လာလီဂါပြိုင်ပွဲမှာ အောင်ပွဲတွေရဖို့ ရှာဖွေနေဆဲဖြစ်ပြီး မကြာခင်မှာ ဗလင်စီယာ အသင်း နိုင်ပွဲတွေ ရရှိလာတော့မှာဖြစ်တယ်လို့ နည်းပြ ဂယ်ရီနဗီးလ် က ဒီပို့ တီဗို နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ ပြောဆိုလိုက်ပါတယ်။အဆိုပါပွဲစဉ်မှာ ပွဲပြီးဆုံးတဲ့ အထိ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကစားသမားတွေကို ဂုဏ်ယူတယ်လို့ သူကဆိုခဲ့ပါတယ်။ဂယ်ရီနဗီးလ် က “ ဘောလုံးပြိုင်ပွဲတွေဟာ အောင်မြင်မှု့ တွေရဖို့ အခက်ခဲဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ကျွန်တော်ဟာ ကစားသမားတွေရဲ့ တိုက်ပွဲဝင်စိတ်ဓါတ် အတွက် ဂုဏ်ယူမိပါတယ်။သရေကျခဲ့တဲ့ ရလဒ်ကို မပျော်ရွှင်မိပေမဲ့ ဘယ်လိုပဲဖြစ်စေ အဆုံးတိုင်အောင် တိုက်ပွဲဝင်စိတ်ဓါတ် နဲ့ ကစားခဲ့တဲ့ အချက်ကို ဂုဏ်ယူမိပါတယ်။ကျွန်တော်တို့ နိုင်ပွဲတွေ မကြာခင်ရလာတော့မှာပါ”လို့ ဆိုခဲ့ပါတယ်
No comments:
Post a Comment