ပရီးမီးယားလိဂ်ချန်ပီယံဆု အတွက် လက်စတာစီးတီးကို အစွမ်းကုန် ဆက်လက်ဖိအားပေးသွားမည်ဟု တော့တင်ဟမ်ဟော့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ကြွေးကြော်လိုက်သည်။
လက်ရှိ အမှတ်ပေးဇယား အဆင့် (၂) နေရာတွင် ရပ်တည်နေသည့် စပါးသည် ဘရစ်တနီယာ ကွင်းတွင် စတုတ်စီးတီးကို ၄-၀ ဂိုးဖြင့် အပြတ်အသတ်အနိုင်ရပြီး နောက် ဦးဆောင်သူ လက်စတာနှင့် ငါးမှတ်သာကွာဟတော့ သည်။ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ကိန်းက ရာသီကုန်ရန် လေးပွဲသာ လိုတော့သော်လည်း လက်စတာကို ကျော်တက်နိုင်မည် ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ သည်။
‘‘လက်စတာ ကစားတာ သိပ်ကောင်းပါတယ်။ ဒါပေမဲ့ သူတို့ လည်း အမှတ်တွေ ဆုံးရှုံးနိုင်တဲ့ အခြေအနေရှိနေဆဲပါ။ ကျွန် တော်တို့အနေနဲ့ အဆုံးစွန်ထိ အားထုတ်ကြိုးစားမှုကို လျှော့ချသွား မှာ မဟုတ်ပါဘူး။ လက်ရှိ အနေအထားက အကောင်းဆုံး မဟုတ်တာအမှန်ပါ။ ဒါပေမဲ့ အနာဂတ်ကိုဘယ်သူမှ ကြိုမသိနိုင်ဘူးလေ’’ဟု ကိန်းက ဆိုသည်။
အသက် (၂၂) နှစ်ရှိ ကိန်းက ‘‘ကျွန်တော်တို့ ချန်ပီယံ မျှော်လင့်ချက်ကနေ သွေဖည်သွားမှာ မဟုတ်ဘူး။ သေချာတာက ရာသီကုန်ချိန်ထိ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစား တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာလည်း ဒါပဲရှိတယ်လေ’’ဟု ပြောကြားခဲ့သည်။
ကိန်းသည် စတုတ်နှင့်ပွဲတွင် နှစ်ဂိုး သွင်းယူပြီးနောက် ယခုအခါ ပရီးမီးယားလိဂ်တွင် သွင်းဂိုး ၂၄ ဂိုးဖြင့် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။
Credit – 7daydaily
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment