Wednesday, April 20, 2016

အင်္ဂလန်ပရီးမီးယားလိဂ်ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဟမ်း - ၀က်ဖို့ဒ် (၂၁-၄-၂၀၁၆ နံနက် ၁း၁၅)
ဝက်ဖို့ဒ်က ၀က်စ်ဘရွန်းကွင်းမှာ အနိုင်ရခဲ့တယ်ဆိုပေမယ့် ဂိုးသမားကောင်းလွန်းတာနဲ့ ၀က်စ်ဘရွန်းတိုက်စစ်ပိုင်းက ဘီရာဟီနိုအဖြုန်းများခဲ့လို့ပါ။ ၀က်စ်ဟမ်းကွင်းမှာတော့ ထပ်ပြီးကံကောင်းဖို့မလွယ်ဘူး။ လူအင်အားကွာသလို၊ ခြေစွမ်းလည်းကွာပါတယ်။ ၀က်စ်ဟမ်း သေချာပေါက်အနိုင်ကစားမယ့်ပွဲဖြစ်ပြီး (၂-၀)၊ (၂-၁)လောက်ဖြစ်နိုင်တယ်။

လီဗာပူးလ် - အဲဗာတန် (၂၁-၄-၂၀၁၆ နံနက် ၁း၃၀)
လီဗာပူးလ်က ပုံစံကောင်းပြနေတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ အောရီဂီ ဂိုးမြူးနေပြီး ကော်တင်ဟိုလည်းပုံမှန်ခြေစွမ်းပြန်ပြလာတယ်။ အဓိကကွင်းလယ်လူ (၂)ဦးဖြစ်တဲ့ အမ်မရီချန်နဲ့ ဟန်ဒါဆန် ဒဏ်ရာရသွားပေမယ့် ဂျိုးအယ်လန်နဲ့ လူးကပ်စ်တို့အတွဲရှိလို့ ပြဿနာ မရှိပါဘူး။ အဲဗာတန်ကဖိအားတွေရှိတယ်။ အမှတ်မလိုပေမယ့် စိတ်ပျက်စရာရလဒ်ကြောင့် မာတီနက်ဇ်နဲ့ ပရိသတ်တွေအဆင်မပြေဘူး။ စိတ်ပိုင်းရော၊ ခြေစွမ်းပါကွာနေတဲ့အတွက် လီဗာပူးလ်အနိုင်သေချာတယ်။

မန်ယူ - ခရစ္စတယ်ပဲလေ့စ် (၂၁-၄-၂၀၁၆ နံနက် ၁း၃၀)
မန်ယူပွဲတွေက ဂိုးနည်းလေ့ရှိတယ်။ ပဲလေ့စ်ပွဲအများစုကလည်း အပြန်အလှန်သွင်းဂိုးတွေနည်းတယ်။ အဓိကပြသနာက (၂)သင်းစလုံးတိုက်စစ်အားနည်းနေကြတာပဲ။ ဒီပွဲလည်း မန်ယူ (၁-၀)၊ (၂-၀) လောက်နဲ့နိုင်မယ်။

Credit – eleven sport



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment