ယနေ့ညမှာယှဉ်ပြိုင်ကစားခဲ့ကြတဲ့ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ရေပန်းအစားဆုံးအသင်းတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့နိုင်ပွဲကိုယ်စီရခဲ့ကြပေမယ့် နောက်တစ်ဆင့်အတွက်တော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ ဘာစီလိုနာအသင်းရဲ့ ကစားပုံက ပထမပိုင်းမှာ အထင်ကြီးစရာသိပ်မရှိခဲ့ပါဘူး။ အထူးသဖြင့် အက်သလက်တီကိုအသင်းရဲ့ မာထန်တဲ့ကစားအားကို မကျော်လွန်နိုင်ခဲ့လို့လည်း အရာမထင်ခဲ့တာပါ။ ပွဲချိန် (၂၅)မိနစ်အရောက်မှာတော့ အသက်လက်တီကိုအသင်း အဖွင့်ဂိုးစတင်ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ကွင်းလယ်လူကိုကီရဲ့ဖန်တီးပေးပို့မှုမှတစ်ဆင့် တိုက်စစ်မှူးတောရက်စ်က (၁၈)ကိုက်စည်းထဲက အပိုင်ကန်သွင်းယူသွားခဲ့တာပါ။ ဒါပေမဲ့ ပထမပိုင်းမှာပဲ မလုပ်သင့်တဲ့ပြစ်ဒဏ်ကျူးလွန်မှုတွေကို တောရက်စ်ကျူးလွန်ခဲ့ပါတယ်။ ဒါကြောင့်လည်း (၃၅)မိနစ်အရောက်မှာ (၂)၀ါ (၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒုတိယပိုင်းအရောက်မှာတော့ (၁)ယောက်လျော့ အက်သလက်တီကိုအသင်းကို ဘာစီလိုနာအသင်းက ပွဲချိန်ပြည့်နီးပါးဖိအားပေးကစားသွားခဲ့ပါတယ်။ ဒါကြောင့်လည်း (၆၃)မိနစ်နဲ့ (၇၄)မိနစ်တို့မှာ ဘာစီလိုနာတိုက်စစ်မှူးဆွာရက်ဇ်က ခြေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူသွားခဲ့ပါတယ်။ အခြားပွဲစဉ်တစ်ပွဲမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရဖို့ကြိုးစားခဲ့ပေမယ့် ဂိုးကံခေမှုတွေကြောင့် (၁-၀)ရလဒ်နဲ့သာအနိုင်ရရှိခဲ့ပါတယ်။ ဘိုင်ယန်အသင်းရဲ့ အနိုင်ဂိုးကိုတော့ ပွဲချိန် (၂)မိနစ်တည်းကရရှိခဲ့တာဖြစ်ပြီး နောက်ခံလူဘားနက်ရဲ့ဖြတ်တင်ဘောမှတစ်ဆင့် ကွင်းလယ်လူဗီဒယ်လ်က ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ရလဒ်များ
ဘာစီလိုနာ ၂-၁ အက်သလက်တီကို
ဘိုင်ယန်မြူးနစ် ၁-၀ ဘင်ဖီကာ
လိဂ်ချန်ပီယံရှစ်ရလဒ်များ
ဘာမင်ဂမ် ၁-၂ ဘရိုက်တန်
ဘရန့်ဖို့ဒ် ၃-၁ ဘောလ်တန်
ဘရစ္စတိုးလ်စီးတီး ၁-၁ ရော့သာဟမ်
ဒါဘီ ၄-၀ ဟားလ်စီးတီး
အစ်ဝစ်ခ်ျ ၀-၀ ချာလ်တန်
လိဒ်စ် ၁-၁ QPR
မစ်ဒယ်ဘရော့ ၃-၀ ဟတ်ဒါဖီးလ်
ပရက်စတန် ၁-၂ ဖူလ်ဟမ်
ဘန်လေ ၀-၀ ကာဒစ်ဖ်
MK ဒွန်း ၁-၂ ၀ုလ်ဖ်
ရှက်ဖီးဝင်းစ်ဒေး ၂-၁ ဘလက်ဘန်း
ရက်ဒင်း ၂-၁ နော်တင်ဟမ်
Credit – eleven sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment