Saturday, April 30, 2016

ခရိုတိုနေအသင်းစီးရီးအေသို့ပထမဆုံးတန်းတတ်ခွင့်ရရှိ

စီးရီးဘီကလပ် ခရိုတိုနေအသင်းသည် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် လာမည့် ၂၀၁၆-၁၇ ရာသီတွင် စီးရီးအေသို့ တန်းတက်ကစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ခရိုတိုနေအသင်းသည် စီးရီးဘီပွဲစဉ် (၃၉) အဖြစ် မိုဒီနာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုးစီသရေကျခဲ့ပြီးနောက် တန်းတက်ခွင့်ရရန် သေချာသွားခြင်းဖြစ်သည်။ ခရိုတိုနေအသင်းသည် (၃၉) ပွဲကစားအပြီးတွင် (၇၈) မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး လက်ကျန်သုံးပွဲအလိုတွင် တတိယနေရာမှ ထရာပါနီအသင်းကို (၁၂) မှတ်အသာရထားသဖြင့် တန်းတက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ စီးရီးဘီပြိုင်ပွဲတွင် ထိပ်ဆုံးနှစ်နေရာ ရပ်တည်နိုင်သည့်အသင်းများမှာ စီးရီးအေသို့ တိုက်ရိုက်တန်းတက်ခွင့်ရပြီး ဒုတိယနေရာတွင် (၇၄) မှတ်ဖြင့် ရပ်တည်နေသည့် ကာဂလီယာရီအသင်းမှာလည်း တန်းတက်ခွင့်ရရန် နီးစပ်နေသည်။

Credit – eleven sport





အောင်မြင့်မြတ်(Myanmar Youths)

နယူးကာဆယ်အနိုင်ရယူနိုင်ခဲ့ပြီးဆန်းဒါးလန်းသရေနဲ့သာကျေနပ်ခဲ့ရ

တန်းဆင်းဇုန်မှရုန်းထွက်ဖို့ကြိုးစားနေတဲ့ နယူးကာဆယ်အသင်းဟာ ဒီနေ့ပွဲမှာ နိုင်ပွဲရရှိခဲ့လို့ ပရီးမီးယားလိဂ်မှာရှင်သန်ဖို့အတွက် မျှော်လင့်ချက်တွေရှိလာခဲ့ပါတယ်။
နယူးကာဆယ်အသင်းရဲ့အနိုင်ဂိုးကို ကွင်းလယ်လူတောင်ဆန်က ပွဲချိန် (၅၈)မိနစ်မှာ ပြစ်ဒဏ်ဘောမှတစ်ဆင့် လှလှပပသွင်းယူသွားခဲ့တာပါ။ နောက်ပိုင်းမှာတော့ ပဲလေ့စ်အသင်း ပယ်နယ်တီရခဲ့ပေမယ့် ကာဘိုင်းရဲ့ကန်သွင်းမှုကို နယူးကာဆယ်ဂိုးသမား ဒါလောအကောင်းဆုံးကာကွယ်သွားခဲ့ပါတယ်။ ဆန်ဒါးလန်းအသင်းကတော့ အဝေးကွင်းမှာ စတုတ်စီးတီးအသင်းကို သရေသာကစားနိုင်ခဲ့ပါတယ်။ စတုတ်စီးတီးအတွက်ဦးဆောင်ဂိုးကို အာနော်တိုဗစ်ကသွင်းယူခဲ့ပြီး ဆန်းဒါးလန်းအသင်းရဲ့ခြေပဂိုးကိုတော့ နောက်ဆုံးမိနစ်ရောက်မှ ပယ်နယ်တီမှတစ်ဆင့် ဒီဖိုးကပြန်လည်သွင်းယူသွားခဲ့တာပါ။ ဒီရလဒ်ကြောင့်လည်း ဆန်းဒါးလန်းအသင်း ပွဲကျန်(၁)ပွဲ ကစားဖို့ကျန်သေးတယ်ဆိုပေမယ့် နောက်ထပ်ပွဲစဉ်တွေမှာ အမှားမခံဖို့လိုအပ်လာပါတယ်။

Credit – eleven sport



အောင်မြင့်မြတ်(Myanmar Youths)

အိမ်ကွင်းမှာပွတ်ကာသီကာအနိုင်ရရှိခဲ့တဲ့အာဆင်နယ်

အာဆင်နယ်အသင်းဟာ နောဝစ်ခ်ျအသင်းကို အိမ်ကွင်းမှာကစားခဲ့ရပေမယ့် ပွတ်ကာသီကာသာအနိုင်ရရှိခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ အာဆင်နယ်အသင်းကဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ကစားခဲ့ပေမယ့် အဆုံးသတ်ညံ့ဖျင်းမှုတွေကြောင့် ဂိုးရဖို့ရုန်းကန်ခဲ့ရတာပါ။ နောဝစ်ခ်ျအသင်းကလည်း မာကျောတဲ့ကစားဟန်နဲ့ပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီး အာဆင်နယ်အသင်းဘက်ကိုဂိုးပေါက်ခြိမ်းခြောက်မှုအချို့ပြုလုပ်နိုင်ခဲ့ပေမယ့် ပီတာချက်ကိုမကျော်လွန်နိုင်ခဲ့ပါဘူး။ အာဆင်နယ်အသင်းရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ပွဲချိန် (၅၉)မိနစ်မှာ လူစားဝင်ကစားသမား ၀ဲလ်ဘတ်ကသွင်းယူသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့်လည်း မန်စီးတီးအသင်းထက် (၁)ပွဲပိုကစားပြီး အဆင့် (၃)နေရာကို အာဆင်နယ်အသင်းရောက်ရှိလာခဲ့ပါတယ်။

Credit – eleven sport





အောင်မြင့်မြတ်(Myanmar Youths)

Friday, April 29, 2016

သောကြာနေ့နောက်ဆုံးရသတင်းများ

=>၁၉၉၅ဖီဖာတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုရလိုက်ဘေးရီးယား
တိုက်စစ်မှူးဟောင်း ဂျော့ဝီယာသည် လိုက်ဘေးရီးယားနိုင်ငံသမ္မတရွေးကောက်ပွဲကို ဒုတိယအကြိမ် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည် ။

=> ရီးရဲလ်မက်ဒရစ်အသင်း၏ အဓိက ကစားသမား ခရစ္စတီယာနိုရော်နယ်ဒို သည် ကြွက်သားဆုတ်ပြဲသွားသည့်ဒဏ်ရာ အချိန်မီ မသက်သာနိုင်သောကြောင့် မန်စီးတီးနှင့် ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲကို လွဲချော်ရန် ရာနှုန်းများနေသည်။

=> အာဆင်နယ်ကွင်းလယ်လူ ကာဇိုလာနှင့် ချိန်ဘာလိန် တို့သည် ဒဏ်ရာသက်သာလာပြီဖြစ်၍ ရာသီလက်ကျန်ပွဲများတွင် ပါဝင်ကစားရန် အသင့်ဖြစ်နေပြီဟု သိရသည်။

=> ဗြိတိန် စက်ဘီးစီးအားကစားသမား ဆိုင်မွန်ယာတက်စ်သည် ပန်းနာဆေးသုံးရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြောင်းကြားရန် ပျက်ကွက်ခဲ့သော သူ့အသင်းဆေးအဖွဲ့ကြောင့် ယခုအခါ တားမြစ်ဆေးသုံးစွဲမှုဖြင့် စွဲချက်တင်ခံခဲ့ရသည်။

=> အက်စတွန်ဗီလာအသင်းသည် မကြာသေးမီက အသင်းစည်းကမ်းများကို ချိုးဖောက်ခဲ့သော အဘွန်လာဟောအားအသင်းခေါင်းဆောင်အဖြစ်မှဖယ်ရှားခဲ့သည့်အပြင် ငွေဒဏ်ပါတပ်ခဲ့သည် 


=> မက္ကဆီကိုလက်ဝှေ့သမား ဖရန်ဆစ္စကိုဗားဂက်စ် သည် တားမြစ်ဆေးကျခဲ့သောကြောင့် ပွဲပယ်ခံရတော့မည်ဖြစ်သည်။

=> ဆီဗီလာနှင့်အိမ်ကွင်းပွဲတွင် (၂)ဂိုးစီသရေကျခဲ့သော်လည်း ဗိုလ်လုပွဲတက်ရန် အခွင့်အရေးအပြည့်ရှိနေဆဲဟု ရှက်တာဒိုးနက်စ်နည်းပြ လူဆက်စကူးက ယုံကြည်နေသည်။

=> ဘာစီလိုနာနောက်ခံလူ ပီကေးက အကယ်၍ လာလီဂါ ချန်ပီယံဆုသာ မရပါက သူတို့အသင်းအတွက် ကျဆုံးသည့်ရာသီဖြစ်လာမည်ဟု သတိပေးလိုက်သည်။

=> အသင်းဟောင်း မန်ယူသို့ ခရစ္စတီယာနိုရော်နယ်ဒို ပြောင်းရွှေ့မည်ဆိုသော သတင်းများအား သူ့ မိခင်က ငြင်းဆိုလိုက်သည်။

=> မန်ယူကွင်းလယ်လူ ဟာရဲရားက အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခွင့်မရအောင် ခြေကုန်ထုတ်ကစားသွားမည်ဟု ဆိုသည်။

=> ဆမ်ဒိုးရီးယား ဂိုးသမား ဗီဗီယာနိုသည် ယူရို ၂၀၁၆ပြိုင်ပွဲဝင် အီတလီလက်ရွေးစင် အသင်း၌ ရွေးချယ်ခံရရန် မျှော်လင့်ထားသည်။

=> အေစီမီလန် ကွင်းလယ်လူ ရိုဒရီဂို အယ်လီသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ရာသီလက်ကျန်ပွဲများနှင့် လွဲချော်မည်ဖြစ်သည်။

=> ဂျူဗင်တပ်စ်အသင်းသည် ဘိုင်ယန်မြူးနစ်အသင်းမှ မော်ရိုကိုလက်ရွေးစင်နောက်ခံလူ ဘီနာတီယာအား တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူရန် ကမ်းလှမ်းထားသည် ။

=> ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာသည် ဒဏ်ရာကြောင့် မန်စီးတီးနှင့် ချန်ပီယ့လိဂ်အကြိုဗိုလ်လုပွဲ ဒုတိယ အကျော့ကို လွဲချော်ဖွယ် ရှိနေသေးသည်။

=> လီဗာပူးအသင်းသည် ယမန်နှစ်က တိုက်စစ်မှူး ဒန်နီအင်းစ် အား ခေါ်ယူခဲ့ရာတွင် ဘန်လေအသင်းကို လျော်ကြေး ပေါင်(၈)သန်း ပေးရဖွယ်ရှိနေသည်။

=> စပါး အသင်း ကွင်းလယ်လူ အလီသည် ၀က်စ်ဘရွန်းအသင်းနှင့် ပွဲစဉ်မှ ပြိုင်ဘက် ကစားသမား ယာကော့ဘ်ကို ထိုးမိကြောင်း စွဲချက် အတွက် ၀န်ခံခဲ့ပြီးနောက် ရာသီကုန် လက်ကျန် ပွဲစဉ်အားလုံးကို ပွဲပယ်ခံရမှုကြောင့် လွဲမည် ဖြစ်သည်

=> ရာသီကုန်မှာအသင်းမှ ထွက်ခွာလိုသည့် ဒေါ့မွန် နောက်ခံလူ မတ်စ်ဟမ်မဲလ်သည် ၎င်းအနေဖြင့် ဘိုင်ယန်မြူးနစ် အသင်းသို့ ပြောင်းရွှေ့ကစားလိုကြောင်း ပြောဆိုသည်

=> တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ရှိခဲ့သည့် လီဗာပူးလ် နောက်ခံလူ ဆာခိုအား UEFA မှ စုံစမ်းစစ်ဆေးပြီးနောက် ရက်ပေါင်း ၃၀ ကြာ ဘောလုံးလောကမှ ထုတ်ပယ်လိုက်သည်

=> အက်သလက်တီကို နည်းပြ ဒီယေဂိုဆီမြွန်နီမှာ ခံစစ် နည်းစနစ် အသားပေးလွန်းခြင်းကြောင့် ပရီးမီးယားလိဂ်သို့ မလာသင့်ကြောင်း ဆန်းဒါးလန်း နည်းပြ ဆမ်အလာဒိုက်စ်က ဆိုသည်

=> မန်ယူ အသင်းသည် ဘင်ဖီကာ အသင်းမှ အသက် ၁၈ နှစ် အရွယ်ရှိ ကွင်းလယ်လူ ရီနာတိုဆန်းချက်ဇ်အား ပြောင်းရွှေ့ကြေး ပေါင် ၄၆ သန်းဖြင့် ခေါ်ယူရန် ပိုမိုနီးစပ်လာခဲ့ကြောင်း သိရသည်

=> လက်စတာစီးတီး အသင်း ချန်ပီယံ ဖြစ်ခဲ့လျှင် နည်းပြ ရာနီရေးနီ အနေဖြင့် အသင်းမှ ချီးမြှင့်သည့် ပေါင် ၅ သန်း အပိုဆုကြေး ရရှိမည် ဖြစ်သည်

=> ဆွမ်ဆီး အသင်းသည် လီဗာပူးလ် အသင်းမှာ ကစားနေသည့် ၎င်းတို့ ကွင်းလယ်လူ ဂျိုးအလန်အား ပြန်လည် ခေါ်ယူရန် စိတ်ဝင်စားနေသည်

=> ပရီးမီးယားလိဂ်မှာ ဒိုင်လူကြီးများ အတွက်ကို နည်းပညာအကူအညီ လိုအပ်နေပြီ ဖြစ်ကြောင်း ၀က်စ်ဟမ်း နည်းပြ ဘီလစ်က ဆိုသည်

=> ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်တွင် ဗီလာရီးရဲလ် အသင်းအား အနိုင်ကစားရန် အသင့် ဖြစ်နေကြောင်း လီဗာပူးလ် အသင်း နည်းပြ ဂျာဂင်ကလော့ပ်က ဆိုသည်

=> ၀က်ဖို့ဒ် နည်းပြ ဖြစ်သူ ဆန်းချက်ဇ်ဖလောရက်စ်သည် ၎င်းအနေဖြင့် အသင်းပိုင်ရှင် ဖြစ်သူ ဂျီနိုပိုဇိုနှင့် အဆင်မပြေ ဖြစ်ခြင်းကြောင့် အသင်းနှင့် ချုပ်ဆိုထားသည့် ၂ နှစ် စာချုပ်ကိုပါ ဖျက်သိမ်းကာ လမ်းခွဲတော့မည်ဟု သတင်းထွက်နေသည် ။

Credit - SkyNet Sports Channel



အောင်မြင့်မြတ်(Myanmar Youths)

Thursday, April 28, 2016

အိုးထရက်ဖို့ဒ်တွင်လက်စတာအသင်းဖလားကိုင်မြှောက်အောင်ပွဲခံခွင့်မရသေး

လက်စတာအသင်းအနေဖြင့် လာမည့်တနင်္ဂနွေတွင် မန်ချက်စတာ ယူနိုက်တက်အသင်းကို အိုးထရက်ဖို့ဒ်၌ အနိုင်ရပြီး ပရီးမီးယားလိဂ်ဗိုလ်စွဲခဲ့ လျှင် ဆုဖလားကိုင်မြှောက်အောင်ပွဲခံရဦးမည်မဟုတ်ဘဲ အိမ်ကွင်း ကင်းပါဝါ ကွင်းတွင် အဲဗာတန်နှင့်ကစားသည့်ပွဲပြီးမှသာ ဖလားကိုင်မြှောက် အောင်ပွဲ ခံခွင့်ရမည်ဖြစ်သည်။

ယူနိုက်တက်ကွင်းတွင် လက်စတာအသင်းဖလားမြှောက်အောင်ပွဲခံ အခမ်းအနားပြုလုပ်ရန်ထက် လက်စတာကွင်းတွင်သာ အောင်ပွဲခံရန် လိဂ်တာဝန်ရှိသူများက စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

လက်စတာ (အမည်ပြောင် မြေခွေးများ) အနေဖြင့် အသင်းသမိုင်း တစ်လျှောက်ပထမဆုံး အဆင့်မြင့်တန်းဆုဖလားရရန် လက်ကျန်သုံးပွဲတွင် သုံးမှတ်သာလိုအပ်တော့သည်။

အသင်းသည် ၂၂ ဂိုးဖြင့်ဂိုးအများဆုံးသွင်းထားသော ပွဲပယ်ခံထားရသည့် တိုက်စစ်မှူးဗာဒီမပါဘဲ တနင်္ဂနွေတွင်ယူနိုက်တက်ကွင်းသို့ သွားကစား ရမည်ဖြစ်သည်။

ယူနိုက်တက်သည် လက်ရှိရာသီပရီးမီးယားလိဂ်အိမ်ကွင်း ၁၇ ပွဲတွင် နှစ်ပွဲ သာရှုံးထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်မှန်းနေသည်။ အိုးထရက်ဖို့ဒ် ကွင်း တွင် လက်စတာအသင်းအနိုင်မရခဲ့ပါက ချန်ပီယံဖြစ်ရန်အတွက် တနင်္လာည တွင် ချယ်လ်ဆီးအသင်းနှင့်ပွဲမှ စပါးအသင်း၏ ရလဒ်ကို စောင့်ကြည့်ရဦး မည်ဖြစ်သည်။

Credit – Hyper Sports



အောင်မြင့်မြတ်(Myanmar Youths)

ရွန်းနီ ကို ကိန်း ၊ ဗာဒီ တို့ဖြင့် တွဲဖက် ကာ စိန် ပွင့် ကစားကွက် တည် ဆောက် သင့်ကြောင်း ဖာဒီနန် ပြောဆို

မန်ယူအသင်းနဲ့ အင်္ဂလန် နောက် ခံလူ ရီယိုဖာဒီနန် က ၀ိန်းရွန်းနီ ကို ဗာဒီ ၊ ကိန်း တို့နဲ့ တွဲဖက် ကာ စိန် ပွင့် ပုံ စံ တိုက် စစ် ဖြင့် အင်္ဂလန် အသင်းမှာ နေရာချထားသင့်တယ် လို့ ပြောဆိုသွားခဲ့ပါတယ် ။ ရွန်းနီ ဟာ ယခုနှစ် ဘောလုံးရာသီမှာ ပြသ နေကြ အ ကောင်းဆုံးပုံစံမှာ ရှိမ နေ ခဲ့ပဲ ဒဏ် ရာ တွေကြောင့်လည်း ရုန်းကန် ခဲ့ရသူ ဖြစ် ပါတယ် ။ ဒါ့အပြင် မန်ယူ လူငယ် တိုက် စစ် မှုးလေး ရက်ဖို့ဒ် ရဲ့ ခြေစွမ်းပြသနိုင် မှု ကြောင့် ရွန်းနီ ရဲ့ နေရာ ဟာ ပျောက် ဆုံး ဖွယ် ရှိနေတယ် လို့ ထင် ကြေးတွေ ရှိလာခဲ့ကြပါတယ် ။ ဒါပေမယ့် မန်ယူ နည်းပြ ဗန်ဟား က ရွန်းနီ ကို ကွင်းလယ် တိုက် စစ် နေရာကို ပို့ခဲ့ပြီး အသင်းရဲ့ ဟန်ချက် ကို ထိန်းညှိပေးစေခဲ့ပါတယ် ။ ပြီးခဲ့တဲ့ အဲဗာတန် အသင်းနဲ့ FA Cup ဆီမီးဖိုင် နယ် ပွဲစဉ် မှာ ရွန်းနီ ဟာ ကွင်းလယ် မှာ အ ကောင်းဆုံး ကစားသွားနိုင် ခဲ့ပြီး မန်ယူ အသင်းရဲ့ တိုက် စစ် လမ်းကြောင်းတွေကို ဖန်တီး ပေးနိုင် ခဲ့ပါတယ် ။

“ဟော့ဆန် အ နေနဲ့ ကိန်း ၊ ဗာဒီ နဲ့ ရွန်းနီ တို့မှာ ဘယ် သူတွေကို ပွဲထုတ် ရမယ် ဆိုတဲ့ မေးခွန်းကို အမြဲခေါင်း စားနေမှာပါ ။ ရွန်းနီ ဟာ ယခုနှစ် မှာ မန်ယူ အသင်းအတွက် အ ကောင်းဆုံး ခြေစွမ်းမပြနိုင် ခဲ့ပါဘူး ။ ကိန်းနဲ့ ဗာဒီ တို့က တော့ ကလပ် အသင်းတွေ အတွက် ဂိုးတွေသွင်းပြခဲ့ကြပါတယ် ။ ဒါပေမယ့် အင်္ဂလန် အသင်းမှာ တော့ ရွန်းနီ ရဲ့ အ ရေးပါ ပုံကို ပစ် ပယ် ထားလို့ မရပါဘူး ။ ဒါကြောင့်လည်း ဟော့ဆန် ခေါင်းစားနေရတာဖြစ် ပါတယ် ။ အမှန် အတိုင်းပြောရရင် တော့ ဒီ ၃ ယောက် ကို တွဲကစားဖို့ ကျွန်တော့မှာ စိတ် ကူး ရှိပါတယ် ။ ရွန်းနီ ဟာ ကွင်းလယ် မှာ အ ကောင်းဆုံး ကစားနိုင် သူပါ ။ ကိန်း နဲ့ ဗာဒီ တို့ရဲ့ နောက် မှာ ၀ိန်း ကို ထားပြီး စိန် ပွင့်ပုံစံ တိုက် စစ် ကို အသုံးပြုနိုင် ပါတယ် ။ ဒါဆိုရင် အင်္ဂလန် အသင်းအတွက် ရော ဟော့ဆန် အတွက် ပါ အဆင်ပြေသွားမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ် ။

အင်္ဂလန် အသင်းရဲ့ အပြီးသတ် လူစာရင်းကို မေ လ ၂၃ ရက် နေ့မှာ ရွေးချယ် မှာဖြစ်ပြီး ယူရို ၂၀၁၆ ပြိုင် ပွဲ ကျင်းပရာ ပြင် သစ် မြေကို ဘယ် ကစားသမားတွေ ပါဝင် သွားမလဲဆိုတာ စိတ် ၀င် စားနေကြတဲ့ အရာတခု ဖြစ် နေပါတယ် ။

Credit – sport myanmar



အောင်မြင့်မြတ်(Myanmar Youths)

Monday, April 25, 2016

ပရီးမီးယားလိဂ်၊လာလီဂါ၊ဘွန်ဒါလီဂါ၊စီးရီးအေ အမှတ်ပေးဇယားများ



လာလီဂါဇယား



ဘွန်ဒါလီဂါဇယား



စီးရီးအေဇယား



အောင်မြင့်မြတ်(Myanmar Youths)

၂၆နှစ်အကြာမှာFAဗိုလ်လုပွဲတတ်ရောက်ခဲ့တဲ့ပဲလေ့စ်

FAဖလား ဆီမီးဖိုင်နယ်ဒုတိယပွဲအဖြစ် ပဲလေ့စ်နဲ့ဝက်ဖို့ဒ်တို့ ယှဉ်ပြိုင်ကစားခဲ့တာမှာတော့ ပဲလေ့စ်က ဘိုလာဆီ၊ ၀စ်ခ်ဟမ်းတို့ရဲ့ ဂိုးတွေနဲ့အတူ(၂-၁)ဂိုးနဲ့အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့ပါတယ်။

နှစ်သင်းစလုံးဟာ ခြေစွမ်းပိုင်း၊ ကစားသမားစုဖွဲ့မှုအပိုင်း ကွာခြားမှုမရှိတာကြောင့် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ကစားနိုင်ခဲ့လို့ ပွဲက အကြိတ်အနယ်ရှိခဲ့တယ်။ ဒါပေမဲ့အဆုံးသတ်သေချာတဲ့ကစားသမား ကောင်း တွေရှိတဲ့ပဲလေ့စ်အသင်းက အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့လို့ ဗိုလ်လုပွဲကို တက်ရောက်ခွင့်ရရှိခဲ့တာပါ။ ပဲလေ့စ်အသင်းအတွက် အဖွင့်ဂိုးကိုပွဲအစ(၆)မိနစ်မှာပဲ အသင်းရဲ့အဓိက ကစားသမား ဘိုလာဆီက ဒီလေးနီ ရဲ့ ပေးပို့မှုကနေ အနီးကပ်ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ဒုတိယပိုင်း(၅၅)မိနစ်မှာတော့ ၀က်ဖို့ဒ်အသင်း ချေပဂိုးရရှိခဲ့ပြီး ထောင့်ကန်ဘောကနေ ဟူရာဒို ကန်တင်ပေးခဲ့တာကို ဒီးနီက ပြိုင်ဘက်နောက်ခံလူတွေနဲ့အပြိုင် ခေါင်းတိုက်
သွင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ချေပဂိုးပေးလိုက်ရပြီး (၆)မိနစ်အကြာမှာပဲ ပဲလေ့စ်တို့ အနိုင်ဂိုးရခဲ့တယ်။ ဒီဂိုးကိုတော့ ဆွာရေးတင်ပေးလိုက်တဲ့ဘောလုံးကို တိုက်စစ်မှူးဝစ်ခ်ဟမ်းက လှလှပပခေါင်း တိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းပဲလေ့စ်အသင်းက အနိုင်ရလဒ်ကို ထိန်းကစားခဲ့လို့ ပွဲအပြီးမှာ(၂-၁)ဂိုးရ
လဒ်နဲ့အတူ FA ဖလားဗိုလ်လုပွဲဆီ ရောက်ရှိခဲ့ပြီး ၁၉၉၀ နောက်ပိုင်း ဝေးကွာခဲ့တဲ့ FAဖလားဗိုလ်လုပွဲ ကို တက်လှမ်းနိုင်ခဲ့တယ်။ ဗိုလ်လုပွဲမှာတော့ ပြိုင်ပွဲရဲ့ဒုတိယအအောင်မြင်ဆုံး မန်ယူနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဗိုလ်လုပွဲကို လာမယ့်မေလ(၂၁)ရက်နေ့မှာ ကျင်းပသွားမှာပါ။

Credit – eleven sport











အောင်မြင့်မြတ်(Myanmar Youths)

ဆန်းဒါးလန်းကိုသဆရကျပြီးခြေထပ်ချော်ခဲ့တဲ့အာဆင်နယ်

သင်္ချာနည်းအရ ပရီးမီးယားလိဂ်ဖလားကို မျှော်လင့်နိုင်သေးတဲ့ အာဆင်နယ်အသင်းဟာ ဆန်းဒါးလန်းနဲ့ ဂိုးမရှိသရေကျခဲ့လို့ ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်လုနီးပါးဖြစ်သွားခဲ့ရပါပြီ။ ပရီးမီးယားလိဂ်နောက်ဆုံး(၅)ပွဲမှာ (၃)ပွဲအထိ သရေကျခဲ့ပြီး အမှတ်လေလွင့်မှု များခဲ့တဲ့ အာဆင်နယ်အသင်းဟာ အခုပွဲမှာလည်း ဆန်းဒါးလန်းအသင်းကို အသာစီး မရခဲ့ဘဲ သရေနဲ့သာ
ကျေနပ်ခဲ့ရတာပါ။

ရာထူးက နုတ်ထွက်ဖို့ ပရိသတ်တွေရဲ့ ဖိအားပေးမှုနဲ့ ရင်ဆိုင်နေရတဲ့အာဆင်နယ်နည်းပြအာစင်ဝင်းဂါး ဟာ ရလဒ်ကောင်းရယူဖို့ ပြင်ဆင်ခဲ့ပေမယ့်ဆန်းဒါးလန်းအသင်းကလည်း တန်းဆင်းဇုန်အန္တရာယ်ရှိနေ လို့ အကောင်းဆုံးပြန်လည်တုံ့ပြန်ခဲ့တာကြောင့် အာဆင်နယ် ထင်တိုင်းမပေါက်ခဲ့ပါဘူး။
နောက်ပြီး အာဆင်နယ်ကစားသမားတွေဟာ ထုံးစံအတိုင်း ပြိုင်ဘက်ဂိုး
ရှေ့နားရောက်ရင် အပေးမှားတာ၊ အဝေးကန်ချက်တွေ မသုံးဘဲ ဂိုးထဲအထိ ဆွဲပြေးဖို့ ကြိုးစားနေတာ၊ မလိုအပ်ဘဲ လူပေးနေတာကြောင့် ထိရောက်တဲ့ တိုက်စစ်မျိုး မလုပ်နိုင်ခဲ့ဘူး။ ဆန်းဒါးလန်းဘက်က တစ်ချက်တစ် ချက် တန်ပြန်တိုက်စစ်တွေကနေ ဂိုးသွင်းခွင့်ရခဲ့ပေမယ့် အာဆင်နယ်ဂိုးသ
မား ပီတာချက် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဝေါလ်ကော့၊ ၀ဲလ် ဘတ်၊ ၀ဲလ်ရှိုင်းယားတို့ ၀င်လာခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်(၃)မှတ်ရအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ဘူး။

အခုပွဲကို သရေကျခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ဂိုးကွာခြားကြောင့်အဆင့်(၃)နေရာ ကို မန်စီးတီးဆီလွှဲပေးခဲ့ရပြီး ဆန်းဒါးလန်းအသင်းကတော့အဆင့်(၁၇)နေရာကို တက်လှမ်းနိုင်ခဲ့ပေမယ့် နောဝစ်ခ်ျနဲ့အမှတ်တူ(၃၁ မှတ်)၊ နယူးကာဆယ်နဲ့ တစ်မှတ်သာ ကွာဟတာကြောင့် တန်းမဆင်းရေးအတွက် ဆက်လက်ရုန်းကန်ရဦးမှာပါ။

Credit – eleven sport










အောင်မြင့်မြတ်(Myanmar Youths)

Saturday, April 23, 2016

၂၀၀၄ ခုနှစ် နောက် ပိုင်း ပထမဆုံး FA Cup ကို ဆွတ် ခူးနိုင် ဖို့ ဆန္ဒပြင်းထန် နေတဲ့ မန်ယူ ကစားသမားများ

မန်ယူ အသင်းဟာ FA Cup ဆီမီးဖိုင် နယ် အဆင့်ကို ရောက် ရှိနေပြီး ယ နေ့ည မှာ အဲဗာတန် အသင်း နဲ့ ၀င် ဘာလေ ကွင်းမှာ ယှဉ်ပြိုင် ကစားရမှာဖြစ် ပါတယ် ။ FA ဖလားကို ၁၁ ကြိမ် ဆွတ် ခူးရရှိထားပြီး အာဆင် နယ် အသင်းရဲ့ နောက် အ အောင်မြင် ဆုံး အသင်းဖြစ် တဲ့ မန်ယူ ဟာ အဆိုပါ ဖလားကို မရရှိခဲ့တာ ဆယ် စု နှစ် တစု ကြာမြင့်ခဲ့ပြီဖြစ် ပါတယ် ။ လက် ရှိ အချိန် မှာ ဖလားလက် မဲ့ ၂ ရာသီဆက် တိုက် ဖြတ် သန်း လာခဲ့ရတဲ့ မန်ယူ အသင်းအ နေနဲ့ ယုံကြည် ချက် တွေ ပြန် လည် ရှင် သန် လာဖို့ ဒီ ဖလားကို အရယူသွားဖို့ ဆန္ဒပြင်းပြ နေကြတယ် လို့ သိရပါတယ် ။

“ဒီဖလားဟာ ကျွန်တော် တို့အတွက် အရမ်းအ ရေးကြီးပါတယ် ။ ကျွန်တော် တို့ ပရိသတ်တွေကို တခုခု ပြန် ပေးဖို့ လိုအပ် နေပါပြီ ။ ဒါကြောင့် ဒီဆုဖလားဟာ အ ရေးကြီးတဲ့ အရာဖြစ် လာတာပါ ။ ကျွန်တော် ဒီ အ ကြောင်းကို မိုက် ကယ် ကာရစ် နဲ့ ပြောဖြစ် ကြပါတယ် ။ သူက အဲဗာတန် ကို အနိုင် ယူပြီး ဗိုလ် လုပွဲကို တက် ရောက် ဖို့ အသင်းသားတွေကို လှုံဆော် အားပေးသွားမယ် လို့ ပြောပါတယ်” လို့ မန်ယူ ကွင်းလယ်လူ ဟာရဲရား က ပြောဆိုသွားခဲ့ပါတယ် ။

မန်ယူ အသင်းဟာ လက် ရှိ ခြေစွမ်းတည်ငြိမ် နေပြီး နောက် ဆုံး ကစားတဲ့ ၆ ပွဲ အနက် ၅ ပွဲကို အနိုင် ကစား နိုင် ခဲ့ပါတယ် ။ ဒါပေမယ့် မန်ယူ နဲ့ ၀င် ဘာ လေ ကွင်းတို့ရဲ့ မှတ် တမ်းက တော့ သိမ် မ ကောင်းလှပဲ ၀င် ဘာ လေ မှာ ကစားခဲ့တဲ့ ဆီမီးဖိုင် နယ် ၃ ကြိမ် စလုံး မန်ယူ တို့ ရှုံးနိမ့်ခဲ့ကြပါတယ် ။ ဒဏ် ရာက နေ ပြန် လည် သက် သာလာပြီဖြစ် တဲ့ နောက် ခံလူ စ မော လင်း က လည်း FA ဖလားဟာ အသင်းသားတွေရဲ့ စိတ် ဓါတ် တွေကို မြင့်တင်ပေးပြီး ယုံကြည် ချက် တွေ ရရှိလာနိုင် မှာဖြစ် တယ် လို့ ပြောဆိုသွားခဲ့ပါတယ် ။

“အသင်းရဲ့ ကစားသမားအများအပြား ပြန် ကောင်းလာကြပါပြီ ။ အခု ဆိုရင် နည်းပြ အ နေနဲ့ အသင့်တော် ဆုံး ၊ အ တောင့်တင်းဆုံး လူစာရင်းကို စိတ် ကြိုက် ရွေးချယ် နိုင် ပြီ ဖြစ် လို့ ပွဲကို အနိုင် ရမယ့် နည်းဗျုဟာ တွေ ချမှတ်နိုင် လိမ့်မယ် လို့ ယုံကြည် ထားပါတယ် ။ အဲဗာတန် အသင်းကို အနိုင် ယူပြီး ဗိုလ် လုပွဲ တက် ရောက် ဖို့ အတွက် အားလုံး စိတ် အားထက် သန် နေကြပါတယ်” လို့ စ မော လင်း က ပြောဆိုသွားခဲ့ပါတယ် ။

Credit – Sports Myanmar



အောင်မြင့်မြတ်(Myanmar Youths)

ယနေ့ညနှင့် မနက်ဖြန်နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် စပိန်လာလီဂါပွဲစဉ်များပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါ ပွဲစဉ်(၃၅)
ဗယ်လက်ကာနို - ရီးယဲလ်မက်ဒရစ် (၂၃-၄-၂၀၁၆ ည ၈း၃၀)
မျှော်လင့်ချက်တွေအသက်ဝင်လာလလို့ ရီးယဲလ်ကစားပုံပိုပြီးတက်ကြွနေတယ်။ အခုလည်း အဝေးကွင်းမှာဆိုပေမယ့် ဗယ်လက်ကာနိုရဲ့ ခံစစ်ကစားပုံအားနည်းမှုကြောင့် ရီးယဲလ်ကိုမျှော်လင့်ထားလို့ရနေသေးတယ်။ သတိထားရမှာက ဒီပွဲအပြီး ရီးယဲလ်ချန်ပီယံလိဂ်ကစားဖို့ရှိနေတာနဲ့ ဗယ်လက်ကာနိုရဲ့ဖွင့်တိုက်ပြီး ဂိုးရအောင်ကစားနိုင်တဲ့ကစားပုံကိုပါ။

