ပရီးမီးယားလိဂ်ပွဲစဉ်(၃၃)ရဲ့စနေညနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ၀က်စ်ဘရွန်းအသင်းတို့ပွဲစဉ်မှာတော့ မန်စီးတီအသင်းက ကွင်းလယ်လူနာဆရီရဲ့ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အခြေအနေကောင်းသွားခဲ့ပါတယ်။
ဝက်စ်ဘရွန်းအသင်းက ပွဲအစ(၆)မိနစ်မှာ ဦးဆောင်ဂိုးရရှိခဲ့ပြီး ကွင်းလယ်လူ ဆီဆက်ဆနွန်ကသွင်းယူခဲ့ပါတယ်။ ချေပဂိုးရရှိဖို့မန်စီးတီးတိုက်စစ်မြှင့်ခဲ့ပြီး ပွဲချိန်(၁၉)မိနစ်မှာတော့ အဂွဲရိုးက ပယ်နယ်တီကနေတစ်ဆင့် ချေပဂိုးသွင်းယူခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက်အနိုင်ဂိုးကိုတော့ ပွဲချိန်(၆၆)မိနစ်မှာ နာဆရီကသွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်ရဲ့သရေပွဲကြောင့် မန်စီးတီးနိုင်ပွဲကတန်ဖိုးရှိခဲ့ပြီး ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်အတွက် ပြန်လည်အခြေအနေကောင်းခဲ့ပါတယ်။
စပိန်လာလီဂါပွဲစဉ်(၃၂)ကိုဆက်လက်ယှဉ်ပြိုင်ခဲ့ရာ မက်ဒရစ်(၂)သင်းဖြစ်တဲ့ အက်သလက်တီကိုနဲ့ ရီးယဲလ်တို့ ဂိုးပြတ်နိုင်ပွဲအသီးသီးရယူချိန်မှာ ထိပ်ဆုံးကဘာစီလိုနာမထင်မှတ်ဘဲရှုံးပွဲကြုံခဲ့တာကြောင့် လာလီဂါချန်ပီယံဆုဟာ ရာသီကုန်ဆုံးဖို့နီးကပ်လာချိန်မှာ ပြန်လည်အသက်ဝင်ခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ အိမ်ကွင်းမှာအီဘာအသင်းကို ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ဗက်စ်ကေး၊ စီရော်နယ်လ်ဒို၊ ဟယ်ဆေးတို့ရဲ့သွင်းဂိုးတွေနဲ့ (၄-၀)ဂိုးရလဒ်နဲ့ဂိုးပြတ်နိုင်ခဲ့သလို၊ အက်သလက်တီကိုအသင်းကလည်းအဝေးကွင်းမှာ အက်စ်ပန်ညိုအသင်းကို တောရက်စ်၊ ဂရစ်ဇ်မန်း၊ ကိုကီတို့ရဲ့သွင်းဂိုးတွေ့အတူ (၁-၃)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဒီအချိန်မှာထိပ်ဆုံးကဘာစီလိုနာအသင်းက ဆိုစီဒက်အသင်းကို အဝေးကွင်းမှာ ဆိုစီဒက်တောင်ပံကစားသမား အိုရာဇာဘယ်လ်ရဲ့ ပွဲချိန်(၅)မိနစ်ကတည်းက သွင်းဂိုးကိုခွင့်ပြုခဲ့ရပြီး ပြန်လည်ချေပနိုင်ခြင်းမရှိခဲ့ဘဲ (၁-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ထိပ်ဆုံး (၃)သင်းကြားရမှတ်ကွာဟမှုဟာ ပြန်လည်ကျဉ်းမြောင်းခဲ့ပြီး ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုနဲ့ (၃)မှတ်၊ ရီးယဲလ်မက်ဒရစ်နဲ့ (၄)မှတ်ကွာအနေအထားကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။
စပိန်လာလီဂါပွဲစဉ်(၃၂)
ဂရန်နာဒါ ၀-၀ မာလာဂါ
ရီးယဲလ်မက်ဒရစ် ၄-၀ အီဘာ
အက်စ်ပန်ညို ၁-၃ အက်သလက်တီကို
ဆိုစီဒက် ၁-၀ ဘာစီလိုနာ
Credit – eleven sport
ဘောလုံးသတင်းများ အစီအစဉ်ကို ကြည့်ရှုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်...
နှစ်သက်သဘောကျခဲ့ရင် သူငယ်ချင်းတွေကို မျှဝေပေးဖို့ မမေ့ပါနဲ့နော်.....
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment