Saturday, April 23, 2016

ယနေ့ညနှင့် မနက်ဖြန်နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် စပိန်လာလီဂါပွဲစဉ်များပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါ ပွဲစဉ်(၃၅)
ဗယ်လက်ကာနို - ရီးယဲလ်မက်ဒရစ် (၂၃-၄-၂၀၁၆ ည ၈း၃၀)
မျှော်လင့်ချက်တွေအသက်ဝင်လာလလို့ ရီးယဲလ်ကစားပုံပိုပြီးတက်ကြွနေတယ်။ အခုလည်း အဝေးကွင်းမှာဆိုပေမယ့် ဗယ်လက်ကာနိုရဲ့ ခံစစ်ကစားပုံအားနည်းမှုကြောင့် ရီးယဲလ်ကိုမျှော်လင့်ထားလို့ရနေသေးတယ်။ သတိထားရမှာက ဒီပွဲအပြီး ရီးယဲလ်ချန်ပီယံလိဂ်ကစားဖို့ရှိနေတာနဲ့ ဗယ်လက်ကာနိုရဲ့ဖွင့်တိုက်ပြီး ဂိုးရအောင်ကစားနိုင်တဲ့ကစားပုံကိုပါ။

အက်သလက်တီကို - မာလာဂါ (၂၃-၄-၂၀၁၆ ည ၁၀း၄၅)
အက်သလက်တီကိုကတော့ ချန်ပီယံလိဂ်မှာ ဘာစီလိုနာကိုဖြုတ်ချထားနိုင်တဲ့အပြင် လာလီဂါမှာလည်း ဘာစီလိုနာနဲ့ အမှတ်တူရပ်တည်လာနိုင်လို့ မမျှော်လင့်ဘဲရလာတဲ့ အခွင့်အရေးကောင်းတွေအတွက် မျှော်လင့်ချက်တွေအားကောင်းနေနိုင်တယ်။ အခုနောက်ပိုင်းလာလီဂါမှာလည်း တိုက်စစ်ကစားပုံကောင်းလာနေပြီး ဂိုးတွေလည်းပိုရလာနေတာက အက်သလက်တီကိုရဲ့အားသာမှုလို့ပြောနိုင်တယ်။ ဒါပေမဲ့ ဒီပွဲအပြီးချန်ပီယံလိဂ်ကစားဖို့ရှိနေတာရယ်၊ မာလာဂါကလည်း ခံစစ်ပိုင်းကစားပုံကောင်းတဲ့အသင်းမျိုးဖြစ်နေတာရယ်က ဒီပွဲမှာတော့ အက်သလက်တီကိုတိုက်စစ်ဂိုးတွေရဖို့လွယ်ပါ့ဦးမလားဆိုတာစဉ်းစားစရာဖြစ်နေတယ်။ ဒါကြောင့်အခုပွဲကို မာလာဂါကလည်း ဂိုးမပေးရအောင်ထိန်းကစားသွားနိုင်သလို၊ အက်သလက်တီကိုကလည်း ထိန်းကစားမယ့်ပုံမျိုးပေါ်နေလို့ မာလာဂါနဲ့ ဂိုးအနည်းပဲကြိုက်တယ်။

ဘာစီလိုနာ - စပို့တင်းဂီဂျွန် (၂၄-၄-၂၀၁၆ နံနက် ၁း၀၀)
အိမ်ကွင်းမှာ (၂)ပွဲဆက် ရှုံးပွဲတွေ့ခဲ့တဲ့ ဘာစီလိုနာအတွက် ဒီပွဲမှာ လုံးဝအမှားခံလို့မရတော့ဘူး။ ဧပြီလအတွင်းလာလီဂါမှာ ရမှတ်တွေလျော့၊ ချန်ပီယံလိဂ်ကထွက်လိုက်ရလို့ ဘာစီလိုနာရဲ့စိတ်ဓာတ်ပိုင်းပါပြိုဆင်းသွားတဲ့ပုံပေါ်နေတယ်။ ဒီအနေအထားကိုနည်းပြအင်းနရစ်အမြန်ဆုံးပြောင်းလဲနိုင်ဖို့လည်းလိုနေပြီ။ နောက်ဆုံးကစားခဲ့တဲ့ ဒီပို့တီဗိုနဲ့အဝေးကွင်းပွဲမှာတော့ ဂိုးပြတ်နိုင်ပွဲနဲ့အတူ ဘာစီလိုနာပြန်လာခဲ့သလို MSN လည်းဂိုးတွေသွင်းခဲ့တယ်။ စပို့တင်းဂီဂျွန်ကလည်းအမှတ်ရဖို့အဝေးကွင်းမှာခံစစ်အားပြုလာနိုင်တဲ့အနေအထားက ဒီပွဲမှာ MSN ရဲ့အစွမ်းကအဓိကကျသလိုဖြစ်နေတယ်။ ဂီဂျွန်ဟာနောက်ဆုံး အဝေးကွင်း (၂)ပွဲဆက်သရေကစားထားတဲ့အပြင် ခံစစ်ပိုင်းကလည်းကျစ်လျစ်တယ်။ ဒါပေမဲ့နူးကမ့်ဖြစ်တာရယ် ဘာစီလိုနာ ရဲ့ရုန်းအားရယ်ကြောင့်အိမ်ရှင်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။

အီဘာ - ဒီပို့တီဗို (၂၄-၄-၂၀၁၆ နံနက် ၂း၃၅)
ဒီပို့တီဗိုလို့ဆိုရင် သရေထက်ပိုပြီး မျှော်လင့်ထားလို့မရသေးသလိုဖြစ်နေတယ်။ အခုလည်းအိမ်ကွင်းကစားအားကောင်းပေမယ့် ရလဒ်ပိုင်းပုံမှန်မရှိသေးတဲ့ အီဘာကို ဒီပို့တီဗိုသရေလောက်ပဲမျှော်လင့်ပြီးထိန်းကစားသွားမယ့်ပုံပါပဲ။ သရေကျမယ်။ ဂိုးနည်းမယ်။

Credit – eleven sport



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment