Monday, January 18, 2016

အဲရစ်ဆင်ကိုချီးကျူးတဲ့စပါးနည်းပြ

တာ့တင်ဟမ်ဟော့စပါးအသင်းနည်းပြမာရီစီယိုပိုချက်တီနိုဟာအသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်သူခရစ်ရှန်အဲ၇စ်ဆင်ရဲ့မနေ့ညကဆန်းဒါးလန်းအသင်းကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာပြသခဲ့တဲ့ခြေစွမ်းအတွက်အလွန်ကျေနပ်မိပါတယ်လို့ပြောသွားပါတယ်။ အဲရစ်ဆင်ဟာဆန်ဒါးလန်းအသင်းကိုလေးဂိုးတစ်ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာခြေစွမ်းပြဂိုးသွင်းယူခဲ့ပါတယ်။ ပိုချက်တီနိုက"၁ဂိုးအရှုံးကနေချေပဂိုးကိုလျင်လျင်မြန်မြန်ပြန်သွင်းနိုင်ခဲ့တာဟာနိုင်ပွဲအတွက်အလွန်အရေးပါခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ကျွန်တော်တို့အသင်းစုစည်းမှုအား ပြန်ကောင်းလာပြီး လိုချင်တဲ့ရလဒ်ကိုပုံဖော်နိုင်ခဲ့ပါတယ်။ အဲရစ်ဆင်ကောအခြားကစားသမားတွေကောအခွင့်အရေးတွေရရှိခဲ့ပေမယ့်ဆန်းဒါး လန်း ဂိုးသမားကတော့အကောင်းဆုံးလက်စွမ်းပြသွားခဲ့ပါတယ်။ တစ်ခါတစ်ရံဂိုးရဖို့ဆိုတာကံကောင်းဖို့အနည်းငယ်လိုအပ်ပြီးအဲရစ်ဆင်ရောကျန်အသင်းသားတွေပါအကောင်းဆုံးကစားပေးသွားခဲ့လို့သူတို့ခြေစွမ်းကိုကျေနပ်မိပါတယ်။"လို့ ပြောသွားပါတယ်။
Credit –sport


No comments:

Post a Comment