စီးရီးဘီကလပ် ခရိုတိုနေအသင်းသည် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် လာမည့် ၂၀၁၆-၁၇ ရာသီတွင် စီးရီးအေသို့ တန်းတက်ကစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ခရိုတိုနေအသင်းသည် စီးရီးဘီပွဲစဉ် (၃၉) အဖြစ် မိုဒီနာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုးစီသရေကျခဲ့ပြီးနောက် တန်းတက်ခွင့်ရရန် သေချာသွားခြင်းဖြစ်သည်။ ခရိုတိုနေအသင်းသည် (၃၉) ပွဲကစားအပြီးတွင် (၇၈) မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး လက်ကျန်သုံးပွဲအလိုတွင် တတိယနေရာမှ ထရာပါနီအသင်းကို (၁၂) မှတ်အသာရထားသဖြင့် တန်းတက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ စီးရီးဘီပြိုင်ပွဲတွင် ထိပ်ဆုံးနှစ်နေရာ ရပ်တည်နိုင်သည့်အသင်းများမှာ စီးရီးအေသို့ တိုက်ရိုက်တန်းတက်ခွင့်ရပြီး ဒုတိယနေရာတွင် (၇၄) မှတ်ဖြင့် ရပ်တည်နေသည့် ကာဂလီယာရီအသင်းမှာလည်း တန်းတက်ခွင့်ရရန် နီးစပ်နေသည်။
Credit – eleven sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment