Saturday, April 30, 2016

အိမ်ကွင်းမှာပွတ်ကာသီကာအနိုင်ရရှိခဲ့တဲ့အာဆင်နယ်

အာဆင်နယ်အသင်းဟာ နောဝစ်ခ်ျအသင်းကို အိမ်ကွင်းမှာကစားခဲ့ရပေမယ့် ပွတ်ကာသီကာသာအနိုင်ရရှိခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ အာဆင်နယ်အသင်းကဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ကစားခဲ့ပေမယ့် အဆုံးသတ်ညံ့ဖျင်းမှုတွေကြောင့် ဂိုးရဖို့ရုန်းကန်ခဲ့ရတာပါ။ နောဝစ်ခ်ျအသင်းကလည်း မာကျောတဲ့ကစားဟန်နဲ့ပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီး အာဆင်နယ်အသင်းဘက်ကိုဂိုးပေါက်ခြိမ်းခြောက်မှုအချို့ပြုလုပ်နိုင်ခဲ့ပေမယ့် ပီတာချက်ကိုမကျော်လွန်နိုင်ခဲ့ပါဘူး။ အာဆင်နယ်အသင်းရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ပွဲချိန် (၅၉)မိနစ်မှာ လူစားဝင်ကစားသမား ၀ဲလ်ဘတ်ကသွင်းယူသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့်လည်း မန်စီးတီးအသင်းထက် (၁)ပွဲပိုကစားပြီး အဆင့် (၃)နေရာကို အာဆင်နယ်အသင်းရောက်ရှိလာခဲ့ပါတယ်။

Credit – eleven sport





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment