဆိုသွားခဲ့ပါတယ် ။
ယူရို ၂၀၁၆ ပြိုင် ပွဲဝင် အင်္ဂလန် အသင်းမှာ ပါဝင် ခွင့်မရရှိပါက အာဆင် နယ် အသင်းမှ ဝေါကော့ ထွက် ခွာ ဖွယ် ရှိတယ် လို့ သတင်းရရှိပါတယ် ။
မန်စီးတီး ကွင်းလယ်လူ ယာယာတိုရေး ဟာ အင် တာမီလန် အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ပရီးမီးယား လိဂ် မှာသာ ဆက် လက် ကစားလိုသေးတယ် လို့ ပြောဆိုသွားခဲ့ပါတယ် ။
မန်ယူ အသင်းတောင် ပံ ကစားသမားဟောင်း ဒီမာရီယာ က PSG အသင်းဖော် တိုက် စစ် မှုး မိုဗစ် ဟာ အင်္ဂလန် ဘောလုံးလောကကို အံ့အားသင့်စေမယ့်သူလို့ ပြောဆိုသွားခဲ့ပါတယ် ။
အာဆင် နယ် အသင်းဟာ အေစီမီလန် အသင်းရဲ့ ၁၈ နှစ် သားကွင်းလယ်လူ မန်နူရယ် လိုကာတယ်လီ ကို ခေါ်ယူလိုတယ် လို့ သိရပါတယ် ။
ဘာစီလိုနာအသင်းဟာ တိုက် စစ် မှုး နေမာ အတွက် မည်သည့် ကမ်းလှမ်းမှုမျိုးကိုမှ လက် ခံ စဉ်းစားသွားမှာ မဟုတ် ကြောင်း ပြောကြားသွားခဲ့ပါတယ် ။
ဂျာမဏီကွင်းလယ်လူ တိုနီကရူးစ် ရဲ့ အကိုဖြစ် သူက ရီးရဲမက်ဒရစ် မှာ အဆင် မ ပြေဖြစ် နေတဲ့ ညီဖြစ် သူ ဟာ ပရီးမီးယားလိဂ် ဘောလုံးကစားပုံနဲ့ အလျင် အမြန် အသားကျသွားမယ့် သူဖြစ် တယ်လို့ ညွှန်းဆိုသွားခဲ့ပါ တယ် ။
ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ ပါယက် က လိုင် လီ အသင်းမှာ အတူ ကစားခဲ့ဖူးတဲ့ ချဲလ်ဆီးတောင် ပံ ကစား သမား ဟာဇက် ဟာ လက် ရှိ သူဒီလို ခြေစွမ်းပြသလာနိုင် အောင် တွန်းအားပေး ကူညီခဲ့တယ် လို့ ပြောဆိုသွား ခဲ့ပါတယ် ။
လီဗာပူးအသင်းက အလိုရှိနေတဲ့ ဘိုင်ယန် ကစားသမား ဂေါ့ဇီ ကို အသင်းမှာ ဆက် ရှိနေဖို့ ဘိုင်ယန် တိုက် စစ် မှုး လီဝန်ဒေါ့စကီး က ပြောဆို ထိန်းသိမ်းသွားမယ် လို့ သတင်းရရှိပါတယ် ။
စပါးအသင်းပရိသတ်ဖြစ်သူ နာမည်ကျော် အဆိုတော့ အဒဲ ( Adele ) ဟာ လန်ဒန် ကို ရောက် ရှိလာစဉ် မှာ စပါးအသင်းရဲ့ တံဆိပ် ပါ စာတမ်းကို ကိုင် ဆောင် ပြသသွားခဲ့တယ် လို့သိရပါတယ် ။
မန်စီးတီးကွင်းလယ်လူ ဒဲလ့်ဖ် က သူဟာ မကြာခဏ တ စ္စေတွေကို မြင် တွေ့ ရ ကြောင်း အင် တာဗျုးမှာပြော ဆိုသွားခဲ့ပါတယ် ။
Credit – sport myanmar
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment