မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ တောင်ကိုရီးယား အမျိုးသမီး ဘောလုံးအသင်းနဲ့ မြန်မာအမျိုးသမီး ဘောလုံးအသင်းတို့ ခြေစမ်းပွဲအတွက် အမေရိကန်ဒေါ်လာ ခြောက်သောင်းကျော် ကုန်ကျခဲ့တယ်လို့ သိရပါသည်။
“တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်က ကျွန်တော်တို့ ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်ဆိုပေမယ့် လေယာဉ်စရိတ် အပါအ၀င် အခြားအထွေထွေ ကုန်ကျစရိတ်တွေ အကုန်လုံးကို အကုန်အကျခံ ပေးရပါတယ်။အဲဒါကြောင့် အမေရိကန်ဒေါ်လာ ခြောက်သောင်းကျော် ကုန်ကျခဲ့တာပါ”လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
တောင်ကိုရီးယား အမျိုးသမီး ဘောလုံးအသင်းနဲ့ မြန်မာအမျိုးသမီး ဘောလုံးအသင်းတို့ရဲ့ ခြေစမ်းပွဲကို လာမယ့်ဇွန်လ၄ရက်နေ့နဲ့ ခြောက်ရက်နေ့တွေမှာ ကျင်းပသွားမှာဖြစ်ပေမယ့် တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်ရဲ့ မေတ္တာရပ်ခံချက်ကြောင့် ရန်ကုန်မြို့မှာ ပြောင်းလဲကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါသည်။
ကမ္ဘာဘောလုံးအဖွဲ့ချုပ်ရဲ့ အဆင့်သတ်မှတ်ချက်အရ လက်ရှိအချိန်မှာ တောင်ကိုရီယား အမျိုးသမီးအသင်း အဆင့်၁၇မှာရှိပြီး မြန်မာအမျိုးသမီးအသင်းကတော့ အဆင့်၄၄မှာ ရှိတယ်လို့ သိရပါသည်။
Credit – Soccer Myanmar
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment