စပါး - ဆန်းဒါးလန်း (၁၆-၁-၂၀၁၆ ည ၇း၁၅)
ဆန်းဒါးလန်းက ရှုံးပွဲဆက်ပြီးမှာ အက်စတွန်ဗီလာကိုအနိုင်ပြန်ကစားခဲ့တယ်။ ဒါပေမဲ့ အသင်းကြီးတွေကိုယှဉ်မကစားနိုင်တဲ့အပြင် ဂိုးအလှူပေးလေ့ရှိတာလည်းတွေ့ရတယ်။ စပါးကိုလည်း အဝေးကွင်းမှာ ဆန်းဒါးလန်းဂိုးပြတ်ရှုံးဦးမှာပါ။
မန်စီးတီး - ခရစ္စတယ်ပဲလေ့စ် (၁၆-၁-၂၀၁၆ ည ၉း၃၀)
ပဲလေ့စ်က နောက်ပိုင်းပွဲတွေမှာ ခြေနည်းနည်းပျက်လာတယ်။ ချယ်လ်ဆီးကွင်းမှာကစားခဲ့တဲ့ပွဲမှာလည်း ဂိုးပြတ်ရှုံးထားတယ်။ မန်စီးတီးက အိမ်ကွင်းအကောင်းဆုံးအသင်းအဖြစ်ရပ်တည်နေပြီး ပဲလေ့စ်ကို အိမ်ကွင်းမှာအနိုင်ကစားဦးမှာပါ။
ချယ်လ်ဆီး - အဲဗာတန် (၁၆-၁-၂၀၁၆ ည ၉း၃၀)
အဲဗာတန်းက အိမ်ကွင်းမှာချယ်လ်ဆီးကိုဒုက္ခပေးနေကြဆိုပေမယ့် ချယ်လ်ဆီးကွင်းမှာတော့သရေကစားနိုင်ဖို့တောင်ခက်ခဲတာကိုတွေ့ရတယ်။ လက်ရှိအချိန်မှာ အဲဗာတန်တိုက်စစ်က အသင်းတိုင်းကို ဒုက္ခပေးနိုင်တဲ့အနေအထားမှာရှိပြီး ချယ်လ်ဆီးကိုလည်းအခက်တွေ့စေဦးမှာပါ။ ဒါပေမဲ့ဇူးမား၊ တယ်ရီ၊ အက်စ်ပီလီကွယ်တာတို့ရဲ့စုဖွဲ့မှုက ရာသီအစကလိုမဟုတ်တော့ဘဲ တည်ငြိမ်လာပါတယ်။ ချယ်လ်ဆီးတိုက်စစ်ကလည်း ဂိုးတွေပုံမှန်ရနေတာတွေ့ရတယ်။ ချယ်လ်ဆီး (၂-၁)လောက်နဲ့ နိုင်သွားလိမ့်မယ်လို့ထင်မိတယ်။
ဘုန်းမောက် - နောဝစ်ခ်ျ (၁၆-၁-၂၀၁၆ ည ၉း၃၀)
ဘုန်းမောက်က ဒီပွဲမှာ အသစ်ခေါ်ယူထားတဲ့ကစားသမားသစ်တွေကို ပွဲထုတ်မှာပါ။ အားကိုးရမယ့်အနေအထားလည်းရှိပါတယ်။ သူတို့အားနည်းနေတာတိုက်စစ်ပိုင်းဖြစ်ပြီး ဒီအတိုင်းဆို ဘုန်းမောက်ကအားကောင်းပါပြီ။ နောဝစ်ခ်ျအသင်းအဝေးကွင်းမှာ အလွန်ဆုံးသရေပါပဲ။
ဆောက်သမ်တန် - ၀က်စ်ဘရွန်း (၁၆-၁-၂၀၁၆ ည ၉း၃၀)
ဝက်စ်ဘရွန်းကအတက်ဘက်ကိုရောက်နေတယ်။ ဆောက်သမ်တန်ကလက်ရှိအချိန်မှာခြေပျက်နေတဲ့အသင်းပါ။ အိမ်ကွင်းမှာကစားရလည်းသိပ်တော့စိတ်မချရဘူး။ ၀က်စ်ဘရွန်းအသင်းသရေခံကစားလိမ့်မယ်။
နယူးကာဆယ် - ၀က်စ်ဟမ်း (၁၆-၁-၂၀၁၆ ည ၉း၃၀)
နယူးကာဆယ်က မန်ယူနဲ့ပွဲမှာကစားသွားတာတော်တော်ကောင်းတယ်။ ဒါပေမဲ့ ၀က်စ်ဟမ်းက နယူးကာဆယ်ထက်ပိုစိတ်ချရတယ်။.ခြေစွမ်းတည်ငြိမ်တယ်။ နယူးကာဆယ်အသင်းအိမ်ကွင်းဆိုပေမယ့် အဝေးကွင်းမှာခြေစွာတဲ့ ၀က်စ်ဟမ်းကိုမနိုင်ပါဘူး။ ၀က်စ်ဟမ်းတောင်နိုင်သွားနိုင်ပါတယ်။
အက်စတွန်ဗီလာ - လက်စတာ (၁၆-၁-၂၀၁၆ ၁၂း၀၀)
လက်စတာက ဒုတိယရာသီဝက်မှာ နည်းနည်းတော့ရုန်းကန်လာရနိုင်တယ်။ ဒါပေမဲ့ လက်ရှိအနေအထားမှာ ဗီလာရဲ့စိတ်ပျက်စရာခြေစွမ်းကိုတော့ မကျော်နိုင်စရာမရှိပါဘူး။ ဒီပွဲကိုမှ မနိုင်နိုင်ရင်လည်း လက်စတာတအိအိဆင်းသွားဖို့ပဲရှိတယ်။ ဒါပေမဲ့သေချာပေါက်အနိုင်ကစားမှာပါ။
Credit - eleven sport
No comments:
Post a Comment