မန်ယူအသင်းနဲ့ အင်္ဂလန် နောက် ခံလူ ရီယိုဖာဒီနန် က ၀ိန်းရွန်းနီ ကို ဗာဒီ ၊ ကိန်း တို့နဲ့ တွဲဖက် ကာ စိန် ပွင့် ပုံ စံ တိုက် စစ် ဖြင့် အင်္ဂလန် အသင်းမှာ နေရာချထားသင့်တယ် လို့ ပြောဆိုသွားခဲ့ပါတယ် ။ ရွန်းနီ ဟာ ယခုနှစ် ဘောလုံးရာသီမှာ ပြသ နေကြ အ ကောင်းဆုံးပုံစံမှာ ရှိမ နေ ခဲ့ပဲ ဒဏ် ရာ တွေကြောင့်လည်း ရုန်းကန် ခဲ့ရသူ ဖြစ် ပါတယ် ။ ဒါ့အပြင် မန်ယူ လူငယ် တိုက် စစ် မှုးလေး ရက်ဖို့ဒ် ရဲ့ ခြေစွမ်းပြသနိုင် မှု ကြောင့် ရွန်းနီ ရဲ့ နေရာ ဟာ ပျောက် ဆုံး ဖွယ် ရှိနေတယ် လို့ ထင် ကြေးတွေ ရှိလာခဲ့ကြပါတယ် ။ ဒါပေမယ့် မန်ယူ နည်းပြ ဗန်ဟား က ရွန်းနီ ကို ကွင်းလယ် တိုက် စစ် နေရာကို ပို့ခဲ့ပြီး အသင်းရဲ့ ဟန်ချက် ကို ထိန်းညှိပေးစေခဲ့ပါတယ် ။ ပြီးခဲ့တဲ့ အဲဗာတန် အသင်းနဲ့ FA Cup ဆီမီးဖိုင် နယ် ပွဲစဉ် မှာ ရွန်းနီ ဟာ ကွင်းလယ် မှာ အ ကောင်းဆုံး ကစားသွားနိုင် ခဲ့ပြီး မန်ယူ အသင်းရဲ့ တိုက် စစ် လမ်းကြောင်းတွေကို ဖန်တီး ပေးနိုင် ခဲ့ပါတယ် ။
“ဟော့ဆန် အ နေနဲ့ ကိန်း ၊ ဗာဒီ နဲ့ ရွန်းနီ တို့မှာ ဘယ် သူတွေကို ပွဲထုတ် ရမယ် ဆိုတဲ့ မေးခွန်းကို အမြဲခေါင်း စားနေမှာပါ ။ ရွန်းနီ ဟာ ယခုနှစ် မှာ မန်ယူ အသင်းအတွက် အ ကောင်းဆုံး ခြေစွမ်းမပြနိုင် ခဲ့ပါဘူး ။ ကိန်းနဲ့ ဗာဒီ တို့က တော့ ကလပ် အသင်းတွေ အတွက် ဂိုးတွေသွင်းပြခဲ့ကြပါတယ် ။ ဒါပေမယ့် အင်္ဂလန် အသင်းမှာ တော့ ရွန်းနီ ရဲ့ အ ရေးပါ ပုံကို ပစ် ပယ် ထားလို့ မရပါဘူး ။ ဒါကြောင့်လည်း ဟော့ဆန် ခေါင်းစားနေရတာဖြစ် ပါတယ် ။ အမှန် အတိုင်းပြောရရင် တော့ ဒီ ၃ ယောက် ကို တွဲကစားဖို့ ကျွန်တော့မှာ စိတ် ကူး ရှိပါတယ် ။ ရွန်းနီ ဟာ ကွင်းလယ် မှာ အ ကောင်းဆုံး ကစားနိုင် သူပါ ။ ကိန်း နဲ့ ဗာဒီ တို့ရဲ့ နောက် မှာ ၀ိန်း ကို ထားပြီး စိန် ပွင့်ပုံစံ တိုက် စစ် ကို အသုံးပြုနိုင် ပါတယ် ။ ဒါဆိုရင် အင်္ဂလန် အသင်းအတွက် ရော ဟော့ဆန် အတွက် ပါ အဆင်ပြေသွားမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ် ။
အင်္ဂလန် အသင်းရဲ့ အပြီးသတ် လူစာရင်းကို မေ လ ၂၃ ရက် နေ့မှာ ရွေးချယ် မှာဖြစ်ပြီး ယူရို ၂၀၁၆ ပြိုင် ပွဲ ကျင်းပရာ ပြင် သစ် မြေကို ဘယ် ကစားသမားတွေ ပါဝင် သွားမလဲဆိုတာ စိတ် ၀င် စားနေကြတဲ့ အရာတခု ဖြစ် နေပါတယ် ။
Credit – sport myanmar
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment