Monday, January 18, 2016

ပရီးမီးယားလိဂ်ရဲ့own goalဘုရင်

ချဲလ်ဆီး - အဲဗာတန် ပွဲဟာ ချဲလ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီ ရဲ့ ပွဲဖြစ်ခဲ့ ပါတယ်။ မိမိဂိုးပေါက်ကို ပြိုင် ဘက်အသင်းအတွက် ဂိုးသွင်းပေးခဲ့သလို အသင်းအ တွက် အဖိုးတန် ခြေပဂိုးကိုလည်း နာကျင် အချိန် ပို နောက် ဆုံးမိနစ်မှာ သွင်းယူပေး ခဲ့ပါတယ်။ ဒါဟာ ဂီရော့ နဲ့ ဒီးနီ တို့ ပီးရင် ဒီရာသီမှာ တတိယ မြောက် ၂ ဖက် ဂိုးပေါက်ကို သွင်းခဲ့တဲ့ ကစားသမားဖြစ် လာခဲ့သလို ချဲလ်ဆီး အသင်းရဲ့ ပရီးမီးယားလိဂ် သမိုင်းတ လျောက် OG အသွင်းဆုံး ကစားသမားလည်း ဖြစ် သွားခဲ့ပါတယ် ။ ဒါပေမယ့် တယ် ရီ ဟာ ယမန်နေ့ညက ဂိုး အပါ အ၀င် ၄ ဂိုးသာ ကိုယ့်ဂိုးကိုယ် သွင်းမိထားပါသေးတယ်။ သမိုင်းတ လျောက် ဂိုးသွင်းကောင်းတဲ့ တိုက်စစ် မှုးတွေ ရှိသလို Own Goal အသွင်းကောင်းတဲ့ ခံစစ်မှုးတွေလည်း ရှိခဲ့ကြပါတယ်။ ဘယ်သူတွေက အများဆုံး သွင်းယူထားသလဲဆိုတာ က တော့ -
၃ ။ မန်ယူ ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ၀က်စ်ဘ ရောင်း ၊ ဖာဒီနန် တို့ အပါ အ၀င် အဲဗာတန် ခံစစ်မှုး တွေဖြစ်တဲ့ ဂျာဂျယ်ကာ ၊ မောင့်န် ဖီးလ် ၊ လီဗာပူး ခံစစ်မှုး စကာတယ် တို့ဟာ မိမိဂိုးပေါက် ထဲကို ၆ ဂိုးစီသွင်း ယူထားကြပြီး တတိယ အများဆုံး OG သွင်းယူထားသူများဖြစ်ကြပါတယ် ။
၂။ လီဗာပူး အသင်းရဲ့ နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ က တော့ ကစားသမား ဘ၀ တ လျောက် လီဗာပူး အသင်းမှာပဲ ကစားသွားခဲ့ကာ ကြိုးကြာနီ တို့ရဲ့ ဂိုးပေါက်ကို ၇ ကြိမ် တိတိ ပြန် လည် သွင်းယူ နိုင် ခဲ့ ပါတယ်။ သူက ဒုတိယအများဆုံးပါ ။
၃။ ပရီးမီးယားလိဂ် ရဲ့ Own Goal ဘုရင် လို့ သတ်မှတ် ရမယ့် သူက တော့ မန်စီးတီး ၊ QPR ၊ ဗီလာ အသင်း တို့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၀ါရင့် နောက်ခံလူ ရစ်ချတ် ဒန်း ဖြစ်ပါတယ် ။ ကစားသမားဘ၀ ပြိုင် ဘက် အသင်းဘက် ကို ၁၁ ဂိုးအထိ သွင်းယူထားနိုင် ခဲ့သလို မိမိအသင်းဂိုးပေါက်ကိုလည်း ၁၀ ကြိမ်တိတိပြန်လည် သွင်းယူ ထားတဲ့ ပရီးမီးယားလိဂ် ရဲ့ OG King စစ်စစ်ဖြစ် ပါတယ် ။
Credit – sport


No comments:

Post a Comment