Monday, April 25, 2016

ဆန်းဒါးလန်းကိုသဆရကျပြီးခြေထပ်ချော်ခဲ့တဲ့အာဆင်နယ်

သင်္ချာနည်းအရ ပရီးမီးယားလိဂ်ဖလားကို မျှော်လင့်နိုင်သေးတဲ့ အာဆင်နယ်အသင်းဟာ ဆန်းဒါးလန်းနဲ့ ဂိုးမရှိသရေကျခဲ့လို့ ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်လုနီးပါးဖြစ်သွားခဲ့ရပါပြီ။ ပရီးမီးယားလိဂ်နောက်ဆုံး(၅)ပွဲမှာ (၃)ပွဲအထိ သရေကျခဲ့ပြီး အမှတ်လေလွင့်မှု များခဲ့တဲ့ အာဆင်နယ်အသင်းဟာ အခုပွဲမှာလည်း ဆန်းဒါးလန်းအသင်းကို အသာစီး မရခဲ့ဘဲ သရေနဲ့သာ
ကျေနပ်ခဲ့ရတာပါ။

ရာထူးက နုတ်ထွက်ဖို့ ပရိသတ်တွေရဲ့ ဖိအားပေးမှုနဲ့ ရင်ဆိုင်နေရတဲ့အာဆင်နယ်နည်းပြအာစင်ဝင်းဂါး ဟာ ရလဒ်ကောင်းရယူဖို့ ပြင်ဆင်ခဲ့ပေမယ့်ဆန်းဒါးလန်းအသင်းကလည်း တန်းဆင်းဇုန်အန္တရာယ်ရှိနေ လို့ အကောင်းဆုံးပြန်လည်တုံ့ပြန်ခဲ့တာကြောင့် အာဆင်နယ် ထင်တိုင်းမပေါက်ခဲ့ပါဘူး။
နောက်ပြီး အာဆင်နယ်ကစားသမားတွေဟာ ထုံးစံအတိုင်း ပြိုင်ဘက်ဂိုး
ရှေ့နားရောက်ရင် အပေးမှားတာ၊ အဝေးကန်ချက်တွေ မသုံးဘဲ ဂိုးထဲအထိ ဆွဲပြေးဖို့ ကြိုးစားနေတာ၊ မလိုအပ်ဘဲ လူပေးနေတာကြောင့် ထိရောက်တဲ့ တိုက်စစ်မျိုး မလုပ်နိုင်ခဲ့ဘူး။ ဆန်းဒါးလန်းဘက်က တစ်ချက်တစ် ချက် တန်ပြန်တိုက်စစ်တွေကနေ ဂိုးသွင်းခွင့်ရခဲ့ပေမယ့် အာဆင်နယ်ဂိုးသ
မား ပီတာချက် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဝေါလ်ကော့၊ ၀ဲလ် ဘတ်၊ ၀ဲလ်ရှိုင်းယားတို့ ၀င်လာခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်(၃)မှတ်ရအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ဘူး။

အခုပွဲကို သရေကျခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ဂိုးကွာခြားကြောင့်အဆင့်(၃)နေရာ ကို မန်စီးတီးဆီလွှဲပေးခဲ့ရပြီး ဆန်းဒါးလန်းအသင်းကတော့အဆင့်(၁၇)နေရာကို တက်လှမ်းနိုင်ခဲ့ပေမယ့် နောဝစ်ခ်ျနဲ့အမှတ်တူ(၃၁ မှတ်)၊ နယူးကာဆယ်နဲ့ တစ်မှတ်သာ ကွာဟတာကြောင့် တန်းမဆင်းရေးအတွက် ဆက်လက်ရုန်းကန်ရဦးမှာပါ။

Credit – eleven sport










အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment