Sunday, April 10, 2016

လူးကပ်ပြန်လာပြီ

ပြီးခဲ့တဲ့ ကက်ပီတယ်ဝမ်းဖလားဖိုင်နယ် ပင်နယ်တီ အဆုံးအဖြတ်မှာ ကတည်းက ဒဏ်ရာရခဲ့တဲ့ လီဗာပူး ကွင်းလယ်လူ လူးကပ်ဟာ စတုတ်နဲ့ပွဲမှာ ပြန်လာတော့မယ်လို့ သိရပါတယ်။

လီဗာပူး ပရိသတ်တွေအတွက်တော့ ချန်၊ ဟန်ဒို တို့မပါဝင်မကစားနိုင်တဲ့အတွက် ဒီသတင်းဟာ သတင်းကောင်းတစ်ခုလို့ ဆိုရမှာပါ။

နည်းပြ ကလော့ပ်ကတော့ ဒေါ့မွန်နဲ့ပွဲအတွက် ကစားသမား အများစုကို အနားပေးမှာမဟုတ်ပဲ စတုတ်နဲ့ပွဲကို အတောင့်တင်းဆုံး လူစာရင်းနဲ့ ရင်ဆိုင်မယ်လို့ ပြောကြားခဲ့ပြီး အလန်နဲ့ လူးကပ်အတွဲကို ကွင်းလယ်မှာ ပွဲထုတ်လာဖွယ်ရှိပါတယ်။ ဒ့ါအပြင် လူငယ် ကွင်းလယ်လူ ကစားသမား ကီဗင်စတီးဝပ်ဟာလဲ ဒဏ်ရာကနေ ပြန်သက်သာလာပြီဖြစ်လို့ ဒီပွဲရဲ့လူစားမှာ ပါဝင်လာဖို့ အခွင့်အရေး ရလာနိုင်ပါတယ်။

အသင်းခေါင်းဆောင် ‪ဟန်ဒို့ ဒဏ်ရာနဲ့ ပတ်သက်တဲ့ သတင်းကိုတော့ နည်းပြ ကလော့ပ်က "ဒဏ်ရာက ပြင်းထန်ပါတယ် ဒါပေမယ့် ရာသီကုန် နောက်ဆုံး 2 ပွဲမှာ ပြန်လာဖို့ မျှော်လင့်ချက်ရှိသလို ယူရိုမှာ ပါဝင်ကစားဖို့လဲ မျှော်လင့်ချက်ရှိပါတယ်" လို့ ပြောသွားခဲ့ပါတယ်။

Credit - sport myanmar

ဘောလုံးသတင်းများ အစီအစဉ်ကို ကြည့်ရှုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်...
နှစ်သက်သဘောကျခဲ့ရင် သူငယ်ချင်းတွေကို မျှဝေပေးဖို့ မမေ့ပါနဲ့နော်.....



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment