ဂျာမန်ဘွန်ဒက်လီဂါကလပ်ဘို၇ပ်ရှားမွန်ချန်ဂလာဘတ်အသင်းရဲ့အသင်းခေါင်းဆောင်ဂရာနစ်ဇာခါဟာအာဆင်နယ်အသင်းကိုပြောင်းရွေ့ဖို့အလွန်စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။ ဒေးလီးစတားရဲ့ဖော်ပြချက်အ၇အာဆင်နယ်အသင်းဟာ ဇာခါကိုပေါင်၂၄သန်းနဲ့လာမည့်နွေရာသီအပြောင်းအရွေ့မတိုင်မီသဘောတူညီမှုရရှိနိုင်ဖို့အတွက်မိုချန်ဂလာဘတ်တာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးလျက်ရှိနေပါတယ်။ မွန်ချန်ဂလာဘတ်အသင်းအနေနဲ့ဇာခါအတွက်ပေါင်၃၅သန်းပတ်ဝန်းကျင်လောက်အထိအလိုရှိနေပေမယ့်လည်း အာဆင်နယ်ဘက်ကတော့ ကနဦးကမ်းလှမ်းခဲ့တဲ့ဈေးနဲ့ပဲသဘောတူညီနိုင်တယ်လို့ယုံကြည်နေပါတယ်။ အာဆင်နယ်အသင်းဟာ ဇာခါကိုဒီရာသီမှာအကြိမ်၃၀လောက်အထိသွားရောက်ကြည့်ရှုမှုတွေပြုလုပ်ခဲ့ပြီး မန်နေဂျာအာဆင်ဝင်းဂါးကတော့ ဇာခါကိုစိတ်ဝင်စားသလားဆိုတဲ့မေးခွန်းတွေနဲ့ပက်သက်ပြီးယခုထိ ရေငုံနှုတ်ပိတ်လျက်ရှိနေဆဲဖြစ်ပါတယ်။
Credit – sport myanmar
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment