Tuesday, April 5, 2016

မကွေးက ဟံသာဝတီကို အနိုင်ယူပြီး ချင်းနှင့်ဇေယျာရွှေမြေ အနိုင်၊အရှုံးမပေါ်

၂၀၁၆ မြန်မာလိဂ်ပွဲစဉ် (၁၁) နောက်ဆုံးရက်တွင် မကွေး အသင်းက အမှတ်ပေးဇယား ဒုတိယနေရာမှ ဟံသာဝတီအသင်းကို အနိုင်ရရှိခဲ့ပြီး ချင်းနှင့် ဇေ ယျာရွှေမြေအသင်းတို့ ပွဲစဉ်၌ အ နိုင်အရှုံးမပေါ်ဘဲ သရေရလဒ် ထွက်ပေါ်ခဲ့သည်။
ဧပြီ ၄ ရက်က သုဝဏ္ဏကွင်း ၌ ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် မကွေး အသင်းက အမှတ်ပေးဇယား ဒု တိယနေရာမှ ဟံသာဝတီကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပွဲချိန် ၂၃ မိနစ်တွင် မကွေးအသင်းအ တွက် ဦးဆောင်ဂိုးကို ဟံသာဝတီ နောက်ခံလူ အောင်ဖြိုးမြင့်က ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့ခြင်းမှ ရရှိ ခဲ့ခြင်းဖြစ်ပြီး ဒုတိယဂိုးကို ပွဲချိန် ၄၅ မိနစ်တွင် မကွေးတိုက်စစ်မှူး ဆိုင်လာက သွင်းယူပေးခဲ့ခြင်းဖြစ် သည်။ ဟံသာဝတီအသင်းသည် ဒုတိယပိုင်း၌ ချေပဂိုးများ ပြန် လည်ရရှိအောင် ကြိုးပမ်းခဲ့သော် လည်း ၆၅ မိနစ်တွင် တိုက်စစ်မှူး ဘမ်ဘာ၏ သွင်းဂိုးတစ်ဂိုးသာ ရရှိခဲ့သည်။

အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ချင်းအသင်းနှင့် ဇေ ယျာရွှေမြေတို့ပွဲ၌ တစ်ဂိုးစီသရေ ကျခဲ့သည်။

ပွဲချိန် ၉ မိနစ်တွင် ဇေယျာ ရွှေမြေအသင်းက ပင်နယ်တီကန် သွင်းခွင့်ရရှိခဲ့ပြီး တိုက်စစ်မှူး ဗစ် တာ၏ ကန်သွင်းချက်ကို ချင်း ဂိုးသမား မှုန်ထွယ်အောင် ပုတ် ထုတ်နိုင်ခဲ့သော်လည်း အီဗရာ ဟင်က ထပ်မံပိတ်သွင်းယူခဲ့သ ဖြင့် ဦးဆောင်ဂိုးရရှိခဲ့သည်။ သို့သော် ချင်းအသင်းအတွက် ချေ ပဂိုးကို ပွဲချိန် ၇၆ မိနစ်တွင် ၁၈ ကိုက်စည်းထိပ်မှ ဇော်ဝင်းက အပြင်းကန်သွင်းယူခဲ့ခြင်းဖြစ်သည်။

ဧပြီ ၂၊ ၃ ရက်က ကျင်းပခဲ့ သည့် မြန်မာလိဂ်ပွဲစဉ် (၁၁) ပွဲ များ၌ ရတနာပုံက ရန်ကုန်အသင်း ကို ၃-၂ ဂိုး၊ ဧရာဝတီက ဇွဲကပင် ကို ၁-၀ ဂိုးဖြင့် အသီးသီး အနိုင် ရရှိခဲ့ပြီး ရခိုင်နှင့်ရှမ်း၊ Horizon နှင့် ဆောက်သမ်းမြန်မာပွဲစဉ်များ ၌ သရေရလဒ်များ ထွက်ပေါ်ခဲ့ သည်။

၂၀၁၆ မြန်မာလိဂ် ပထမ အကျော့ပွဲစဉ် (၁၁) အပြီးတွင် ရတနာပုံအသင်းက ရှုံးပွဲမရှိဘဲ ရ မှတ် ၂၉ မှတ်ရရှိကာ ရာသီဝက် ချန်ပီယံဖြစ်ခဲ့သည်။ ရမှတ် ၂၁မှတ် ရရှိထားသည့် ဟံသာဝတီအသင်းက အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နေ သည်။ ၂၀၁၆ မြန်မာလိဂ် ဒုတိယအကျော့ပွဲစဉ်များကို မေလ ၂၁ ရက်တွင် ပြန်လည်ကျင်းပမည် ဖြစ်သည်။

Credit – 7daydaily



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment