ဘာစီလိုနာ အသင်းရဲ့ ချန်ပီယံလိဂ် ကျဆုံးမှုမှာ အဓိက အကျခဲ့ဆုံးဖြစ် ရပ် ကို ပြောပါဆိုရင် အင် နီ ယေ စတာ ရဲ့ လက် ထိ ဘောကို ညွှန်းဆိုရမှာပါ ။ ပွဲချိန် ၈၆ မိနစ် မှာ အသက်လက်တီကို နောက် ခံလူ ဖိလစ်ပီ လူးဝစ် ထံ က ထွက် လာတဲ့ ဘောလုံးကို ဘာစီလိုနာ ဧရိယာအတွင်းမှာ အင် နီ ယေ စတာ လက် နဲ့ ပုတ် ခဲ့တာ ကြောင့် ပင် နယ် တီ ပြစ် ဒဏ် ပေးခဲ့ရပါတယ် ။ အနီကဒ် ပြ မခံရတာ အင် နီ ယေ စတာ ကံကောင်းသွားခဲ့တာ ပါ ။ အဆိုပါ ပင် နယ် တီ ကို အသက်လက်တီကို တိုက် စစ် မှုး ဂရစ်ဇ်မန်း က ကန်သွင်းယူခဲ့ပြီး ၂-၀ ရလဒ်ကို ယူဆောင် သွားခဲ့ပါတယ် ။ ပွဲအပြီးမှာ ၂ ကျော့ ပေါင်း ရလဒ် နဲ့ အသက်လက်တီကိုမက်ဒရစ် အသင်းကို ဘာစီလိုနာ တို့ အရှုံးပေးခဲ့ရပြီး ချန်ပီယံလိဂ် ဖလား ကာကွယ် ခွင့် ဆုံးရှုံးခဲ့ရပါတယ် ။
အသင်းရဲ့ အားထားရတဲ့ တိုက် စစ် အတွဲဖြစ် တဲ့ မက် ဆီ ၊ နေမာ ၊ ဆွာရက် တို့ ရဲ့ ထိုးဖောက် မှုတွေ ကို အသက်လက်တီကို အသင်းက ကြံ့ကြံ့ခံနိုင် ခဲ့တာကြောင့်လည်း ဒီရလဒ် ထွက် ပေါ်ခဲ့တာဖြစ် ပေမယ့် ကာယကံရှင် အင် နီ ယေ စတာ က တော့ သူ့ရဲ့ လက် ထိ ဘောဟာ ပွဲရဲ့ အကြီးမားဆုံး အလှည့်အ ပြောင်း ဖြစ် ခဲ့တယ် လို့ ယူဆခဲ့ပုံပါပဲ ။ ပွဲအပြီး အသင်းရဲ့ ဘတ်စ် ကားပေါ်မှာ မျက် ရည် တွေကို သုတ် နေတဲ့ အင် နီ ယေစတာ ကို သတင်းမီဒီယာတွေက အမိအရ ဖမ်းယူရိုက် ကူးနိုင် ခဲ့ကြပါတယ် ။
ချန်ပီယံလိဂ် ပြိုင် ပွဲက နေ ဘာစီလိုနာ ထွက် ခွာသွားခဲ့ပြီဖြစ် ပေမယ့် အင် နီ ယေ စတာ ရဲ့ ၀မ်းနည်းမျက် ရည် တွေကို တော့ ပရိသတ်တွေ အမှတ် ရ နေကြဦးမယ် ထင် ပါတယ် ။
Credit – sport myanmar
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment