ဘာစီလိုနာအနေဖြင့် ယခုရာသီလာလီဂါချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်စွမ်းအပြည့်ရှိ ကြောင်း ကလပ်အသင်း အတွင်း ရေးမှူး ရောဘတ်ဖာနန်ဒက်ဇ်က ပြောကြားသည်။
မကြာသေးမီ ပွဲစဉ်များတွင်ရလဒ်များ ဆက်တိုက်ဆိုးရွားခဲ့ပြီးနောက် ယခုအခါဘာစီလိုနာ သည် အမှတ်ပေးဇယားတွင် အက်သလက်တီကို မက်ဒရစ်နှင့် ရမှတ်တူ အနေအထားသို့ ရောက်ရှိလာ သည်။ ထို့အပြင် ခါးသီးသော ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်သည်လည်း တစ်မှတ်အကွာ တတိယနေရာ တွင် ရှိနေပြီး ဘာစီလိုနာကို ဖိအားပေးလာခဲ့သည်။
အသင်း၏ ကွင်းလယ်ကစားသမားဟောင်း ဖြစ်ခဲ့သည့်ဖာနန်ဒက်ဇ်က နည်းပြ လူးဝစ် အင်းနရစ်၏ အသင်းသည် ရာသီကုန်ချိန်တွင် လက်ရှိချန်ပီယံ ဘွဲ့ကို အောင်အောင်မြင်မြင်ထိန်းသိမ်းသွားနိုင်မည်ဟု ယုံကြည် ကြောင်း ပြောကြားခဲ့သည်။ ဘာစီ လိုနာသည် ပြိုင်ပွဲစုံ ၃၉ ပွဲဆက် အရှုံးမရှိ ဖြတ်သန်းပြီးနောက် ချန်ပီယံဆုအတွက် လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်ခဲ့သော် လည်း ယခုအခါမက်ဒရစ် နှစ်သင်းက လိုက်မီလာခြင်းဖြစ် သည်။ ‘‘ဘယ်အချိန်၊ ဘယ်နေရာမှာ ပြဿနာတွေ ဖြစ်လာမလဲ ဆိုတာကို ဘယ်သူမှ ကြိုမသိနိုင် ဘူးလေ။ အခုဘာတွေပဲ ဖြစ်ဖြစ် ပါ။ ကျွန်တော်တို့ လက်ကျန်ငါးပွဲရှိသေးတယ်။ ဒီပွဲအားလုံးကို အနိုင်ကစားဖို့ မျှော်လင့်တယ်။ ဒီနေ့မှာ လာလီဂါအဆုံးသတ် သွားရင် ကျွန်တော်တို့ ချန်ပီယံဖြစ်ခွင့်ရှိတယ်။ ပြိုင်ဘက်တွေ ထက် အားသာနေတုန်းပဲ။ အခုလောလောဆယ် တခြားအသင်း တွေ ဘာလုပ်နေတယ် ဆိုတာကို ကျွန်တော် စိတ်မဝင်စားပါဘူး။ အရေးကြီးတာက လက်ကျန်ပွဲ တွေမှာ ပြိုင်ဘက်တွေကို အနိုင်ရဖို့ပါပဲ။ ဒါဆို ကျွန်တော်တို့ ချန်ပီယံဆုကို ထိန်းသိမ်းနိုင်ပါလိမ့် မယ်။ လုပ်နိုင်မယ်လို့လည်း ယုံကြည်တယ်။ အသင်းက ပရိသတ် ရဲ့ ယုံကြည်မှုကို အကောင်းဆုံး ပြန်ပေးဆပ်ပါလိမ့်မယ်’’ဟု ၎င်း က ပြောကြားခဲ့သည်။
ဘာစီလိုနာသည် နောက် ဆုံးလာလီဂါ လေးပွဲဆက်တိုက် အနိုင်ရလဒ် ပျောက်ဆုံးခဲ့ပြီး သုံးပွဲဆက်တိုက် အရှုံးရလဒ်နှင့် ရင်ဆိုင်ခဲ့ရသည်။
Credit – 7daydaily
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment