ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်အဖြစ် ယနေ့ညယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနှင့် မန်စီးတီးအသင်းတို့ ပွဲစဉ်မှာတော့(၁-၁)ဂိုး သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ နှစ်သင်းစလုံးအဓိက ကစားသမား အစုံအလင်နဲ့ပွဲထွက်ခဲ့ပြီး တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ နယူးကာဆယ်အသင်းရဲ့ ရုန်းအားကြောင့် မန်စီးတီးအသင်းအဝေးကွင်းမှာ ရုန်းကန်ခဲ့ရပါတယ်။ မန်စီးတီးအသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ပွဲကစားချိန် (၁၄)မိနစ်မှာ ကိုလာရော့ဗ်ရဲ့ ပြစ်ဒဏ်ဘောမှတဆင့် တိုက်စစ်မှူ;အဂွဲရိုးက လူကျွံ့အနေအထားမှ ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဒီဂိုးက အဂွဲရိုးရဲ့ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ဂိုး(၁၀၀)မြောက်သွင်းဂိုးအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ နယူးကာဆယ်အသင်းအတွက်ခြေပဂိုးကိုတော့ ပွဲကစားချိန် (၃၁)မိနစ်မှာ အနီတာက သွင်းယူပေးခဲ့ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာ နယူးကာဆယ်အသင်း ဂိုးသွင်းခွင့်တွေရရှိခဲ့ပေမယ့် ဆစ်ဆိုခို၊ ၀ိုင်နယ်လ်ဒမ် တို့အသုံးမချနိုင်ခဲ့လို့ (၁-၁) သရေရလဒ်သာထွက်ပေါ်ခဲ့ပါတယ်။ ယခုပွဲသရေ ရလဒ်ကြောင့် နယူးကာဆယ်အသင်း လက်ကျန်(၄)ပွဲမှာ တန်းမဆင်းရဖို့အတွက် ရုန်းကန်ရတော့မှာဖြစ်ပါတယ်။
Credit - eleven sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment