ပရီးမီးယားလိဂ်ပွဲစဉ်(၂၂)ရဲ့ တနင်္ဂနွေည အစောဆုံးပွဲစဉ်မှာတော့ ပရိသတ် စိတ်ဝင် စားမှုအမြင့်ဆုံးပွဲဖြစ်တဲ့ လီဗာပူးလ်အသင်နဲ့ မန်ယူအသင်းတို့ရဲ့ အင်္ဂလန် ဒါဘီတွေ့ဆုံ မှုမှာ မန်ယူအသင်းက အသင်းခေါင်းဆောင်တိုက်စစ်မှူးရွန်နီရဲ့စံခိျန်သစ်သွင်းဂိုးနဲ့အတူ (၀-၁)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
အိမ်ရှင်လီဗာပူးလ်အသင်းမှာ ပွဲထွက်လူစာရင်းတွင် ဖာမီနို၊ လယ်လာနာ၊ လူးကပ်စ်၊ ဟန်ဒါဆန်၊ မီလ်နာတို့ဖြင့် ကွင်းလယ်နှင့်တိုက်စစ်ပိုင်းကို ခင်းကျင်းခဲု့ပြီး၊ ဧည့်သည် မန်ယူအသင်းမှာ ရွန်နီ၊ လင်ဂတ်၊ မာရှယ်လ်၊ ဖယ်လိုင်နီ၊ ရှနိုက်ဒါလင်၊ ဟာရဲရားတို့ဖြင့် ပွဲထွက်လာခဲ့သည်။ ပထမပိုင်းပွဲချိန်အတွင်း နှစ်သင်းစလုံး ကစားကွက် တည်မရဖြစ်နေပြီးဘောလုံးမှာလည်းကွင်းလယ်တွင်အပျက်များနေသည်။ မန်ယူအသင်းမှာ ဒုတိယပိုင်းပွဲချိန်တွင် ဟာရဲရား၏နေရာတွင် ဒီပိုင်းနှင့် လင်ဂတ်နေရာ တွင် မာတာတို့ဖြင့်တိုက်စစ်ပိုင်းကိုအပြောင်းအလဲလုပ်ခဲ့သည်။
မန်ယူအသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုပွဲချိန်(၇၈)မိနစ်တွင် ထောင့် ကန်ဘောမှာ ဖယ်လိုင်နီ၏ခေါင်းတိုက်ချက် တိုင်ထိပြန်ထွက် လာခဲ့သည့် ဘောလုံးအား ရွန်နီမှာ မြေမကျကန်ချက်ဖြင့်အပြင်းကန်သွင်းယူခဲ့ခြင်းဖြစ်သည်။
လက်ကျန်ပွဲချိန်များတွင်လီဗာပူးလ်အသင်းမှာ ချေပဂိုးရရေးတိုက်စစ်မြှင့်ခဲ့သော်လည်း မန်ယူအသင်းကအနိုင်ဂိုးကိုထိန်းကာအဝေးကွင်းနိုင်ပွဲရယူပြီး လီဗာပူးလ်အသင်းကို လိဂ်ပွဲ(၄)ပွဲဆက်အနိုင်ရသည့်မှတ်တမ်းပါရရှိခဲ့သည်။
ထို့အပြင်ယခုပွဲတွင်ဂိုးသွင်းယူခဲ့သောအသင်းခေါင်းဆောင်ရွန်နီမှာလည်းကလပ်အသင်း တစ်သင်းအတွက်လိဂ်ဂိုးအများဆုံးသွင်းယူသည့်မှတ်တမ်းကိုရရှိခဲ့ပြီးအွန်နရီ၏အာဆင်နယ်အတွက် (၁၇၅)ဂိုးစံချိန်ကို (၁)ဂိုးအသာ (၁၇၆)ဂိုးဖြင့်ကျော်ဖြတ်ခဲ့သည်။
ထို့အပြင်ရွန်နီ၏မန်ယူအသင်းအတွက်စုစုပေါင်းသွင်းဂိုးမှာလည်း (၂၄၃)ဂိုးအထိ ရှိလာ ခဲ့ပြီးထိပ်ဆုံးမှဘော်ဘီချာလ်တန်၏(၂၄၉)ဂိုးစံချိန်ကိုလိုက်မီရန်(၆)ဂိုးသာလိုအပ်တော့သည်။
ယခုနိုင်ပွဲကြောင့်မန်ယူအသင်းမှာ အမှတ်ဇယားရပ်တည်မှုတွင် အဆင့်(၅)နေရာတွင် ရပ်တည်နေပြီး ထိပ်ဆုံးမှလက်စတာနှင့်(၇)မှတ်ကွာအနေအထားတွင်ရှိနေသည်။
Credit – eleven sport
Monday, January 18, 2016
ရွန်းနီရဲ့စံချိန်သစ်နဲ့အဂလန်ဒါဘီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment