Sunday, April 10, 2016

မာကွင်ဟို့စ်အား ခေါ်ယူရန်ဘာစီလိုနာသဘောတူညီမှုရခဲ့

စပိန်ထိပ်သီးကလပ်ဘာစီလိုနာအသင်းသည် PSG အသင်းမှ ဘရာဇီးလ်ကြယ်ပွင့်နောက်ခံလူမာကွင်ဟို့စ်အားခေါ်ယူရန်သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
မာကွင်ဟို့စ်အားခေါ်ယူရန်အတွက် ချယ်လ်ဆီး၊ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်တို့က အပြိုင်ကမ်းလှမ်းခဲ့ကြသော်လည်း ဘာစီလိုနာအသင်းကလက်ဦးမှုရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် မာကွင်ဟို့စ်အတွက်ပြောင်းရွှေ့ကြေးကို ယူရို (၄၅)သန်းမှ သန်း (၅၀)ကြားပေးချေသွားမည်ဖြစ်ပြီး လာမည့် ယူရိုပြိုင်ပွဲအပြီးတွင်အပြီးသတ်စာချုပ်ရန်စီစဉ်ထားကြောင်းသိရသည်။
အသက် (၂၁)နှစ်အရွယ်ရှိပြီဖြစ်သော မာကွင်ဟို့စ်သည် ပြီးခဲ့သည့် ၂၀၁၃ ဇူလိုင်လက ရိုးမားအသင်းမှ PSG သို့ ပြောင်းရွှေ့ကြေးယူရို (၃၁)သန်းဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး PSG အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၁၀၄)ပွဲကစားကာ (၈)ဂိုးသွင်းယူပေးထားကြောင်းသိရသည်။

Credit – eleven sport

ဘောလုံးသတင်းများ အစီအစဉ်ကို ကြည့်ရှုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်...
နှစ်သက်သဘောကျခဲ့ရင် သူငယ်ချင်းတွေကို မျှဝေပေးဖို့ မမေ့ပါနဲ့နော်.....



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment