Sunday, January 24, 2016

ဝီရှိုင်းယားကိုစာချုပ်သက်တမ်းတိုးဖို့ရှိနေတဲ့အာဆင်နယ်

အာဆင်နယ်အသင်းဟာဒဏ်ရာတွေအဆက်အပြတ်ရရှိနေတဲ့အသင်းရဲ့ကွင်းလယ်လူဂျက်ဝီရှိုင်းယားကိုအမ်းမရိတ်ကွင်းမှာဆက်ရှိစေဖို့အလိုရှိနေတဲ့အတွက် စာချုပ်သစ်ထပ်မံကမ်းလှမ်းတော့မယ်လို့သိ၇ပါတယ်။ Footbll Insider ရဲ့ဖော်ပြချက်အ၇ အသက်၂၄နှစ်အရွယ်ကွင်းလယ်လူကိုအာဆင်နယ်အသင်းဟာ ၂၀၂၁ခုနှစ်ထိဆက်ရှိစေမယ့်စာချုပ်သစ်ကိုကမ်းလှမ်းမှာဖြစ်ပြီး ၀ီရှိုင်းယားရဲ့လစာဟာဆိုရင် ယခုရရှိနေတဲ့တစ်ပတ်ပေါင်၉၀၀၀၀ ကနေ ပေါင် ၁၁၀၀၀၀ ကိုခံစားရရှိမှာဖြစ်ပါတယ်။ အဆိုပါအင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဒဏ်ရာပြသနာတွေအမြဲလိုလိုကြုံတွေ့နေရတာကြောင့် ပြီးခဲ့တဲ့၂၀၁၄မတ်လကတည်းကယခုအချိန်အထိအာဆင်နယ်အသင်းအတွက် ၁၀ပွဲသာပါဝင်ကစားနိုင်ခဲ့ပေမယ့် နည်းပြအာဆင်ဝင်းဂါးကတော့ ၀ီရှိုင်းယားဟာအသင်းအတွက်အလွန်အပေါတဲ့သူလို့သတ်မှတ်ထားတာကြောင့် ယခုလိုစာချုပ်သက်တမ်တိုးမြှင့်ဖို့စီစဉ်နေတာဖြစ်ပါတယ်။ ၀ီရှိုင်းယားဟာဒီနှစ်ဘောလုံးရာသီမှာလည်းဒဏ်၇ာကြောင့်ပွဲစဉ်အများစုကိုလွဲချော်နေခဲ့ပြီး လာမည့်ဖေဖော်ဝါရီလကုန်လောက်မှာအာဆင်နယ်အတွက်ပြန်ကစားပေးနိုင်မယ်လို့ခန့်မှန်းထားကြပါတယ်။
Credit – sport


No comments:

Post a Comment