စပိန်လာလီဂါပွဲစဉ်(၂၀)ရဲ့လက်ကျန်ပွဲစဉ်ကိုယနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာအသင်းက အိမ်ကွင်းနူးကမ့်မှာ ဘီလ်ဘာအိုအသင်းကို (၆)ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး တိုက်စစ်မှူးဆွာရက်ဇ်က ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့သည်။
ဘာစီလိုနာအသင်းသည် အိမ်ကွင်းနိုင်ပွဲရရှိရေးအတွက် မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ၊ ဘူးစကွက်စ်၊ ရာကီတစ်၊ အင်နီယေစတာတို့ဖြင့် လူစုံပွဲထွက်ခဲ့ပြီး ပွဲအစကတည်းက ဘီလ်ဘာအိုဘက်သို့တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပွဲချိန်(၇)မိနစ်မှာပင် မက်ဆီက ပယ်နယ်တီမှတစ်ဆင့်ဘာစီလိုနာအတွက်အဖွင့်ဂိုးသွင်းယူပေးခဲ့သည်။
ဘာစီလိုနာအသင်းအတွက်နောက်ထပ်ဂိုးများကို ပွဲချိန်(၃၁)မိနစ်တွင်နေမာ၊ (၆၂)မိနစ်တွင် ရာကီတစ်နှင့် (၄၇၊ ၆၈၊ ၈၂)မိနစ်တို့တွင် တိုက်စစ်မှူးဆွာရက်ဇ်ကဂိုးများဆက်တိုက်သွင်းယူပြီး နူးကမ့်တွင် ဂိုးပြတ်နိုင်ပွဲကိုပုံဖော်ခဲ့သည်။ ယခုနိုင်ပွဲကြောင့်ဘာစီလိုနာအသင်းသည် ထိပ်ဆုံးမှအက်သလက်တီကိုအသင်းနှင့် (၁)ပွဲလျော့(၂)မှတ်ကွာ ရမှတ်(၄၅)ဖြင့် ဒုတိယနေရာတွင်ရပ်တည်နေပြီး ပြိုင်ပွဲစုံနောက်ဆုံး(၂၂)ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းလည်းရရှိထားသည်။
အီတလီစီးရီးအေပွဲစဉ်(၂၀)၏လက်ကျန်ပွဲစဉ်ဖြစ်သည့် အေစီမီလန်အသင်းနှင့် ဖီအိုရင်တီးနားအသင်းတို့ ပွဲစဉ်တွင်ဖိအားများနေသည့် အေစီမီလန်အသင်းက
ဘက်ကာ၊ ဘိုတန်တို့၏ သွင်းဂိုးများဖြင့် (၂-၀)ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ပြင်သစ်လီဂူးပွဲစဉ်(၂၁)ရလဒ်များ
---------------------------------
လော်ရီယန့် ၀-၂ မိုနာကို
ကိန်း ၁-၃ မာဆေးလ်
စိန့်အက်တီယန် ၁-၀ လိုင်ယွန်
Credit – eleven sport
Monday, January 18, 2016
ဆွာရက်ဇ်ရဲ့ဟတ်ထရစ်နဲ့စပိန်လာလီဂါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment