Sunday, April 10, 2016

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပဉ္စမမြောက်အမြန်ဆုံးဟတ်ထရစ်အဖြစ် အာဆင်နယ်နှင့်ပွဲတွင် အန်ဒီကာရိုးလ်မှတ်တမ်းဝင်

ယနေ့ပရီးမီးယားလိဂ်ပွဲစဉ် (၃၃)အစောဆုံးပွဲစဉ်အဖြစ်ယှဉ်ပြိုင်ခဲ့သော ၀က်စ်ဟမ်း ၃-၃ အာဆင်နယ်ပွဲတွင် ၀က်စ်ဟမ်းတိုက်စစ်မှူး အန်ဒီကာရိုးလ်သွင်းယူခဲသည့် ဟက်ထရစ်မှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပဉ္စမမြောက်အမြန်ဆုံးဟက်ထရစ်အဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။
အန်ဒီကာရိုးလ်သည် အာဆင်နယ်အသင်းဘက်သို့ ပွဲချိန် (၉)မိနစ်အတွင်း (၃)ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၄၄၊ ၄၅+၂ နှင့် ၅၂)မိနစ်တို့တွင်သွင်းယူခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အမြန်ဆုံးဟက်ထရစ်သွင်းဂိုးများ
မာနေ (ဆောက်သမ်တန်) Vs ဗီလာ - ၂မိနစ်နှင့် ၅၆ စက္ကန့် (၂၀၁၅)
ဖောင်လာ (လီဗာပူးလ်) Vs အာဆင်နယ် - ၄မိနစ်နှင့် ၃၃စက္ကန့် (၁၉၉၄)
ဒီဖိုး (စပါး) Vs ၀ီဂန် - ၇မိနစ် (၂၀၀၉)
အဘွန်လဟော် (ဗီလာ) Vs မန်စီးတီး - ၇မိနစ် (၂၀၀၈)
ကာရိုးလ် (၀က်စ်ဟမ်း) Vs အာဆင်နယ် - ၉မိနစ် (၂၀၁၆)

Credit – eleven sport

ဘောလုံးသတင်းများ အစီအစဉ်ကို ကြည့်ရှုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်...
နှစ်သက်သဘောကျခဲ့ရင် သူငယ်ချင်းတွေကို မျှဝေပေးဖို့ မမေ့ပါနဲ့နော်.....





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment