Sunday, April 17, 2016

ပရီးမီးယားလိဂ်ကနေတန်းဆင်းခဲ့ရတဲ့ဗီလာ

ပရီးမီးယားလိဂ်စတင်တည်ထောင်ခဲ့တဲ့ ၁၉၉၂-၉၃ ရာသီကတည်းက ပါဝင်ခဲ့တဲ့ အက်စတွန်ဗီလာအသင်းကတော့ လက်ကျန်(၄)ပွဲအလိုမှာပဲ တန်းဆင်းသွားခဲ့ရပါတယ်။ ကောက်ရိုးတစ်မျှင် မျှော်လင့်ချက်အတွက် ဗီလာ အသင်း နိုင်ပွဲမဖြစ်မနေလိုအပ်ခဲ့သော်လည်း မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်
သွင်းယူတဲ့တစ်လုံးတည်းသောဂိုးနဲ့ အရေးနိမ့်ကာ အင်္ဂလန်အဆင့်မြင့်ဆုံး အမှတ်ပေးပြိုင်ပွဲကနေ (၂၉)နှစ်အတွင်း ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။ ဆန်းဒါးလန်းက နောဝစ်ခ်ျကွင်းမှာ ဂိုးပြတ်
အနိုင်ရခဲ့ပြီး နယူးကာဆယ်ကလည်း ဂိုးပြတ်နိုင်ပွဲရယူခဲ့လို့ တန်းဆင်းလက်
ကျန်(၂)နေရာအတွက် နောဝစ်ခ်ျ၊ ဆန်းဒါးလန်း၊ နယူးကာဆယ်တို့ရဲ့ ပြိုင်ဆိုင်မှုတွေက ပိုမိုအကြိတ်အနယ်ဖြစ်လာခဲ့ပါတယ်။

စနေနေ့ အစာပိုင်း ပွဲရလဒ်များ
နောဝစ်ခ်ျ ၀-၃ ဆန်းဒါးလန်း
အဲဗာတန် ၁-၁ ဆောက်သမ်တန်
မန်ယူ ၁-၀ အက်စတွန်ဗီလာ
နယူးကာဆယ် ၃-၀ ဆွမ်ဆီး
ဝက်စ်ဘရွန်း ၀-၁ ၀က်ဖို့ဒ်

Credit – eleven sport

ဘောလုံးသတင်းများ အစီအစဉ်ကို ကြည့်ရှုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်...
နှစ်သက်သဘောကျခဲ့ရင် သူငယ်ချင်းတွေကို မျှဝေပေးဖို့ မမေ့ပါနဲ့နော်.....



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment