Tuesday, January 5, 2016

အားကစားသတင်းတိုများ

အားကစား သတင်းတိုများ
ဆမ်ဒိုးရီးယားအသင်းသည် အင်တာမီလန်မှ အာဂျင်တီးနား ကွင်း လယ်လူ ရစ်ကီအဲလ်ဗာရက်စ်ကို ရာသီကုန်အထိ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူလိုက်သည်။

ဆမ်ဒိုးရီးယား အသင်းသည် အင်တာမှ ဆန်းဒါးလန်းသို့ အငှားချ ခံထားရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသည့် ကွင်းလယ်လူ ရစ်ကီ အဲဗရက်ဇ်ကို ခြောက်လစာချုပ် ချုပ်ဆိုသည်။

ဝက်စ်ဘရွန်းကို ၂-၁ ဂိုးဖြင့် ရှုံးခဲ့သည့်ပွဲတွင် အနီကတ် ပြသခံ ရသည့် ဂျော့ဖ်ကင်မရွန်း၏ ပြစ်ဒဏ်ကို အယူခံဝင်မည်ဖြစ်ကြောင်း စတုတ်အသင်းက အတည်ပြုသည်။

ပီအက်စ်ဂျီမှ အာဂျင်တီးနား တိုက်စစ်မှူး လာဗတ်ဇီသည် အီတ လီစီးရီးအေသို့ ပြန်ရောက်နိုင်ခြေရှိကြောင်း ၎င်း၏ အေးဂျင့်က ထုတ်ဖော်ပြောသည်။

အဒါတူရန်နှင့် ဘီဒယ်တို့ကို ဝယ်ယူထားသည့် ဘာစီလိုနာအသင်းသည် ဖီဖာပိတ်ပင်မှု သက်တမ်း ကုန်ပြီဖြစ်သောကြောင့် ကိုပါဒယ်ရေးဖလားတွင် ၎င်းတို့ကို စတင် အသုံးပြုတော့မည်ဖြစ်သည်။
Credit – 7Daydaily

No comments:

Post a Comment