အက်သလက်တီကို - မာလာဂါ (၂၃-၄-၂၀၁၆ ည ၁၀း၄၅)
အက်သလက်တီကိုကတော့ ချန်ပီယံလိဂ်မှာ ဘာစီလိုနာကိုဖြုတ်ချထားနိုင်တဲ့အပြင် လာလီဂါမှာလည်း ဘာစီလိုနာနဲ့ အမှတ်တူရပ်တည်လာနိုင်လို့ မမျှော်လင့်ဘဲရလာတဲ့ အခွင့်အရေးကောင်းတွေအတွက် မျှော်လင့်ချက်တွေအားကောင်းနေနိုင်တယ်။ အခုနောက်ပိုင်းလာလီဂါမှာလည်း တိုက်စစ်ကစားပုံကောင်းလာနေပြီး ဂိုးတွေလည်းပိုရလာနေတာက အက်သလက်တီကိုရဲ့အားသာမှုလို့ပြောနိုင်တယ်။ ဒါပေမဲ့ ဒီပွဲအပြီးချန်ပီယံလိဂ်ကစားဖို့ရှိနေတာရယ်၊ မာလာဂါကလည်း ခံစစ်ပိုင်းကစားပုံကောင်းတဲ့အသင်းမျိုးဖြစ်နေတာရယ်က ဒီပွဲမှာတော့ အက်သလက်တီကိုတိုက်စစ်ဂိုးတွေရဖို့လွယ်ပါ့ဦးမလားဆိုတာစဉ်းစားစရာဖြစ်နေတယ်။ ဒါကြောင့်အခုပွဲကို မာလာဂါကလည်း ဂိုးမပေးရအောင်ထိန်းကစားသွားနိုင်သလို၊ အက်သလက်တီကိုကလည်း ထိန်းကစားမယ့်ပုံမျိုးပေါ်နေလို့ မာလာဂါနဲ့ ဂိုးအနည်းပဲကြိုက်တယ်။

ဘာစီလိုနာ - စပို့တင်းဂီဂျွန် (၂၄-၄-၂၀၁၆ နံနက် ၁း၀၀)
အိမ်ကွင်းမှာ (၂)ပွဲဆက် ရှုံးပွဲတွေ့ခဲ့တဲ့ ဘာစီလိုနာအတွက် ဒီပွဲမှာ လုံးဝအမှားခံလို့မရတော့ဘူး။ ဧပြီလအတွင်းလာလီဂါမှာ ရမှတ်တွေလျော့၊ ချန်ပီယံလိဂ်ကထွက်လိုက်ရလို့ ဘာစီလိုနာရဲ့စိတ်ဓာတ်ပိုင်းပါပြိုဆင်းသွားတဲ့ပုံပေါ်နေတယ်။ ဒီအနေအထားကိုနည်းပြအင်းနရစ်အမြန်ဆုံးပြောင်းလဲနိုင်ဖို့လည်းလိုနေပြီ။ နောက်ဆုံးကစားခဲ့တဲ့ ဒီပို့တီဗိုနဲ့အဝေးကွင်းပွဲမှာတော့ ဂိုးပြတ်နိုင်ပွဲနဲ့အတူ ဘာစီလိုနာပြန်လာခဲ့သလို MSN လည်းဂိုးတွေသွင်းခဲ့တယ်။ စပို့တင်းဂီဂျွန်ကလည်းအမှတ်ရဖို့အဝေးကွင်းမှာခံစစ်အားပြုလာနိုင်တဲ့အနေအထားက ဒီပွဲမှာ MSN ရဲ့အစွမ်းကအဓိကကျသလိုဖြစ်နေတယ်။ ဂီဂျွန်ဟာနောက်ဆုံး အဝေးကွင်း (၂)ပွဲဆက်သရေကစားထားတဲ့အပြင် ခံစစ်ပိုင်းကလည်းကျစ်လျစ်တယ်။ ဒါပေမဲ့နူးကမ့်ဖြစ်တာရယ် ဘာစီလိုနာ ရဲ့ရုန်းအားရယ်ကြောင့်အိမ်ရှင်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။

အီဘာ - ဒီပို့တီဗို (၂၄-၄-၂၀၁၆ နံနက် ၂း၃၅)
ဒီပို့တီဗိုလို့ဆိုရင် သရေထက်ပိုပြီး မျှော်လင့်ထားလို့မရသေးသလိုဖြစ်နေတယ်။ အခုလည်းအိမ်ကွင်းကစားအားကောင်းပေမယ့် ရလဒ်ပိုင်းပုံမှန်မရှိသေးတဲ့ အီဘာကို ဒီပို့တီဗိုသရေလောက်ပဲမျှော်လင့်ပြီးထိန်းကစားသွားမယ့်ပုံပါပဲ။ သရေကျမယ်။ ဂိုးနည်းမယ်။

Credit – eleven sport



အောင်မြင့်မြတ်(Myanmar Youths)