မန်မာအသင်းအတွက် ဂိုးတွေသွင်းပေးခဲ့တဲ့ ကွင်းလယ်ကစားသမားကို နည်းပြအနေနဲ့ တစ်ကျော့ပြန် မြင်ရမှာ ဖြစ်ပါတယ်။ လက်ရွေးစင်အသင်းကနေ အနားယူသွားတဲ့ ကစားသမား သန်းသန်းထွေးက နည်းပြလုပ်တော့မယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ ဘောလုံးနည်းစနစ်တွေကိုလေ့လာနေပါတယ်။ ဘောလုံးက သူမရဲ့ဘဝ ဖြစ်တာကြောင့် ဒီလောကထဲက မထွက်ခွာနိုင်ပါဘူးလို့လည်း ပြောပါတယ်။ သန်းသန်းထွေးဟာ နည်းပြအဖြစ်နဲ့ မြန်မာ့ဘောလုံးအဖွဲ့ချုပ်မှာ လုပ်ကိုင်သွားမှာဖြစ်ပြီး လက်ရွေးစင်အသင်းက အနားယူလိုက်ပေမယ့် ကလပ်အသင်းတွေမှာတော့ ဝင်ကစားသွားဦးမှာပါ။
သန်းသန်းထွေးဟာ အိုလံပစ် ခြေစစ်ပွဲမှာ ဒူးဒဏ်ရာရပြီးတဲ့နောက် ပြီးခဲ့နှစ် စက်တင်ဘာလကစပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းရဲ့ ကစားသမားဘဝကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။
Credit - Popular Journal
No comments:
Post a Comment