Thursday, January 7, 2016

ယုံကြည်မှုတွေပြန်ရလာပြီလို့ကြုံးဝါးလိုက်တဲ့ ကော်တွိုက်

ချဲလ်ဆီအသင်းရဲ့ဂိုးသမားဖြစ်သူသီဗျူ့ ကော်တွိုက်စ်ဟာ ၂၀၁၆နှစ်သစ်မှာ ခရစ်စတယ်ပဲလေ့စ်ကိုဂိုးပြတ်အနိုင်နဲ့ဖွင့်လှစ်နိုင်ခဲ့လို့အလွန်ဝမ်းမြောက်နေပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ဘာကလေပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ ခရစ်စတယ်ပဲလေ့စ် အသင်းကိုသုံးဂိုးပြတ်နဲ့အနိုင်ရရှိပြီးနောက် ချဲလ်ဆီးအသင်း ဟာနောက်ဆုံးလေးပွဲဆက်ရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာချဲလ်ဆီးအသင်းအတွက်ပွဲငါးဆယ်ပြည့်ကစားခဲ့ပြီးနောက် ကော်တွိုက်စ်က "ကျွန်တော်တို့အရင်အပတ်တွေတုန်းကတည်းက အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့်ရလဒ်ကောင်းတွေနဲ့ဝေးကွာနေပါတယ်။ ခရစ်စတယ်ပဲလေ့စ် နဲ့ပွဲစဉ်မှာတော့တကယ့်အပျံစားကစားခဲ့ပြီးရလဒ်ကောင်းပြန်လည်ရရှိခဲ့ပါတယ်။အဲဒီပွဲရရလဒ်ကြောင့်နောက်လာမည့်ပွဲစဉ်တွေမှာယုံကြည်မှုအပြည့်နဲ့ကစားနိုင်တော့မှာဖြစ်ပါတယ်။" လို့ပြောဆိုသွားခဲ့ပါတယ်။
Credit – sport

No comments:

Post a Comment