Monday, January 11, 2016

FAဖလားစတုတ္ထအဆင့်ပွဲစဉ်များရေးဆွဲ

အင်္ဂလန် FA Cup စတုတ္ထအဆင့်ပွဲစဉ်တွေကို လန်ဒန်မြို့ မှာ မဲနှိုက်ရေးဆွဲခဲ့ရာ လက်ရှိချန်ပီယံအာဆင်နယ်အသင်းက အိမ်ကွင်းမှာ အသင်းငယ် ဘန်လေနဲ့ ကစားရမှာဖြစ် ပြီး မန်ချက်စတာယူနိုက်တက်က အဝေးကွင်းမှာ ချန်ပီယံရှစ်က ဒါဘီနဲ့ ရင်ဆိုင်ရမှာဖြစ်ပါ တယ်။ မန်ချက်စတာစီးတီးက ၀ိုင်ကွန်ဘီနဲ့ အက်စတန်ဗီလာတို့ ပြန်ကန်ပွဲက အနိုင်ရတဲ့အ သင်းနဲ့ အဝေးကွင်းမှာ ဆုံတွေ့ပြီး ချယ်လ်ဆီးက နော့သမ်တန်နဲ့ MK Dons တို့ အနိုင်ရတဲ့ အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ လီဗာပူးလ်ကလည်း Exeter Cityကိုပြန်ကန်ပွဲမှာ အနိုင် ရပါက ၀က်စ်ဟမ်းနဲ့ အန်းဖီးလ်မှာ ကစားရမှာဖြစ်ပါတယ်။ FA Cup စတုတ္ထအဆင့်ပွဲစဉ်တွေ ကို လာမယ့် ဇန်န၀ါရီ ၂၉ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁ရက်နေ့အထိကျင်းပမှာဖြစ်ပါတယ်။
Credit – BBC Burmise

No comments:

Post a Comment