ဒီပို့တီဗို - ဘာစီလိုနာ (၂၁-၄-၂၀၁၆ နံနက် ၀၀း၃၀)
ပထမအကျော့ဘာစီလိုနာ အိမ်ကွင်းမှာ အနိုင်ကနေသရေကျသွားခဲ့တာတွေ့ရတယ်။ အခုဒီပို့တီဗိုရဲ့အိမ်ကွင်းရီယေဇာမှာဆိုတော့ ဘာစီလိုနာပေါ့ဆလို့မရဘူး။ ဒီပို့တီဗိုကလည်း ခြေစွမ်းပြန်ကျနေတယ်ဆိုပေမယ့် ကစားအားတင်ရင်တင်သလောက်ရလဒ်တွေသိပ်မဆိုးအောင်ထိန်းထားနိုင်တာတွေ့ရတယ်။ အခုလည်းအိမ်ကွင်းမှာဆိုတော့ ဘာစီလိုနာဆီကအမှတ်ရအောင်အားထည့်ကစားဖို့ရှိတယ်။ ဒီပို့တီဗိုရဲ့ တန်ပြန်တိုက်စစ်ကစားအားကြောင့် ရလဒ်တွေဆိုးနေတဲ့ ဘာစီလိုနာနောက်တန်းပေါ့ဆလို့မရဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ်ကထွက်ခဲ့ရပြီးနောက်မှာတော့ ဘာစီလိုနာရဲ့ပစ်မှတ်ဟာ အမှတ်ပေးဘက်ကိုပြန်ဦးတည်သွားနိုင်တယ်။ လက်ရှိပွဲဆက်တွေကြားမှာလည်း ဘာစီလိုနာ ဟန်ချက်ပျက်သလိုဖြစ်နေတယ်။ ဒါကြောင့်ရီယေဇာမှာကစားရမယ့်ပွဲမှာလည်း အိမ်ရှင်နဲ့ ဂိုးအများကိုပဲပိုကြိုက်နေမိတယ်။
ဗလင်စီယာ - အီဘာ (၂၁-၄-၂၀၁၆ နံနက် ၁း၁၅)
ဘာစီလိုနာကိုအနိုင်ယူပြီး ဗလင်စီယာစိတ်ဓာတ်အမြင့်ဆုံးရောက်နေနိုင်တယ်။ အိမ်ကွင်းနိုင်ပွဲတွေနဲ့လည်း အမှတ်ပြန်ယူဖို့ကြိုးစားလိမ့်မယ်။ အီဘာကလည်းရာသီအစလိုမဟုတ်တော့ဘဲ ရုန်းကန်လာနေရတဲ့အသင်းဖြစ်နေတဲ့အပြင်အခုနောက်ပိုင်းအဝေးကွင်းကစားပုံကလည်းအားရစရာသိပ်မရှိလို့ အနိုင်ရလိုစိတ်ပြင်းထန်နေတဲ့ ဗလင်စီယာပဲကြိုက်တယ်။
စပို့တင်းဂီဂျွန် - ဆီဗီလာ (၂၁-၄-၂၀၁၆ နံနက် ၁း၁၅)
တန်းမဆင်းရဖို့ရုန်းကန်နေရတဲ့ ဂီဂျွန်ရဲ့အိမ်ကွင်းအားကို အက်သလက်တီကိုလိုအသင်းတောင်တောင့်မခံနိုင်ခဲ့ဘူး။ ဆီဗီလာကလည်းအဝေးကွင်းမှာ ရုန်းကန်နေရဆဲအသင်းဆိုတော့ ဂီဂျွန်ရဲ့အိမ်ကွင်းအားမှာသိပ်ပြီးမျှော်လင့်ထားလို့မရဘူး။ ဂိုးနည်းပြီးသရေကျမယ့်ပွဲလို့ပဲမှန်းထားချင်တယ်။
ဘီလ်ဘာအို - အက်သလက်တီကို (၂၁-၄-၂၀၁၆ နံနက် ၁း၁၅)
ဘီလ်ဘာအိုက ယူရိုပါလိဂ်ဝင်ခွင့်အတွက်အမှတ်ပြန်ရှာရမယ့်အချိန်မျိုးဖြစ်နေတယ်။ ဒါပေမဲ့ ဘီလ်ဘာအိုခံစစ်က လာပေါ်တေးမကစားနိုင်တဲ့နောက်ပိုင်း အားလျော့သွားတာတွေ့ရလို့ အက်သလက်တီကို ကိုထိန်းနိုင်ပါ့မလားစောင့်ကြည့်ရမယ်။ အက်သလက်တီကိုနဲ့ ဂိုးအများပဲကြိုက်တယ်။
မာလာဂါ - ဗယ်လက်ကာနို (၂၁-၄-၂၀၁၆ နံနက် ၁း၁၅)
ဗယ်လက်ကာနိုတိုက်စစ်ကောင်းပေမယ့် မာလာဂါကလည်း အိမ်ကွင်းမှာခံစစ်ကိုကျစ်လျစ်အောင်ကစားတက်တဲ့အသင်းဖြစ်နေတယ်။ ခံစစ်အားနည်းတဲ့ဗယ်လက်ကာနိုကို မာလာဂါအနိုင်ကစားမှာပါ။ ဂိုးလည်းများမယ်။
ရီးယဲလ်မက်ဒရစ် - ဗီလာရီးယဲလ် (၂၁-၄-၂၀၁၆ နံနက် ၂း၃၀)
ပထမအကျော့တုန်းက အဝေးကွင်းမှာရီးယဲလ်တို့ (၀-၁)ဂိုးနဲ့ အရှုံးပေးထားရတယ်။ အခုအိမ်ကွင်းမှာ ရီးယဲလ်ရှုံးကြွေးပြန်ဆပ်နိုင်မလားစောင့်ကြည့်ရတော့မယ်။ ရီးယဲလ်ရဲ့ လက်ရှိအခြေအနေက စိတ်ဓာတ်ပိုင်း၊ ခြေစွမ်းပိုင်းပြောစရာမရှိအောင်ကောင်းမွန်နေပါတယ်။ လာလီဂါမှာ ချန်ပီယံမျှော်လင့်ချက်ရှိလာခဲ့သလို၊ ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်ရောက်နေတဲ့ ရီးယဲလ်ရဲ့ကစားအားနဲ့စိတ်ဓာတ်ကို ဘာနေဗျူးမှာ ဗီလာရီးယဲလ်ဘယ်လိုတုံ့ပြန်မလဲဆိုတာစောင့်ကြည့်ရမယ်။ ဗီလာရီးယဲလ်ကတော့ ခံစစ်ဦးစားပေးကစားဖို့ရှိနေပြီး အိမ်ကွင်းမှာဆို ဂိုးတွေသွင်းတက်တဲ့ ရီးယဲလ်တိုက်စစ်ကပဲ ဒီပွဲရဲ့အဖြေဖြစ်လာနိုင်တယ်။ ချန်ပီယံလိဂ်အာရုံစိုက်ဖို့ရှိနေတဲ့ ရီးယဲလ်ကြောင့် ဗီလာရီးယဲလ်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။
Credit – eleven sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment