Friday, January 22, 2016

ပွဲကြိုသုံးသပ်ချက်များ

စပိန်လာလီဂါပွဲစဉ်(၂၁)
စပို့တင်းဂီဂျွန်-ဆိုစီဒက် (၂၃-၁-၂၀၁၆ နံနက် ၂း၀၀)
ဆိုစီဒက် ခြေမှန်လာနေတယ်လို့ပြောနိုင်တယ်။ နောက်ဆုံး(၃)ပွဲဆက်ရှုံးပွဲမရှိအောင် ကစားထားနိုင်တယ်။ ဂီဂျွန်ကတော့ ရုန်းကန်နေရပြီး အိမ်ကွင်းအားကိုပဲ အားပြုကစား နေရတဲ့ပုံပေါ်တယ်။ အိမ်ကွင်းမှာ ဂီဂျွန်ခံစစ်ကိုပိုသတိထားလာနိုင်ပေမယ့် တိုက်စစ်က တော့ ဂိုးရဖို့ရုန်းကန်နေရလို့ ခြေမှန်လာတဲ့ ဆိုစီဒက်ကိုအနိုင်ရတဲ့အထိတော့မမျှော်လင့် နိုင်ဘူးထင်ပါတယ်။ ဂိုးနည်းပြီးသရေကျနိုင်တယ်။
ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်(၁၈)
ဟမ်းဘတ်-ဘိုင်ယန်မြူးနစ် (၂၃-၁-၂၀၁၆ နံနက် ၂း၀၀)
ပထမအကျော့တုန်းက ဘိုင်ယန်မြူးနစ်ကို ဟမ်းဘတ်တို့ (၅)ဂိုးပြတ်ရှုံးနိမ့်ထားပါတယ်။ ဟမ်းဘတ်ကွင်းမှာ နောက်ဆုံးတွေ့ဆုံခဲ့တဲ့(၅)ကြိမ်ကိုကြည့်ရင်လည်း အိမ်ရှင်တို့ (၁)ကြိမ်သာသရေရအောင်ကစားထားနိုင်ပါတယ်။ ဘိုင်ယန်ုမြူးနစ် ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမှာပါ။
ပြင်သစ်လီဂူးပွဲစဉ်(၂၂)
ရန်းစ်-ဂါဇီလက် (၂၃-၁-၂၀၁၆ နံနက် ၂း၀၀)
ရန်းစ်ကအိမ်ကွင်းမှာမှဇာတာကျနေပြီး နောက်ဆုံး(၈)ပွဲဆက်နိုင်ပွဲပျောက်ထားတယ်။ ဒါပေမယ့် ဥရောပပြိုင်ပွဲမျှော်လင့်ချက်နဲ့ သွန်ကစားလာတာတွေ့ရတယ်။ ဂါဇီလက်ကလည်း ခံစစ်ပေါက်ပြဲနေချိန်ဆိုတော့ ရန်းစ်နိုင်ဖို့များတယ်။
Credit – eleven sport 

No comments:

Post a Comment