Saturday, April 30, 2016

နယူးကာဆယ်အနိုင်ရယူနိုင်ခဲ့ပြီးဆန်းဒါးလန်းသရေနဲ့သာကျေနပ်ခဲ့ရ

တန်းဆင်းဇုန်မှရုန်းထွက်ဖို့ကြိုးစားနေတဲ့ နယူးကာဆယ်အသင်းဟာ ဒီနေ့ပွဲမှာ နိုင်ပွဲရရှိခဲ့လို့ ပရီးမီးယားလိဂ်မှာရှင်သန်ဖို့အတွက် မျှော်လင့်ချက်တွေရှိလာခဲ့ပါတယ်။
နယူးကာဆယ်အသင်းရဲ့အနိုင်ဂိုးကို ကွင်းလယ်လူတောင်ဆန်က ပွဲချိန် (၅၈)မိနစ်မှာ ပြစ်ဒဏ်ဘောမှတစ်ဆင့် လှလှပပသွင်းယူသွားခဲ့တာပါ။ နောက်ပိုင်းမှာတော့ ပဲလေ့စ်အသင်း ပယ်နယ်တီရခဲ့ပေမယ့် ကာဘိုင်းရဲ့ကန်သွင်းမှုကို နယူးကာဆယ်ဂိုးသမား ဒါလောအကောင်းဆုံးကာကွယ်သွားခဲ့ပါတယ်။ ဆန်ဒါးလန်းအသင်းကတော့ အဝေးကွင်းမှာ စတုတ်စီးတီးအသင်းကို သရေသာကစားနိုင်ခဲ့ပါတယ်။ စတုတ်စီးတီးအတွက်ဦးဆောင်ဂိုးကို အာနော်တိုဗစ်ကသွင်းယူခဲ့ပြီး ဆန်းဒါးလန်းအသင်းရဲ့ခြေပဂိုးကိုတော့ နောက်ဆုံးမိနစ်ရောက်မှ ပယ်နယ်တီမှတစ်ဆင့် ဒီဖိုးကပြန်လည်သွင်းယူသွားခဲ့တာပါ။ ဒီရလဒ်ကြောင့်လည်း ဆန်းဒါးလန်းအသင်း ပွဲကျန်(၁)ပွဲ ကစားဖို့ကျန်သေးတယ်ဆိုပေမယ့် နောက်ထပ်ပွဲစဉ်တွေမှာ အမှားမခံဖို့လိုအပ်လာပါတယ်။

Credit – eleven sport



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment