Sunday, January 24, 2016

ဂျိမ်းကိုပွဲထွက်ခွင့်ပေးဖို့ မက်ဒရစ် ပရိတ်သတ်များ တောင်းဆို

ကိုလံဘီယာ ကွင်းလယ်လူဟာ ဘာနေဗျူးမှာ သူ့ရဲ့ပွဲထွက်ခွင့် မသေချာတော့တဲ့ အခိုက်အတန့်ကို ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် အသင်းရဲ့ အားပေးသူပရိတ်သတ်တွေကတော့ သူ့အပေါ် ယုံကြည်နေကြဆဲပါပဲ။
စပိန်အားကစား သတင်စား AS က ဦးစီးပြီးတော့ ဂါရတ်ဘေးလ်ရဲ့ ဒဏ်ရာရသွားတဲ့နေရာကို အစားထိုးဖို့ ဘယ်ကစားသမားက အသင့်တော်ဆုံးလဲဆိုတာကို ပရိတ်သတ်တွေဆီကနေ မဲတွေတောင်းခံခဲ့ရမှာတော့ ဂျိမ်းက မဲပေးသူ စုစုပေါင်းရဲ 62.7 % ထောက်ခံချက်ရခဲ့ပါတယ်။ ဂျိမ်းဟာ နည်းပြဟောင်း ဘင်နီတက်လက်ထက်မှာလဲ ဒဏ်ရာကြောင့် ပွဲပေါင်း ၁၁ ပွဲ လွဲချော်ခဲ့ရပြီး ဒီနှစ်အစပိုင်းမှာလဲ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို နောက်ကျမှရောက်လာခဲ့ဘူးသလို အဲဒီကိစ္စကြောင့် ရဲတွေနဲ့ ပြသနာ တက်ထားခဲ့သူပါ။
လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ဘက်တစ်နဲ့ပွဲမှာ နည်းပြသစ်ဇီဒန်းက ပရိတ်သတ်တွေတောင်းဆိုနေတဲ့ ဂျိမ်းကိုပဲ ဘေးနေရာမှာ အစားထိုး ပွဲထွက်လာမလား ဒါမှမဟုတ် ဂျစီ ကိုပဲ ပွဲထုတ်လာမလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Credit – sport


No comments:

Post a Comment