စီးရီးအေကလပ်ဖီအိုရင်တီနားအသင်းဟာ သူတို့အသင်းရဲ့တောင်ပံကစားသမားဖြစ်သူ ဘာနာဒက်ချီကိုမန်ယူအသင်းကကမ်းလှမ်းမှုပြုလုပ်ခဲ့မယ်ဆိုရင် လူငယ်တိုက်စစ်မှုးရပ်ရှ်ဖို့ကိုပြောင်းေ၇ွ့ကြေးအစိတ်အပိုင်းအဖြစ်ထည့်သွင်းဖို့တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ဘာနာဒက်ချီကိုလွန်ခဲ့တဲ့နှစ်တွေကတည်းကစိတ်ဝင်စားနေတာဖြစ်ပါတယ်။ အီတလီကလာတဲ့သတင်းများအရ မန်ယူအသင်းဟာအီတလီတောင်ပံကစားသမားဘာနာဒက်ချီကိုပြောင်းရွေ့ကြေးယူရို၂၈သန်းကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီး ဖီအိုရင်တီးနားအသင်းဘက်ကတော့နောက်လာမည့်ကမ်းလှမ်းမှုတွေမှာ ရှပ်ရှ်ဖို့ကိုထည့်သွင်းမှုပြုလုပ်ဖို့တောင်းဆိုထားပါတယ်။ မန်ယူအသင်းဟာ နည်းပြကြီးဖာဂူဆန်လက်ထက် အသက်၁၆နှစ်အရွယ်မှာမန်ယူရဲ့ ကမ်းလှမ်းခြင်းခံခဲ့ရပေမယ့်ပယ်ချမှုပြုလုပ်ခဲ့တယ်လို့သိ၇ပါတယ်။
Credit – sport myanmar
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment