Monday, January 18, 2016

ဝဲဘက်ရဲ့ခြေစွမ်းအကောင်းဆုံးပုံစံပြန်ရမည်ဟုဝင်းဂါးဆို

အာဆင်နယ်အသင်း၏နည်းပြဖြစ်သူ အာစင်ဝင်းဂါးကယခုဇန်န၀ါရီအပြောင်း အရွှေ့ ကာလတွင် အသင်းအနေဖြင့်တိုက်စစ်မှူးသစ်ခေါ်ယူရန်အစီအစဉ်မရှိပဲအသင်း ၏ တိုက်စစ်မှူးဝဲလ်ဘတ်မှာ ဒဏ်ရာမှပြန်လည်သက်သာပြီး အကောင်း ဆုံးပုံစံဖြင့်ပြန် လာလိမ့်မည်ဟုယုံကြည်ကြောင်းပြောကြားခဲ့သည်။
အသက်(၂၅)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဝဲလ်ဘတ်မှာ ၂၀၁၄ စက်တင်ဘာလက ပြောင်းရွှေ့ကြေးပေါင်(၁၆)သန်းဖြင့် မန်ယူအသင်းမှ အာဆင်နယ် အသင်းသို့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဒူးဒဏ်ရာကြောင့် ပြီးခဲ့သည့်၂၀၁၅ဧပြီလကတည်း ကအနားယူနေရသူဖြစ်ကာလာမည့်ဖေဖော်ဝါရီလတွင်ပြန်ကစားနိုင်တော့မည်ဟု သတင်းများထွက်ပေါ်နေသည်။
အာစင်ဝင်းဂါးက"ကျွန်တော်တို့အသင်းတိုက်စစ်မှူးသစ်တွေထပ်ဝယ်ဖို့အစီအစဉ်မရှိပါဘူး။ အသင်းရဲ့တိုက်စစ်မှူးဝဲလ်ဘတ်ဟာ ဒဏ်ရာကပြန်လည်သက်သာလာတော့မှာဖြစ်ပြီး သူ့အနေနဲ့ အကောင်းဆုံးပုံစံနဲ့ပြန်လာလိမ့်မယ်လို့ယုံကြည်ပါတယ်။ "ဟုပြောကြားခဲ့သည်။
ထို့အပြင် အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သူ ၀ဲလ်ကော့နှင့်ပတ်သတ်ပြီးလည်း" သူဟာ အသင်းကို အသက်(၁၆)နှစ်အရွယ်ကတည်းကရောက်ရှိနေသူဖြစ်ပြီး ထိုအချိန်ကတည်းက အင်္ဂလန်လက်ရွေးစင်အဖြစ်ရွေးချယ်ခံရသူပါ။ နောက်(၄)နှစ်ကြာရင် သူဟာ အသက်(၃၀)နဲ့ (၃၁)ကြားဖြစ်သွားပါလိမ့်မယ်။ ဒါဟာထိပ်တန်းကစားသမားတစ်ယောက်အတွက်အကောင်းဆုံးအချိန်ပါပဲ"ဟုပြောကြားခဲ့သည်။
ဝဲလ်ဘတ်သည်အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၄)ပွဲကစားပြီး (၈)ဂိုးသွင်းယူပေးထားကာ အသင်းနှင့်အတူ FA ဖလားချန်ပီယံဆုကိုပြီးခဲ့သည့်ရာသီကဆွတ်ခူးထားသည်။
အာဆင်နယ်အသင်းသည် ယခုနှစ်အပြောင်းအရွှေ့တွင်အီဂျစ်ကွင်းလယ်လူ အယ်လ်နီနီကိုခေါ်ယူထားသည်။
Credit – eleven sport


No comments:

Post a Comment