ဒတ်ခ်ျလူမျိုးနည်းပြ ဗန်ဟားလ်ကို မန်ယူနည်းပြရာထူးမှ ထုတ်ပယ်ရန် တောင်းဆိုမှုတွင် ဆန္ဒမဲပေးသူ (၃)ထောင်ကျော်ရှိလာကြောင်း သိရသည်။
အဆိုပါ တောင်းဆိုမှုကို Manchester United Army က စတင်ခဲ့ခြင်းဖြစ်ပြီး မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုသို့ လိပ်မူကာ ဗန်ဟားလ်ကို ထုတ်ပယ်သင့်သော အကြောင်းအရင်း (၆)ခုကို အိတ်ဖွင့်ပေးစာ ရေးသားခဲ့သည်။
ယင်းစာကို Change.org တွင် တင်ရှိထားပြီး မဲဆန္ဒတောင်းခံခဲ့ရာ ယခုအခါ ပါဝင်မဲဆန္ဒပြုသူ (၃)ထောင်ကျော် ရှိလာခဲ့ခြင်းဖြစ်သည်။
မန်ယူနည်းပြ ဗန်ဟားလ်သည် အိုးလ်ထရက်ဖို့ဒ်၌ ဆောက်သမ်တန် အသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းပရိသတ်များ၏ဆန့်ကျင်မှုနှင့် ရင်ဆိုင်နေရသည်။
မဲဆန္ဒကောက်ခံသည့်နေရာ
http://chn.ge/1PyoZqH
(လက်ရှိတွင်(၉၀၀၀)ကျော်ထောက်ခံထားရှိသည်။)
Credit – Eleven Sports
No comments:
Post a Comment