Monday, April 25, 2016

၂၆နှစ်အကြာမှာFAဗိုလ်လုပွဲတတ်ရောက်ခဲ့တဲ့ပဲလေ့စ်

FAဖလား ဆီမီးဖိုင်နယ်ဒုတိယပွဲအဖြစ် ပဲလေ့စ်နဲ့ဝက်ဖို့ဒ်တို့ ယှဉ်ပြိုင်ကစားခဲ့တာမှာတော့ ပဲလေ့စ်က ဘိုလာဆီ၊ ၀စ်ခ်ဟမ်းတို့ရဲ့ ဂိုးတွေနဲ့အတူ(၂-၁)ဂိုးနဲ့အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့ပါတယ်။

နှစ်သင်းစလုံးဟာ ခြေစွမ်းပိုင်း၊ ကစားသမားစုဖွဲ့မှုအပိုင်း ကွာခြားမှုမရှိတာကြောင့် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ကစားနိုင်ခဲ့လို့ ပွဲက အကြိတ်အနယ်ရှိခဲ့တယ်။ ဒါပေမဲ့အဆုံးသတ်သေချာတဲ့ကစားသမား ကောင်း တွေရှိတဲ့ပဲလေ့စ်အသင်းက အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့လို့ ဗိုလ်လုပွဲကို တက်ရောက်ခွင့်ရရှိခဲ့တာပါ။ ပဲလေ့စ်အသင်းအတွက် အဖွင့်ဂိုးကိုပွဲအစ(၆)မိနစ်မှာပဲ အသင်းရဲ့အဓိက ကစားသမား ဘိုလာဆီက ဒီလေးနီ ရဲ့ ပေးပို့မှုကနေ အနီးကပ်ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ဒုတိယပိုင်း(၅၅)မိနစ်မှာတော့ ၀က်ဖို့ဒ်အသင်း ချေပဂိုးရရှိခဲ့ပြီး ထောင့်ကန်ဘောကနေ ဟူရာဒို ကန်တင်ပေးခဲ့တာကို ဒီးနီက ပြိုင်ဘက်နောက်ခံလူတွေနဲ့အပြိုင် ခေါင်းတိုက်
သွင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ချေပဂိုးပေးလိုက်ရပြီး (၆)မိနစ်အကြာမှာပဲ ပဲလေ့စ်တို့ အနိုင်ဂိုးရခဲ့တယ်။ ဒီဂိုးကိုတော့ ဆွာရေးတင်ပေးလိုက်တဲ့ဘောလုံးကို တိုက်စစ်မှူးဝစ်ခ်ဟမ်းက လှလှပပခေါင်း တိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းပဲလေ့စ်အသင်းက အနိုင်ရလဒ်ကို ထိန်းကစားခဲ့လို့ ပွဲအပြီးမှာ(၂-၁)ဂိုးရ
လဒ်နဲ့အတူ FA ဖလားဗိုလ်လုပွဲဆီ ရောက်ရှိခဲ့ပြီး ၁၉၉၀ နောက်ပိုင်း ဝေးကွာခဲ့တဲ့ FAဖလားဗိုလ်လုပွဲ ကို တက်လှမ်းနိုင်ခဲ့တယ်။ ဗိုလ်လုပွဲမှာတော့ ပြိုင်ပွဲရဲ့ဒုတိယအအောင်မြင်ဆုံး မန်ယူနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဗိုလ်လုပွဲကို လာမယ့်မေလ(၂၁)ရက်နေ့မှာ ကျင်းပသွားမှာပါ။

Credit – eleven sport











အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment