Tuesday, April 5, 2016

ဘာစီလိုနာ - အသလက်တီကို ချန်ပီယံလိဂ်ပွဲ မကြည့်ခင် သိထားသင့်တဲ့ အချက် (၅) ချက်

၂၀၁၅-၁၆ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို ရောက်လာခဲ့ပြန်ပါပြီ။ ဧပြီ ၅ ရက်နေ့ညမှာတော့ လက်ရှိချန်ပီယံ ဘာစီလိုနာက လာလီဂါပြိုင်ဘက် အသလက်တီကီုအသင်းကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဂျာမန်အသင်း ဘိုင်ယန်မြူးနစ်ကတော့ ဘင်ဖီကာကို ရင်ဆိုင်ရမှပါ။

လာလီဂါမှာလည်း ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ ဘာစီလိုနာနဲ့ အသလက်တီကိုအသင်းတို့ရဲ့ ပွဲစဉ်က ချန်ပီယံလိဂ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ်ဖြစ်လာဦးမှာပါ။ ဒီပွဲမကြည့်ခင် သတိထားရမယ့် အချက် (၄) ချက်ရှိပါတယ်။

၁။ ဒဏ်ရာရ ပွဲပယ် 



ဘာစီလိုနာ အသင်းဘက်မှာ မက်သရူးပါနိုင်ဦးမှာ မဟုတ်ပါဘူး။ အက်ဒရီယာနိုလည်း ဒီပွဲပါနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရာဖင်ညာတော့ အပြည့်အဝ ပြန်လည်ကောင်းမွန်နေပြီဖြစ်လို့ ပြန်ပါနိုင်ပါပြီ။ အခြား ဒဏ်ရာရ ပွဲပယ် များများစားစား မရှိပါဘူး။

အသလက်တီကိုဘက်မှာ ကာရကစ်ကိုနဲ့ နေဂွက်ဇ်တို့ ပါနိုင်ဖွယ် မရှိပါဘူး။ ဒါပေမယ့် ဂရိဇ်မန်းနဲ့ တိုက်စစ်မှူး တောရက်စ်တို့ ပါနိုင်ပြီ ဖြစ်ပါတယ်။

၂။ ဘာစီလိုနာ အားသာချက်



ဘာစီလိုနာဟာ ပြိုင်ပွဲစံ နောက်ဆုံးပွဲပေါင်း ၄၀ ကစားခဲ့ရာမှာ ရီးရဲလ်မက်ဒရစ် တစ်သင်းကို ပဲရှုံးထားတာပါ။ ဒီနှစ် ချန်ပီယံလိဂ်မှာလည်း ရှုံးပွဲ မရှိသေးပါဘူး။ ဒီရာသီမှာ ဘာစီလိုနာက အိမ်ကွင်းပွဲစဉ် စုစုပေါင်း ၂၄ လေးပွဲမှာ ၂၂ ပွဲနိုင်ပြီး တစ်ပွဲပဲ ရှုံးထားပါတယ်။

၃။ အသလက်တီကိုအတွက် အားသာချက်



အသလက်တီကိုက နောက်ဆုံး ၁၁ ပွဲမှာ ဂီဂျွန်တစ်သင်းတည်းကိုပဲ ရှုံးထားသေးတာပါ။ အသလက်တီကို အသင်း နောက်ဆုံး ကစားထားတဲ့ လိဂ်ပွဲ ငါးပွဲရဲ့ သွင်းဂိုးတွေအရ တစ်ပွဲကို ပျမ်းမျှသွင်းဂိုး ၂.၅ ဂိုးရှိပါတယ်။

၎။ ထိပ်တိုက် တွေ့ဆုံမှု 



ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဒီဘက်နောက်ပိုင်းမှာ ဘာစီလိုနာကသာ အမြဲအသာရနေတာပါ။ ဒီနှစ်သင်း နောက်ဆုံး ခြောက်ကြိမ် တွေ့ရာမှာ ဘာစီလိုနာက ခြောက်ကြိမ်လုံး နိုင်ထားပါတယ်။

ဒါပေမယ့် ဘာစီလိုနာဟာ ဥရောပပြိုင်ပွဲတွေမှာ စပိန်အသင်းအချင်းချင်း ပြန်တွေ့တဲ့ အခါမှာတော့ နောက်ဆုံး ဆယ်ပွဲမှာ ခြောက်ကြိမ်အထိ ရှုံးဖူးထားပါတယ်။

အသလက်တီကိုက ဥရောပပြိုင်ပွဲမှာ စပိန်အသင်းတွေနဲ့ ပြန်တွေ့တဲ့ ၁၇ ပွဲမှာ ၇ ပွဲနိုင်ပြီး ၆ ပွဲရှုံးထားပါတယ်။ ဒီလိုတွေ့တဲ့အခါ အသလက်တီကိုက တစ်ဂိုးထက် ပိုသွင်းနိုင်တဲ့ပွဲ နည်းပါးလေ့ရှိပါတယ်။

၅။ ဘာစီလိုနာအသင်း စိတ်ဓာတ်နဲ့ ခြေစွမ်း



ရီးရဲလ်မက်ဒရစ်ကို တစ်ဂိုးနဲ့ နိုင်နေပြီးမှာ ပေါ့ပေါ့ဆဆ ကစားခဲ့လို့ နှစ်ဂိုးပြန်ပေးပြီး ရှုံးခဲ့ရတဲ့ ဘာစီလိုနာရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာဟာ မေးခွန်းထုတ်စရာပါ။ ရီးရဲလ်မက်ဒရစ်က တစ်ယောက်လျော့ နဲ့ ကစားခဲ့ရပါသေးတယ်။ မက်ဆီ၊ နေမာနဲ့ ဆွာရက်ဇ်တို့ ပွဲပန်းနေသလားဆိုတာ သံသယဝင်စရာပါ။

Credit – Duwun



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment